ဒီကနေ့ဟာ မက်ဒရစ်မြေမှာ လီဗာပူးအသင်း ၆ ကြိမ်မြောက် ချန်ပီယံလိဂ်လားကို အောင်မြင်ခဲ့ခြင်း ၁ နှစ်ပြည့်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၂ လတုန်းက ဒီလိုရက်မှာ ကလော့ပ်ဟာ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကို ကတိတစ်ခုပေးခဲ့ပြီး ဒီရာသီလည်း လီဗာပူးဟာ မန်စီးတီးကို ဖိအားပေးဖို့နဲ့ ပိုကောင်းအောင် ကြိုးစားကြမယ်ဆိုတဲ့ ကတိပဲဖြစ်တယ်။ ကလော့ပ်ဟာ သူပေးတဲ့ ကတိကို တည်ကြောင်းကို ဒီရာသီ အမှတ်ပေးဇယားအား ၂၅ မှတ် ဖြတ်ထားမှုနဲ့အတူ သက်သေပြထားပြီ ဖြစ်ပါတယ်။

မက်ဒရစ်မှာတုန်းက ကလော့ပ်က ပြောခဲ့တာက “ ခုနတုန်းကပဲ ဂွာဒီယိုလာနဲ့ ဖုန်းပြောခဲ့ပါတယ်။ ကျနေ်ာတို့ အချင်းချင်း လာမယ့် ရာသီမှာလည်း တွန်းအားပေးကြမယ်လို့ ကတိပြုခဲ့ကြတယ်။ နောက်ရာသီမှာလည်း အစွမ်းကုန် ကြိုးစားကြမှာဖြစ်ပြီး ဘာတွေရလာမလဲ ကြည့်ရပါမယ်။

ချန်ပီယံလိဂ်ဖလားကို အနိုင်ရတာက မယုံနိုင်လောက်တဲ့ ခရီးလမ်းကို သွားရမှုဖြစ်ခဲ့တယ်။ အဲ့တာက မယုံနိုင်လောက်အောင်ပါပဲ။ အခုချိန်မှာတော့ ကျနေ်ာတို့ တစ်ခုခုကို အနိုင်ရထားပါပြီ ဆက်သွားပါမယ်။ ဆုဖလားတွေကို ဆက်ပြီး အနိုင်ရလိုတယ်။ ကျနော် အရမ်းပျော်ပါတယ် ” လို့ ဆိုခဲ့တာပါ။

ဒီကာလတွေမှာ လီဗာပူးဟာ ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာ ကမ္ဘာဖလားတို့ကို အနိုင်ရခဲ့တယ်။ မန်စီးတီးကလည်း ကွန်မြူနတီဒိုင်းနဲ့ ကာရာဘောင်းဖလားတို့ကို အအနိုင်ရခဲ့ပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ဦးတည်နေမှုမှာ မန်စီးတီးကတော့ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်တွေကို ဦးတည်သွားတော့မှာဖြစ်တယ်။

လွန်ခဲ့တဲ့ တစ်နှစ်က ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာတို့က ကတိစကားတစ်ခုကို ပေးခဲ့ကြပြီး တည်နိုင်ဖို့လည်း ကြိုးစားနိုင်ခဲ့တယ်။ လာမယ့် ရာသီမှာတော့ အင်္ဂလန်လိဂ်ကို ဒီနှစ်သင်းပဲ လွှမ်းမိုးဦးမလားက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ဟာ မက္ဒရစ္ေျမမွာ လီဗာပူးအသင္း ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္လားကို ေအာင္ျမင္ခဲ့ျခင္း ၁ ႏွစ္ျပည့္တဲ့ ေန႔တစ္ေန႔ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၁၂ လတုန္းက ဒီလိုရက္မွာ ကေလာ့ပ္ဟာ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကို ကတိတစ္ခုေပးခဲ့ျပီး ဒီရာသီလည္း လီဗာပူးဟာ မန္စီးတီးကို ဖိအားေပးဖို႔နဲ႔ ပိုေကာင္းေအာင္ ၾကိဳးစားၾကမယ္ဆိုတဲ့ ကတိပဲျဖစ္တယ္။ ကေလာ့ပ္ဟာ သူေပးတဲ့ ကတိကို တည္ေၾကာင္းကို ဒီရာသီ အမွတ္ေပးဇယားအား ၂၅ မွတ္ ျဖတ္ထားမႈနဲ႔အတူ သက္ေသျပထားျပီ ျဖစ္ပါတယ္။

မက္ဒရစ္မွာတုန္းက ကေလာ့ပ္က ေျပာခဲ့တာက “ ခုနတုန္းကပဲ ဂြာဒီယိုလာနဲ႔ ဖုန္းေျပာခဲ့ပါတယ္။ က်ေန္ာတို႔ အခ်င္းခ်င္း လာမယ့္ ရာသီမွာလည္း တြန္းအားေပးၾကမယ္လို႔ ကတိျပဳခဲ့ၾကတယ္။ ေနာက္ရာသီမွာလည္း အစြမ္းကုန္ ၾကိဳးစားၾကမွာျဖစ္ျပီး ဘာေတြရလာမလဲ ၾကည့္ရပါမယ္။

ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရတာက မယံုႏုိင္ေလာက္တဲ့ ခရီးလမ္းကို သြားရမႈျဖစ္ခဲ့တယ္။ အဲ့တာက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ အခုခ်ိန္မွာေတာ့ က်ေန္ာတို႔ တစ္ခုခုကို အႏုိင္ရထားပါျပီ ဆက္သြားပါမယ္။ ဆုဖလားေတြကို ဆက္ျပီး အႏုိင္ရလိုတယ္။ က်ေနာ္ အရမ္းေပ်ာ္ပါတယ္ ” လို႔ ဆိုခဲ့တာပါ။

ဒီကာလေတြမွာ လီဗာပူးဟာ ယူအီးအက္ဖ္ေအ စူပါဖလား၊ ဖီဖာ ကမၻာဖလားတို႔ကို အႏုိင္ရခဲ့တယ္။ မန္စီးတီးကလည္း ကြန္ျမဴနတီဒိုင္းနဲ႔ ကာရာေဘာင္းဖလားတို႔ကို အအႏုိင္ရခဲ့ပါတယ္။ လီဗာပူးက ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ ဦးတည္ေနမႈမွာ မန္စီးတီးကေတာ့ အက္ဖ္ေအနဲ႔ ခ်န္ပီယံလိဂ္ေတြကို ဦးတည္သြားေတာ့မွာျဖစ္တယ္။

လြန္ခဲ့တဲ့ တစ္ႏွစ္က ယာဂင္ကေလာ့ပ္နဲ႔ ဂြာဒီယိုလာတို႔က ကတိစကားတစ္ခုကို ေပးခဲ့ၾကျပီး တည္ႏုိင္ဖို႔လည္း ၾကိဳးစားႏုိင္ခဲ့တယ္။ လာမယ့္ ရာသီမွာေတာ့ အဂၤလန္လိဂ္ကို ဒီႏွစ္သင္းပဲ လႊမ္းမိုးဦးမလားက ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။