မန်နေဂျာကလော့ပ်နဲ့ လီဗာပူးအသင်း ပိုင်ရှင်တွေဟာ ဒီကာလတွေအတွင်း အသင်းအနာဂတ်နဲ့ ပက်သက်ပြီး ညိနှိုင်းကြရင်က အရေးပါတဲ့ သဘောတူညီမှုတစ်ခုကို ရထားခဲ့ကြပါတယ်။

မန်နေဂျာကလော့ပ်ဟာ မီနာမီနို၊ အီလီယော့နဲ့ ကာတစ်ဂျုံးတို့ကို ကလပ်ရဲ့ ရေရှည် အနာဂတ်အတွက် ပိုမို အခွင့်အရေးပေးဖို့ကို ဦးစားပေးအဖြစ် လုပ်ဆောင်ပေးဖို့ကို သဘောတူပေးခဲ့တယ်။ FSG ဘက်က အနာဂတ်နဲ့ ပက်သက်ပြီး ကလော့ပ်ကို ကတိပေးမှု အချို့ ပြန်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စတွေဟာ ဧပရယ်လတုန်းက အသင်းဝန်ထမ်းတွေရဲ့ လုပ်ခကို ဗြိတိန်အစိုးရထံကနေ ထုတ်ယူသုံးစွဲခွင့် အသုံးပြုဖို့အား ပြန်လှန်ခဲ့ပြီး ကလပ်ဘက်ကပဲ တာဝန်ယူခြင်းရဲ့ နောက်ဆက်တွဲ ကိစ္စတစ်ခုလည်းဖြစ်တယ်။ လီဗာပူးပိုင်ရှင်တွေဟာ ကလပ်ရဲ့ ငွေကြေးတွေကို လုံးဝ ထိမှာ (သူတို့အတွက်ယူသုံးခြင်းမျိုး) မဟုတ်သလို ဒီကာလတွေအတွင်း ကစားသမားတွေရဲ့ လုပ်ခ ပေါင် ၃၁၀ သန်းကို ပေးချေနိုင်ဖို့ကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။

ကြားလာရတဲ့ သတင်းအရ FSG ဟာ လာမယ့်ရာသီမှာလည်း လက်ရှိ လူစာရင်းကို ဆက်လက် ထိန်းသိမ်းပေးသွားမှာဖြစ်တယ်။ ဘယ်ကစားသမားကိုမှ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘဲ စာချုပ်ကုန်မယ့် လယ်လာနာ၊ ကလိုင်းကို ထွက်ခွာခွင့်ပေးကာ ရှာကွီရီကိုတော့ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်မှာဖြစ်တယ်။

လိုဗရန်ကိုလည်း ရောင်းထုတ်မှာ မဟုတ်ဘဲ အငှားကစားသမားတွေနဲ့ ပက်သက်ပြီး ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို နားထောင်ပေးပါမယ်။ လီဗာပူးက ဘာလို့ နွေဈေးကွက်ကို ဝင်ဖို့ အချိန်မသင့်ဘူးလဲဆိုတာကို မန်နေဂျာနဲ့ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပြီး အားလုံး သဘောတူညီတဲ့ ဆုံးဖြတ်မှုကို လုပ်ခဲ့ကြတာဖြစ်တယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးအသင္း ပိုင္ရွင္ေတြဟာ ဒီကာလေတြအတြင္း အသင္းအနာဂတ္နဲ႔ ပက္သက္ျပီး ညိႏိႈင္းၾကရင္က အေရးပါတဲ့ သေဘာတူညီမႈတစ္ခုကို ရထားခဲ့ၾကပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ မီနာမီႏို၊ အီလီေယာ့နဲ႔ ကာတစ္ဂ်ံဳးတို႔ကို ကလပ္ရဲ႕ ေရရွည္ အနာဂတ္အတြက္ ပိုမို အခြင့္အေရးေပးဖို႔ကို ဦးစားေပးအျဖစ္ လုပ္ေဆာင္ေပးဖို႔ကို သေဘာတူေပးခဲ့တယ္။ FSG ဘက္က အနာဂတ္နဲ႔ ပက္သက္ျပီး ကေလာ့ပ္ကို ကတိေပးမႈ အခ်ိဳ႔ ျပန္လုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီကိစၥေတြဟာ ဧပရယ္လတုန္းက အသင္းဝန္ထမ္းေတြရဲ႕ လုပ္ခကို ျဗိတိန္အစိုးရထံကေန ထုတ္ယူသံုးစြဲခြင့္ အသံုးျပဳဖို႔အား ျပန္လွန္ခဲ့ျပီး ကလပ္ဘက္ကပဲ တာဝန္ယူျခင္းရဲ႕ ေနာက္ဆက္တြဲ ကိစၥတစ္ခုလည္းျဖစ္တယ္။ လီဗာပူးပိုင္ရွင္ေတြဟာ ကလပ္ရဲ႕ ေငြေၾကးေတြကို လံုးဝ ထိမွာ (သူတို႔အတြက္ယူသံုးျခင္းမ်ိဳး) မဟုတ္သလို ဒီကာလေတြအတြင္း ကစားသမားေတြရဲ႕ လုပ္ခ ေပါင္ ၃၁၀ သန္းကို ေပးေခ်ႏိုင္ဖို႔ကို ဦးစားေပးသြားမွာ ျဖစ္ပါတယ္။

ၾကားလာရတဲ့ သတင္းအရ FSG ဟာ လာမယ့္ရာသီမွာလည္း လက္ရွိ လူစာရင္းကို ဆက္လက္ ထိန္းသိမ္းေပးသြားမွာျဖစ္တယ္။ ဘယ္ကစားသမားကိုမွ ထြက္ခြာခြင့္ေပးမွာ မဟုတ္ဘဲ စာခ်ဳပ္ကုန္မယ့္ လယ္လာနာ၊ ကလိုင္းကို ထြက္ခြာခြင့္ေပးကာ ရွာကီြရီကိုေတာ့ သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာင္းထုတ္မွာျဖစ္တယ္။

လိုဗရန္ကိုလည္း ေရာင္းထုတ္မွာ မဟုတ္ဘဲ အငွားကစားသမားေတြနဲ႔ ပက္သက္ျပီး ကေလာ့ပ္ရဲ႕ ဆံုးျဖတ္ခ်က္ကို နားေထာင္ေပးပါမယ္။ လီဗာပူးက ဘာလို႔ ေႏြေစ်းကြက္ကို ဝင္ဖို႔ အခ်ိန္မသင့္ဘူးလဲဆိုတာကို မန္ေနဂ်ာနဲ႔ တာဝန္ရွိသူေတြ ေဆြးေႏြးခဲ့ၾကျပီး အားလံုး သေဘာတူညီတဲ့ ဆံုးျဖတ္မႈကို လုပ္ခဲ့ၾကတာျဖစ္တယ္။