လီဗာပူးအသင်းရဲ့ ဘယ်စွန် ခံစစ်မှူး အန်ဒီရော်ဘတ်ဆန်က မာဆေးဆိုဒ်ကလပ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ နည်းပြ ပိုင်ဆိုင်ထားကြောင်း ဖွင့်ဟလိုက်ပြီး ဗန်ဒိုက်နဲ့ ကလော့ပ် အကြောင်း သုံးသပ်ကာ ချီးကျူး ပြောဆိုခဲ့ပါတယ်။

လီဗာပူး ခံစစ်ကြောင်းမှာတော့ ရော်ဘတ်ဆန်က ဗန်ဒိုက်နဲ့ အတူ ပင်တိုင်လိုလို ပါဝင်ပွဲထွက်ခွင့် ရသူ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ၂၅ မှတ်ထိ ဖြတ်ထားနိုင်တဲ့ လီဗာပူးအသင်း လူစာရင်းက အဓိက ကစားသမားတွေ ဖြစ်ကြပါတယ်။ ရော်ဘတ်ဆန်ကတော့ ဗန်ဒိုက်ကို လီဗာပူး ပေါင် ၇၅ သန်း ပေးဝယ်ခဲ့ရပေမယ့် တစ်ကျပ် တစ်ပြားက အစ ပေးခဲ့တာ ထိုက်တန်ကြောင်း ထောက်ခံလိုက်ပါတယ်။

” ဗာဂျေး (ဗန်ဒိုက်) က ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး ဖြစ်တယ်။ သူ့ ဘယ်ဘယ်မှာ နေရာယူ ကစားခွင့် ရတာအတွက် ကျနော့် အတော် သဘောကျမိတယ်။ ကွင်းထဲမှာရော ကွင်းပြင်မှာပါ ကျနေ်ာတို့က အတွဲအဖက်ကောင်းတွေ ဖြစ်တယ်။ အချင်းချင်း ကူညီတယ် ကွင်းထဲမှာတော့ ကစားရင်း ပိုကူဖြစ်တာပေါ့။ ” လို့ စကော့တလန်သားက ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် ဒီတလော နှစ်တွေ အတွင်း လီဗာပူး တဟုန်ထိုး တိုးတက်လာမှုမှာ အသင်းမန်နေဂျာ ကလော့ပ်က ဖခင်တစ်ဦးလို အုပ်ထိန်း သင်ပြခဲ့တာတွေက အဓိက ဖြစ်ခဲ့ကြောင်းလည်း ရော်ဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

” မန်နေဂျာ အနေနဲ့ လောလောဆယ် ကမ္ဘာ့အကောင်းဆုံး လို့ ကျနော် တွေးထားတာက ကလော့ပ်ပါ။ ကျနော့် ကစားသမား တလျောက် ကိုယ့် ကိုယ်ကို အမြဲ သံသယ ရှိခဲ့တယ်။ ငါ လုပ်နိုင်ပါ့မလားပေါ့။ ဒါပေမယ့် သူက ကျနော့် အကောင်းဆုံး အရည်အချင်းတွေကို ဆွဲထုတ်ပြီး ဂုဏ်ယူရလောက်တဲ့ စွမ်းဆောင်မှုမျိုး ပြသနိုင်အောင် လုပ်ပေးခဲ့တယ်။

သူက တကယ့် လူကောင်း မန်နေဂျာကောင်း ဖြစ်တယ်။ ကျနော့် အမြင်တော့ သူနဲ့ ပတ်သတ်ပြီး မကောင်းတာကို မရှိဘူး။ သူက စကော့သားတွေကိုလည်း ခင်မင်သဘောကျတယ်။ သူက ကင်နီဒဲလစ်ချ်နဲ့လည်း သိပ်တည့်တာ။ ” လို့ ရော်ဘတ်ဆန်က ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ ဘယ္စြန္ ခံစစ္မွဴး အန္ဒီေရာ္ဘတ္ဆန္က မာေဆးဆိုဒ္ကလပ္အသင္းဟာ ကမၻာ့အေကာင္းဆံုး ကစားသမားနဲ႕ နည္းျပ ပိုင္ဆိုင္ထားေၾကာင္း ဖြင့္ဟလိုက္ျပီး ဗန္ဒိုက္နဲ႕ ကေလာ့ပ္ အေၾကာင္း သံုးသပ္ကာ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

