၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာတော့ ဆန်းဒါးလန်း လူငယ်လေး ဂျော်ဒန် ဟန်ဒါဆန်က လီဗာပူးအသင်းကို ပြောင်းရွှေ့ လာခဲ့ပါတယ်။

လီဗာပူးအားကစားဒါရိုက်တာ ကိုမိုလီက ဟန်ဒါဆန်ကို ကနဦး ပေါင် ၁၆ သန်း + ပေါင် ၄ သန်းဖြင့် ခေါ်ယူနိုင်အောင် ကြိုးစားခဲ့သူဖြစ်တယ်။ ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ ဆွာရက်စ်၊ ကာရိုးနောက်ပိုင်း မန်နေဂျာဒဲလ်ဂလစ်ရဲ့ ပထမဆုံးသော နွေလက်မှတ်ထိုးမှု ဖြစ်ခြင်းကြောင့်လည်း လီဗာပူးပရိသတ်တွေကြားမှာ အမှတ်ရခြင်း ခံရသူဖြစ်ပါတယ်။

ထိုစဉ် လီဗာပူးအသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာတော့ ဟန်ဒိုက ” လီဗာပူးလို ကလပ်အသင်းကြီးကို ရောက်လာရပြီး ဒီမှာက ပြိုင်ဆိုင်မှုတွေ သိပ်ပြင်းထန်ပါလိမ့်မယ်။ ကျနော် ဆက်ပြီး ကြိုးစားဖို့နဲ့ တိုးတက်လာဖို့ ကွင်းထဲမှာ ကစားခွင့်တွေရဖို့ မျှော်လင့်ပါတယ်။

ဂျရတ်က ကမ္ဘာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူနဲ့အတူ တွဲကစားပြီး လေ့ကျင့်ရေးမှာ အတူ အလုပ်လုပ်ခြင်းနဲ့အတူ ကစားသမားတစ်ဦးအဖြစ် တိုးတက်လာဖို့ကို ဆန္ဒရှိပါတယ်။ ဂျရတ်ထံက အများကြီး သင်ယူနိုင်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

၉ နှစ် အကြာမှာတော့ ဟန်ဒိုဟာ သူ့စီနီယာဟောင်းကြီး ခြေရာနင်းပြီး လီဗာပူးအသင်းခေါင်းဆောင် ဖြစ်လာခဲ့သလို ချန်ပီယံလိဂ်ဖလားကိုလည်း ကိုင်မြောက်ထားခဲ့ပြီဖြစ်တယ်။ လက်ရှိ လီဗာပူးအသင်းသားတွေထဲမှာ အသင်းနဲ့အတူ အောင်မြင်မှု အများဆုံး ရထားတဲ့ ဟန်ဒိုဟာ မကြာခင်မှာတော့ ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်မယ့်နေ့ရက် ရောက်လာတော့မှာပါ။

စတီဗင်နဲ့အတူ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ဟန်ဒို ကိုင်မြောက်နိုင်တဲ့နေ့ဟာ လီဗာပူးဘောလုံးသမိုင်းမှာ ဂန္တဝင်အသင်းခေါင်းဆောင် တစ်ဦးအဖြစ် သူမှတ်တမ်းဝင်သွားမယ့် နေ့ရက်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

ZAWGYI

၂၀၁၁ ခုႏွစ္ ဇြန္လ ၉ ရက္ေန႔မွာေတာ့ ဆန္းဒါးလန္း လူငယ္ေလး ေဂ်ာ္ဒန္ ဟန္ဒါဆန္က လီဗာပူးအသင္းကို ေျပာင္းေရႊ႔ လာခဲ့ပါတယ္။

လီဗာပူးအားကစားဒါရိုက္တာ ကိုမိုလီက ဟန္ဒါဆန္ကို ကနဦး ေပါင္ ၁၆ သန္း + ေပါင္ ၄ သန္းျဖင့္ ေခၚယူႏုိင္ေအာင္ ၾကိဳးစားခဲ့သူျဖစ္တယ္။ ဇန္နဝါရီမွာ ေခၚယူခဲ့တဲ့ ဆြာရက္စ္၊ ကာရိုးေနာက္ပိုင္း မန္ေနဂ်ာဒဲလ္ဂလစ္ရဲ႕ ပထမဆံုးေသာ ေႏြလက္မွတ္ထိုးမႈ ျဖစ္ျခင္းေၾကာင့္လည္း လီဗာပူးပရိသတ္ေတြၾကားမွာ အမွတ္ရျခင္း ခံရသူျဖစ္ပါတယ္။

ထိုစဥ္ လီဗာပူးအသင္းဝဘ္ဆိုဒ္နဲ႔ အင္တာဗ်ဴးမွာေတာ့ ဟန္ဒိုက ” လီဗာပူးလို ကလပ္အသင္းၾကီးကို ေရာက္လာရျပီး ဒီမွာက ျပိဳင္ဆိုင္မႈေတြ သိပ္ျပင္းထန္ပါလိမ့္မယ္။ က်ေနာ္ ဆက္ျပီး ၾကိဳးစားဖို႔နဲ႔ တိုးတက္လာဖို႔ ကြင္းထဲမွာ ကစားခြင့္ေတြရဖို႔ ေမွ်ာ္လင့္ပါတယ္။

ဂ်ရတ္က ကမၻာအေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးပါ။ သူနဲ႔အတူ တြဲကစားျပီး ေလ့က်င့္ေရးမွာ အတူ အလုပ္လုပ္ျခင္းနဲ႔အတူ ကစားသမားတစ္ဦးအျဖစ္ တိုးတက္လာဖို႔ကို ဆႏၵရွိပါတယ္။ ဂ်ရတ္ထံက အမ်ားၾကီး သင္ယူႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၉ ႏွစ္ အၾကာမွာေတာ့ ဟန္ဒိုဟာ သူ႔စီနီယာေဟာင္းၾကီး ေျခရာနင္းျပီး လီဗာပူးအသင္းေခါင္းေဆာင္ ျဖစ္လာခဲ့သလို ခ်န္ပီယံလိဂ္ဖလားကိုလည္း ကိုင္ေျမာက္ထားခဲ့ျပီျဖစ္တယ္။ လက္ရွိ လီဗာပူးအသင္းသားေတြထဲမွာ အသင္းနဲ႔အတူ ေအာင္ျမင္မႈ အမ်ားဆံုး ရထားတဲ့ ဟန္ဒိုဟာ မၾကာခင္မွာေတာ့ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမာက္မယ့္ေန႔ရက္ ေရာက္လာေတာ့မွာပါ။

စတီဗင္နဲ႔အတူ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ ပရီးမီးယားလိဂ္ဖလားကို ဟန္ဒို ကိုင္ေျမာက္ႏုိင္တဲ့ေန႔ဟာ လီဗာပူးေဘာလံုးသမိုင္းမွာ ဂႏၱဝင္အသင္းေခါင္းေဆာင္ တစ္ဦးအျဖစ္ သူမွတ္တမ္းဝင္သြားမယ့္ ေန႔ရက္လည္း ျဖစ္လာမွာျဖစ္ပါတယ္။