ချန်ပီယံလိဂ် ပထမအကျော့ နူးကမ့်မှာ ဘာစီလိုနာအတွက် ခြေစွမ်းပြခဲ့ပြီး ဂိုးတွေသွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ညက အန်ဖီးလ်မှာ ကစားတဲ့ ဒုတိယအကျော့မှာတော့ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူက အိမ်ကွင်းမှာ ဘာစီလိုနာကို ၄ ဂိုး ဂိုး မရှိ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်သွားပါပြီ။

လီဗာပူးလ်ကို ဂိုးပြတ် အရေးနိမ့်နဲ့ ပွဲပြီးနောက် ဘာစီလိုနာအသင်းဟာ ၄င်းတို့ အသင်းခေါင်းဆောင် မက်ဆီကို မစောင့်ဘဲ အန်ဖီးလ်ကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ မက်ဆီဟာ အသင်းပိုင်ဘတ်စ်ကားနဲ့အတူ လိုက်ပါမသွားခဲ့ရဘဲ အန်ဖီးလ်မှာ ကျန်နေရစ်ခဲ့တာပါ။

မက်ဆီ ကျန်နေရစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ပွဲအပြီးမှာ ကစားသမားတွေကို ဆေးစစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်နေတာမို့ မက်ဆီက ဆီးစစ် ခံယူဖို့အတွက် ကျန်ခဲ့တာလို့လည်း သိရပါတယ်။ ဆေးစစ်မှုအချိန်ဟာ ကြာမြင့်မှာဖြစ်တဲ့အတွက်ကြောင့် ဘာစီလိုနာအသင်းက လေဆိပ်ကနေပဲ မက်ဆီကို စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။

မက်ဆီဟာ ပွဲအပြီးမှာလည်း Mixed Zone ကနေ လမ်းလျှောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ နှုတ်ဆက်မှုကိုလည်း ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့သလို မီဒီယာတွေရဲ့ မေးမြန်းဖို့ ကြိုးစားမှုကိုလည်း လျစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာက ပထမအကျော့ ၃-၀ ရလဒ်နဲ့ ဦးဆောင်ထားခဲ့ပေမယ့် အန်ဖီးလ်မှာတော့ အိမ်ရှင်အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိဘဲ ရုန်းကန်ခဲ့ရပါတယ်။ မက်ဆီရဲ့ အပိုင်ကန်သွင်းချက်တစ်ချက်ကိုလည်း လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က ကာကွယ် င်ခဲ့ပါတယ်။

ဘာစီလိုနာအတွက်တော့ ပြီးခဲ့တဲ့နှစ်က ရိုးမားကို ရှုံးပြီး ထွက်ခွာခဲ့ရသလို ဒီနှစ်မှာလည်း ဗိုလ်လုပွဲနဲ့ လက်တစ်ကမ်းအလိုကို ရောက်ခဲ့ပြီးမှ ထွက်ခွာခဲ့ရလို့ နစ်နာခဲ့ပြန်ပါတယ်။