လီဗာပူး ခံစစ္ေၾကာင္းမွာေတာ့ ေရာ္ဘတ္ဆန္က ဗန္ဒိုက္နဲ႕ အတူ ပင္တိုင္လိုလို ပါ၀င္ပြဲထြက္ခြင့္ ရသူ ျဖစ္ျပီး ဒီရာသီ ပရီးမီးယားလိဂ္ ဇယားထိပ္မွာ ၂၅ မွတ္ထိ ျဖတ္ထားနိုင္တဲ့ လီဗာပူးအသင္း လူစာရင္းက အဓိက ကစားသမားေတြ ျဖစ္ၾကပါတယ္။ ေရာ္ဘတ္ဆန္ကေတာ့ ဗန္ဒိုက္ကို လီဗာပူး ေပါင္ ၇၅ သန္း ေပး၀ယ္ခ့ဲရေပမယ့္ တစ္က်ပ္ တစ္ျပားက အစ ေပးခဲ့တာ ထိုက္တန္ေၾကာင္း ေထာက္ခံလိုက္ပါတယ္။

” ဗာေဂ်း (ဗန္ဒိုက္) က ကမၻာ့အေကာင္းဆံုး ခံစစ္မွဴး ျဖစ္တယ္။ သူ႔ ဘယ္ဘယ္မွာ ေနရာယူ ကစားခြင့္ ရတာအတြက္ က်ေနာ့္ အေတာ္ သေဘာက်မိတယ္။ ကြင္းထဲမွာေရာ ကြင္းျပင္မွာပါ က်ေန္ာတို႔က အတြဲအဖက္ေကာင္းေတြ ျဖစ္တယ္။ အခ်င္းခ်င္း ကူညီတယ္ ကြင္းထဲမွာေတာ့ ကစားရင္း ပိုကူျဖစ္တာေပါ့။ ” လို႔ စေကာ့တလန္သားက ဖြင့္ဟခဲ့ပါတယ္။

ဒါ့အျပင္ ဒီတေလာ နွစ္ေတြ အတြင္း လီဗာပူး တဟုန္ထိုး တိုးတက္လာမႈမွာ အသင္းမန္ေနဂ်ာ ကေလာ့ပ္က ဖခင္တစ္ဦးလို အုပ္ထိန္း သင္ျပခဲ့တာေတြက အဓိက ျဖစ္ခဲ့ေၾကာင္းလည္း ေရာ္ဘတ္ဆန္က ေျပာၾကားခဲ့ပါတယ္။

” မန္ေနဂ်ာ အေနနဲ႕ ေလာေလာဆယ္ ကမၻာ့အေကာင္းဆံုး လို႔ က်ေနာ္ ေတြးထားတာက ကေလာ့ပ္ပါ။ က်ေနာ့္ ကစားသမား တေလ်ာက္ ကုိယ့္ ကိုယ္ကို အျမဲ သံသယ ရွိခဲ့တယ္။ ငါ လုပ္နုိင္ပါ့မလားေပါ့။ ဒါေပမယ့္ သူက က်ေနာ့္ အေကာင္းဆံုး အရည္အခ်င္းေတြကို ဆြဲထုတ္ျပီး ဂုဏ္ယူရေလာက္တဲ့ စြမ္းေဆာင္မႈမ်ိဳး ျပသနိုင္ေအာင္ လုပ္ေပးခဲ့တယ္။

သူက တကယ့္ လူေကာင္း မန္ေနဂ်ာေကာင္း ျဖစ္တယ္။ က်ေနာ့္ အျမင္ေတာ့ သူနဲ႕ ပတ္သတ္ျပီး မေကာင္းတာကို မရွိဘူး။ သူက စေကာ့သားေတြကိုလည္း ခင္မင္သေဘာက်တယ္။ သူက ကင္နီဒဲလစ္ခ်္နဲ႕လည္း သိပ္တည့္တာ။ ” လို႔ ေရာ္ဘတ္ဆန္က ေျပာဆိုခဲ့ပါတယ္။