မန်နေဂျာ ယာဂင်ကလော့ပ်ကို ရုပ်ထုနဲ့တကွ ဂုဏ်ပြုဖို့ လီဗာပူး ဂန္တဝင်ကြီး စတီဗင်ဂျရတ်က တိုက်တွန်းမှု လုပ်ထားခဲ့ပေမယ့် အဲ့သည်လို ကိစ္စတွေကို လုပ်ပေးဖို့ မလိုပါဘူးလို့ ကလော့ပ်က ငြင်းဆန်လိုက်ပါတယ်။

၂၀၁၅ မှာ လီဗာပူးအသင်းကို ရောက်လာပြီးနောက်ပိုင်း ကလော့ပ်ဟာ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ကလပ်များ ကမ္ဘာဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို အောင်မြင်ထားခဲ့ပြီဖြစ်တယ်။ ဒါကြောင့် ကလော့ပ်ဟာ လီဗာပူးရဲ့ သက်ရှိထင်ရှား ရှိနေသေးတဲ့ ဂန္တဝင်တစ်ဦး ဖြစ်လာခဲ့ပြီး အတိတ်က လီဗာပူးအဓိပတိတွေဖြစ်တဲ့ ဂျွန်ဟိုးဒင်း၊ ဘော့ပီယာစလေ၊ ဘီရှန်ကလေ တို့လို ရုပ်ထုနဲ့တကွ ဂုဏ်ပြုခံရဖို့ ထောက်ခံမှုတွေ ရနေတာပါ။

ဒါပေမယ့် ကလော့ပ်ကတော့ သူ့ကို အဲ့လို ဂုဏ်ပြုမှုတွေ မလုပ်ကြဖို့ ပြောဆိုလိုက်ပြီး သူကလည်း လီဗာပူးအသင်းကို ချစ်ပါတယ်လို့ ဖြေဆိုပေးခဲ့ပါတယ်။

ကလော့ပ်က “ ဂန္တဝင်မန်နေဂျာကြီးတွေက ချီးမြှောက်ခံရပေမယ့် သူတို့တွေက လူလောကမှာ မရှိကြတော့ပါဘူး။ လူတွေက ကျနော်အတွက်လည်း လုပ်ပေးလို့ရပေမယ့် ကျနော် နောက်ထပ် နှစ် ၃၀၊ ၄၀ လောက် နေချင်သေးတယ်ဗျ နောက်ပြီး ရုပ်ထုကိစ္စကို ကျနော် စိတ်လည်း မဝင်စားပါဘူး။

ကျနော်က လီဗာပူးဘောလုံးအသင်း မန်နေဂျာဖြစ်ပြီး လိဂ်ဖလားကို အနိုင်ရခဲ့တယ်။ လူတိုင်းက ဒါကို အကောင်းမြင်ပြီး ကျနော်ကလည်း အကောင်းမြင်ပါတယ်။ ဒါပေမယ့် ဂန္တဝင်ကြီးတွေနဲ့ ကျနော်ကြား နှိုင်းယှဉ်စရာ အကြောင်း မရှိပါဘူး။

ဘီရှန်ကလေက အသင်းမှာ ဘယ်လောက်ကြာကြာ ရှိခဲ့ပြီး ဒုတိယတန်းလိဂ်ကနေ အသင်းကို ဘယ်လောက်တောင် မြေတောင်မြောက်ပေးခဲ့နိုင်သလဲ ကျနော် သေချာမသိပါဘူး။ နောက်ပြီး ပီယာစလေ သူ့ရဲ့ လက်ထောက်ဖြစ်ကာ အောင်မြင်မှုတွေ အများကြီး ရခဲ့တယ်။

ကင်နီကလည်း လီဗာပူးအတွက် ကစားပေးခဲ့တယ်၊ မန်နေဂျာအဖြစ် တာဝန်ယူခဲ့တယ်၊ ကစားသမား-မန်နေဂျာ ပူးတွဲလုပ်ခဲ့တယ်။ မယုံနိုင်လောက်အောင် အောင်မြင်တဲ့ မန်နေဂျာတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီတော့ ကျနော် အမြင်ပြောရမယ်ဆိုရင် ဒီ နှိုင်းယှဉ်မှုတွေက မဖြစ်နိုင်ပါဘူး။

