အန်ဖီးကွင်းမှာ လီဗာပူးအသင်းက အက်သလက်တီကို မက်ဒရစ်ကို အရေးနိမ့်ပြီး ရက်ပိုင်း အကြာမှာပဲ အင်္ဂလန်ပြည်တွင်း ဘောလုံးပွဲတွေ ရပ်နားခဲ့ရပါတယ်။

မတ်လကတည်းက ရပ်နားထားရတဲ့ ဘောလုံးပွဲနဲ့ လေ့ကျင့်ရေးတွေအတွက် သတင်းကောင်းက ဒီလ အစောပိုင်းတည်းက မဲဝုဒ်မှာ လေ့ကျင့်ရေးတွေ ပြန်လည် စတင်လာတာပါ။ တစ်ဦးချင်း လေ့ကျင့်ရေး၊ အဖွဲ့ငယ်လိုက် လေ့ကျင့်ရေးတွေကနေ ဒီအပတ်မှာတော့ ထိတွေ့မှုရှိတဲ့ အသင်းလိုက် လေ့ကျင့်ရေးတွေ အပြည့်အစုံ ပြန်လည် စတင်မှာဖြစ်တယ်။

အမှတ်ပေးပွဲ ၂၉ ပွဲ ကစားအပြီး နိုင်ပွဲ ၂၇ ပွဲ ရယူထားတဲ့ လီဗာပူးအတွက် စိတ်ပျက်ဖို့ကောင်းတဲ့ ကာလတွေကို သင်ပုန်းချေဖို့အတွက် အကောင်းဆုံး ကိစ္စကတော့ ပြန်လည် စတင်မယ့် ပရီးမီးယားလိဂ်ပွဟာ ၂၃၆ ကြိမ်မြောက် မာဆေးဆိုဒ်ဒါဘီပွဲလည်း ဖြစ်လာပါတယ်။ ဒီပွဲမတိုင်ခင် မန်စီးတီးနဲ့ အာဆင်နယ်ပွဲလည်း ရှိနေတာကြောင့် ပြိုင်ဘက် ခြေချော်ခဲ့ရင် ဒါဘီပွဲဟာ လီဗာပူးအတွက် ချန်ပီယံဖြစ်နိုင်တဲ့ ပွဲတောင်မှ ဖြစ်သွားနိုင်ပါတယ်။

မာဆေးဆိုဒ် ဒါဘီပွဲအတွက် ကစားမယ့်ရက်နဲ့ အချိန်ကို အတိအကျ ထုတ်ပြန်ပေးလာခြင်း မရှိပေမယ့်လည်း လီဗာပူးအသင်းကတော့ အဆိုပါပွဲအတွက် အကောင်းဆုံး ပြင်ဆင်နေပြီ ဖြစ်သလို ဒဏ်ရာတွေကြောင့် နားနေရတဲ့ ဂိုးသမား အယ်လီဆန် ပြန်ပါလာဖို့ ရှိနေပါတယ်။

တင်ပါး ဒဏ်ရာကြောင့် ချယ်ဆီးနဲ့ အက်သလက်တီကိုတို့ကို အရေးနိမ့်တဲ့ပွဲတွေမှာ မပါခဲ့တဲ့ ဘရာဇီးဂိုးနည်းတူ ကြံ့ခိုင်မှုပိုင်း အနည်းငယ် ရုန်းကန်နေရတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်လည်း ပြန်သက်သာလာနေပြီဖြစ်တယ်။ ရှာကွီရီနဲ့ ကလိုင်းတို့ ကြံ့ခိုင်မှု ရာနှုန်းပြည့် မဖြစ်သေးတာကလွဲလို့ ထူးထူးခြားခြား ဒဏ်ရာစာရင်းမရှိဘူးလို့ သိရတယ်။

မာဆေးဆိုဒ် ဒါဘီပွဲအတွက် လီဗာပူးထုတ်မယ့် လူစာရင်းကို မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက အခုလို ဖော်ပြလာခဲ့ပါတယ်။

Predicted Liverpool XI: Alisson ; Alexander-Arnold, Gomez, Van Dijk, Robertson ; Wijnaldum, Henderson, Oxlade-Chamberlain ; Salah, Firmino, Mane

