ဒီကနေ့ဟာ မက်ဒရစ်မြေမှာ လီဗာပူးအသင်း ၆ ကြိမ်မြောက် ချန်ပီယံလိဂ်လားကို အောင်မြင်ခဲ့ခြင်း ၁ နှစ်ပြည့်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

မာဆေးဆိုဒ် ဒါဘီပွဲအတွက် ကစားမယ့်ရက်နဲ့ အချိန်ကို အတိအကျ ထုတ်ပြန်ပေးလာခြင်း မရှိပေမယ့်လည်း လီဗာပူးအသင်းကတော့ အဆိုပါပွဲအတွက် အကောင်းဆုံး ပြင်ဆင်နေပြီ ဖြစ်သလို ဒဏ်ရာတွေကြောင့် နားနေရတဲ့ ဂိုးသမား အယ်လီဆန် ပြန်ပါလာဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းမှာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ရှာကွီရီနဲ့ ကလိုင်းတို့ ကြံ့ခိုင်မှု ရာနှုန်းပြည့် မဖြစ်သေးတာကလွဲလို့ ကျန် အသင်းသားတွေထံမှာ ထူးထူးခြားခြား ဒဏ်ရာရနေခြင်း မရှိဘူးလို့ သိရတယ်။

မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဒီနွေမှာ ခံစစ်မှူး လိုဗရန်အပြင် ကြယ်ပွင့် လူငယ်တွေကို လက်လွတ်သွားမှာ မဟုတ်ဘဲ ဆက်လက် ထိန်းသိမ်းသွားမယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က The Athletic ကနေ အတည်ပြုလိုက်ပါတယ်။

လီဗာပူး ညာအစွန်လူ ထရန့် အလက်စန္ဒား-အာနိုးက ပရီးမီးယားလိဂ် ပြန်စစချင်းမှာပဲ မာဆေးဆိုဒ် ဒါဘီလို ပွဲကြီးပွဲကောင်း ကစားရမှာ ဖြစ်ပေမယ့် အဆင်သင့် ဖြစ်နေစေရမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

ဖီအိုရင်တီးနား တောင်ပံသမား ခရစ်စတန် ကိုဖီက ၂၀၁၈ ခုနှစ် နွေတုန်းက မိုနာကိုကနေ ခေါ်ထုတ်ဖို့ လီဗာပူးအသင်းထံက ကမ်းလှမ်းမှု ရခဲ့ပေမယ့် ကစားသမားဘဝ တိုးတက်မှုမှာ ပုံမှန်ပွဲကစားခွင် လိုချင်တာကြောင့် လီဗာပူးကို ငြင်းဆန်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၂ လတုန်းက မန်နေဂျာကလော့ပ်ဟာ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကို ဒီရာသီမှာ လီဗာပူးဟာ မန်စီးတီးကို ဖိအားပေးဖို့နဲ့ နှစ်သင်းလုံး ပိုကောင်းအောင် ကြိုးစားကြမယ်ဆိုတဲ့ ကတိပေးခဲ့ပြီး လက်ရှိ အနေအထားအရ ကလော့ပ်ဟာ သူပေးတဲ့ကတိကို တည်ခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်း ၂၀ နဲ့ လိဂ်တာဝန်ရှိသူတွေ ညိနှိုင်းနေတဲ့ ကိစ္စ တစ်ခုကတော့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်မစခင် ကလပ်အသင်းတွေကြား ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားဖို့ပဲဖြစ်တယ်။ ဒါဟာ ပွဲတွေပြန်စတင်လို့ ပြင်းထန်တဲ့ ပွဲတွေ မကစားခင် ကြံ့ခိုင်မှု စစ်ဆေးတဲ့ပွဲ ဖြစ်မယ်လို့ ဘရိုက်တန်ဘက်က တင်ပြထားတယ်။ ဒီကိစ္စကို ကလပ် ၂၀ လုံးက သဘောတူထားခြင်းတော့ မရှိသေးပါဘူး။

လိုက်ဇစ်မန်နေဂျာ နေဂဲလ်စမန်းကတော့ တီမိုဝါနာက ထွက်သွားချင်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သူ့မှာ တားဆီးပိုင်ခွင့် မရှိပါကြောင်း လီဗာပူး အခြေစိုက် သတင်းဌာနကို ဖြေဆိုပေးခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ဘယ်စွန် ခံစစ်မှူး အန်ဒီရော်ဘတ်ဆန်က မာဆေးဆိုဒ်ကလပ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ နည်းပြ ပိုင်ဆိုင်ထားကြောင်း ဖွင့်ဟလိုက်ပြီး ဗန်ဒိုက်နဲ့ ကလော့ပ် အကြောင်း သုံးသပ်ကာ ချီးကျူး ပြောဆိုခဲ့ပါတယ်။

ZAWGYI

ဒီကေန႔ဟာ မက္ဒရစ္ေျမမွာ လီဗာပူးအသင္း ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္လားကို ေအာင္ျမင္ခဲ့ျခင္း ၁ ႏွစ္ျပည့္တဲ့ ေန႔တစ္ေန႔ျဖစ္ပါတယ္။