Bench: Adrian, Matip, Milner, Fabinho, Lallana, Origi, Minamino

ZAWGYI

အန္ဖီးကြင္းမွာ လီဗာပူးအသင္းက အက္သလက္တီကို မက္ဒရစ္ကို အေရးနိမ့္ျပီး ရက္ပိုင္း အၾကာမွာပဲ အဂၤလန္ျပည္တြင္း ေဘာလံုးပြဲေတြ ရပ္နားခဲ့ရပါတယ္။

မတ္လကတည္းက ရပ္နားထားရတဲ့ ေဘာလံုးပြဲနဲ႔ ေလ့က်င့္ေရးေတြအတြက္ သတင္းေကာင္းက ဒီလ အေစာပိုင္းတည္းက မဲဝုဒ္မွာ ေလ့က်င့္ေရးေတြ ျပန္လည္ စတင္လာတာပါ။ တစ္ဦးခ်င္း ေလ့က်င့္ေရး၊ အဖြဲ႔ငယ္လိုက္ ေလ့က်င့္ေရးေတြကေန ဒီအပတ္မွာေတာ့ ထိေတြ႔မႈရွိတဲ့ အသင္းလိုက္ ေလ့က်င့္ေရးေတြ အျပည့္အစံု ျပန္လည္ စတင္မွာျဖစ္တယ္။

အမွတ္ေပးပြဲ ၂၉ ပြဲ ကစားအျပီး ႏုိင္ပြဲ ၂၇ ပြဲ ရယူထားတဲ့ လီဗာပူးအတြက္ စိတ္ပ်က္ဖို႔ေကာင္းတဲ့ ကာလေတြကို သင္ပုန္းေခ်ဖို႔အတြက္ အေကာင္းဆံုး ကိစၥကေတာ့ ျပန္လည္ စတင္မယ့္ ပရီးမီးယားလိဂ္ပြဟာ ၂၃၆ ၾကိမ္ေျမာက္ မာေဆးဆိုဒ္ဒါဘီပြဲလည္း ျဖစ္လာပါတယ္။ ဒီပြဲမတိုင္ခင္ မန္စီးတီးနဲ႔ အာဆင္နယ္ပြဲလည္း ရွိေနတာေၾကာင့္ ျပိဳင္ဘက္ ေျခေခ်ာ္ခဲ့ရင္ ဒါဘီပြဲဟာ လီဗာပူးအတြက္ ခ်န္ပီယံျဖစ္ႏုိင္တဲ့ ပြဲေတာင္မွ ျဖစ္သြားႏုိင္ပါတယ္။

မာေဆးဆိုဒ္ ဒါဘီပြဲအတြက္ ကစားမယ့္ရက္နဲ႔ အခ်ိန္ကို အတိအက် ထုတ္ျပန္ေပးလာျခင္း မရွိေပမယ့္လည္း လီဗာပူးအသင္းကေတာ့ အဆိုပါပြဲအတြက္ အေကာင္းဆံုး ျပင္ဆင္ေနျပီ ျဖစ္သလို ဒဏ္ရာေတြေၾကာင့္ နားေနရတဲ့ ဂိုးသမား အယ္လီဆန္ ျပန္ပါလာဖို႔ ရွိေနပါတယ္။

တင္ပါး ဒဏ္ရာေၾကာင့္ ခ်ယ္ဆီးနဲ႔ အက္သလက္တီကိုတို႔ကို အေရးနိမ့္တဲ့ပြဲေတြမွာ မပါခဲ့တဲ့ ဘရာဇီးဂိုးနည္းတူ ၾကံ႕ခိုင္မႈပိုင္း အနည္းငယ္ ရုန္းကန္ေနရတဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္လည္း ျပန္သက္သာလာေနျပီျဖစ္တယ္။ ရွာကီြရီနဲ႔ ကလိုင္းတို႔ ၾကံ႔ခိုင္မႈ ရာႏႈန္းျပည့္ မျဖစ္ေသးတာကလြဲလို႔ ထူးထူးျခားျခား ဒဏ္ရာစာရင္းမရွိဘူးလို႔ သိရတယ္။

မာေဆးဆိုဒ္ ဒါဘီပြဲအတြက္ လီဗာပူးထုတ္မယ့္ လူစာရင္းကို မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက အခုလို ေဖာ္ျပလာခဲ့ပါတယ္။

Predicted Liverpool XI: Alisson ; Alexander-Arnold, Gomez, Van Dijk, Robertson ; Wijnaldum, Henderson, Oxlade-Chamberlain ; Salah, Firmino, Mane

Bench: Adrian, Matip, Milner, Fabinho, Lallana, Origi, Minamino