မာေဆးဆိုဒ္ ဒါဘီပြဲအတြက္ ကစားမယ့္ရက္နဲ႔ အခ်ိန္ကို အတိအက် ထုတ္ျပန္ေပးလာျခင္း မရွိေပမယ့္လည္း လီဗာပူးအသင္းကေတာ့ အဆိုပါပြဲအတြက္ အေကာင္းဆံုး ျပင္ဆင္ေနျပီ ျဖစ္သလို ဒဏ္ရာေတြေၾကာင့္ နားေနရတဲ့ ဂိုးသမား အယ္လီဆန္ ျပန္ပါလာဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းမွာ ဒဏ္ရာကေန ျပန္သက္သာလာတဲ့ ရွာကီြရီနဲ႔ ကလိုင္းတို႔ ၾကံ႔ခိုင္မႈ ရာႏႈန္းျပည့္ မျဖစ္ေသးတာကလြဲလို႔ က်န္ အသင္းသားေတြထံမွာ ထူးထူးျခားျခား ဒဏ္ရာရေနျခင္း မရွိဘူးလို႔ သိရတယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဒီေႏြမွာ ခံစစ္မွဴး လိုဗရန္အျပင္ ၾကယ္ပြင့္ လူငယ္ေတြကို လက္လြတ္သြားမွာ မဟုတ္ဘဲ ဆက္လက္ ထိန္းသိမ္းသြားမယ္လို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က The Athletic ကေန အတည္ျပဳလိုက္ပါတယ္။

လီဗာပူး ညာအစြန္လူ ထရန္႔ အလက္စႏၵား-အာႏိုးက ပရီးမီးယားလိဂ္ ျပန္စစခ်င္းမွာပဲ မာေဆးဆိုဒ္ ဒါဘီလို ပြဲၾကီးပြဲေကာင္း ကစားရမွာ ျဖစ္ေပမယ့္ အဆင္သင့္ ျဖစ္ေနေစရမယ္လို႔ ေၾကြးေၾကာ္လုိက္ပါတယ္။

ဖီအိုရင္တီးနား ေတာင္ပံသမား ခရစ္စတန္ ကိုဖီက ၂၀၁၈ ခုႏွစ္ ေႏြတုန္းက မိုနာကိုကေန ေခၚထုတ္ဖို႔ လီဗာပူးအသင္းထံက ကမ္းလွမ္းမႈ ရခဲ့ေပမယ့္ ကစားသမားဘဝ တိုးတက္မႈမွာ ပံုမွန္ပြဲကစားခြင္ လိုခ်င္တာေၾကာင့္ လီဗာပူးကို ျငင္းဆန္ခဲ့တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၁၂ လတုန္းက မန္ေနဂ်ာကေလာ့ပ္ဟာ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကို ဒီရာသီမွာ လီဗာပူးဟာ မန္စီးတီးကို ဖိအားေပးဖို႔နဲ႔ ႏွစ္သင္းလံုး ပိုေကာင္းေအာင္ ၾကိဳးစားၾကမယ္ဆိုတဲ့ ကတိေပးခဲ့ျပီး လက္ရွိ အေနအထားအရ ကေလာ့ပ္ဟာ သူေပးတဲ့ကတိကို တည္ခဲ့ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အသင္း ၂၀ နဲ႔ လိဂ္တာဝန္ရွိသူေတြ ညိႏိႈင္းေနတဲ့ ကိစၥ တစ္ခုကေတာ့ ပရီးမီးယားလိဂ္ပြဲေတြ ျပန္မစခင္ ကလပ္အသင္းေတြၾကား ခ်စ္ၾကည္ေရးပြဲ တစ္ပြဲ ကစားဖို႔ပဲျဖစ္တယ္။ ဒါဟာ ပြဲေတြျပန္စတင္လို႔ ျပင္းထန္တဲ့ ပြဲေတြ မကစားခင္ ၾကံ႕ခိုင္မႈ စစ္ေဆးတဲ့ပြဲ ျဖစ္မယ္လို႔ ဘရိုက္တန္ဘက္က တင္ျပထားတယ္။ ဒီကိစၥကို ကလပ္ ၂၀ လံုးက သေဘာတူထားျခင္းေတာ့ မရွိေသးပါဘူး။

လိုက္ဇစ္မန္ေနဂ်ာ ေနဂဲလ္စမန္းကေတာ့ တီမိုဝါနာက ထြက္သြားခ်င္တယ္လို႔ ဆံုးျဖတ္ခဲ့ရင္ သူ႔မွာ တားဆီးပိုင္ခြင့္ မရွိပါေၾကာင္း လီဗာပူး အေျခစိုက္ သတင္းဌာနကို ေျဖဆိုေပးခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ ဘယ္စြန္ ခံစစ္မွဴး အန္ဒီေရာ္ဘတ္ဆန္က မာေဆးဆိုဒ္ကလပ္အသင္းဟာ ကမၻာ့အေကာင္းဆံုး ကစားသမားနဲ႕ နည္းျပ ပိုင္ဆိုင္ထားေၾကာင္း ဖြင့္ဟလိုက္ျပီး ဗန္ဒိုက္နဲ႕ ကေလာ့ပ္ အေၾကာင္း သံုးသပ္ကာ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။