ကျနော် လီဗာပူးမှာ ရှိလာခဲ့တာ အရင် လေးနှစ်ခွဲလောက်တည်းကပါ။ ဂျာမနီကနေ ဒီကို ရောက်လာပြီး ကျနော် အလုပ်ကို အကောင်းဆုံး ကြိုးစားခဲ့တယ်။ လီဗာပူးမြို့ကို ချစ်တယ်၊ လီဗာပူးအသင်းကို ချစ်တယ် ဒါက အမှန်တရားပါပဲ။ ဒါပေမယ့် နှိုင်းယှဉ်မှုနဲ့ အထူး ဂုဏ်ပြုမှုတွေက မလိုအပ်ပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကို ရုပ္ထုနဲ႔တကြ ဂုဏ္ျပဳဖို႔ လီဗာပူး ဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က တိုက္တြန္းမႈ လုပ္ထားခဲ့ေပမယ့္ အဲ့သည္လို ကိစၥေတြကုိ လုပ္ေပးဖို႔ မလိုပါဘူးလို႔ ကေလာ့ပ္က ျငင္းဆန္လိုက္ပါတယ္။

၂၀၁၅ မွာ လီဗာပူးအသင္းကို ေရာက္လာျပီးေနာက္ပိုင္း ကေလာ့ပ္ဟာ ခ်န္ပီယံလိဂ္ဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလား၊ ကလပ္မ်ား ကမၻာဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားတို႔ကို ေအာင္ျမင္ထားခဲ့ျပီျဖစ္တယ္။ ဒါေၾကာင့္ ကေလာ့ပ္ဟာ လီဗာပူးရဲ႕ သက္ရွိထင္ရွား ရွိေနေသးတဲ့ ဂႏၱဝင္တစ္ဦး ျဖစ္လာခဲ့ျပီး အတိတ္က လီဗာပူးအဓိပတိေတြျဖစ္တဲ့ ဂၽြန္ဟိုးဒင္း၊ ေဘာ့ပီယာစေလ၊ ဘီရွန္ကေလ တို႔လို ရုပ္ထုနဲ႔တကြ ဂုဏ္ျပဳခံရဖို႔ ေထာက္ခံမႈေတြ ရေနတာပါ။

ဒါေပမယ့္ ကေလာ့ပ္ကေတာ့ သူ႔ကို အဲ့လို ဂုဏ္ျပဳမႈေတြ မလုပ္ၾကဖို႔ ေျပာဆိုလိုက္ျပီး သူကလည္း လီဗာပူးအသင္းကို ခ်စ္ပါတယ္လို႔ ေျဖဆိုေပးခဲ့ပါတယ္။

ကေလာ့ပ္က “ ဂႏၱဝင္မန္ေနဂ်ာၾကီးေတြက ခ်ီးေျမွာက္ခံရေပမယ့္ သူတို႔ေတြက လူေလာကမွာ မရွိၾကေတာ့ပါဘူး။ လူေတြက က်ေနာ္အတြက္လည္း လုပ္ေပးလို႔ရေပမယ့္ က်ေနာ္ ေနာက္ထပ္ ႏွစ္ ၃၀၊ ၄၀ ေလာက္ ေနခ်င္ေသးတယ္ဗ် ေနာက္ျပီး ရုပ္ထုကိစၥကို က်ေနာ္ စိတ္လည္း မဝင္စားပါဘူး။

က်ေနာ္က လီဗာပူးေဘာလံုးအသင္း မန္ေနဂ်ာျဖစ္ျပီး လိဂ္ဖလားကို အႏုိင္ရခဲ့တယ္။ လူတိုင္းက ဒါကို အေကာင္းျမင္ျပီး က်ေနာ္ကလည္း အေကာင္းျမင္ပါတယ္။ ဒါေပမယ့္ ဂႏၱဝင္ၾကီးေတြနဲ႔ က်ေနာ္ၾကား ႏိႈင္းယွဥ္စရာ အေၾကာင္း မရွိပါဘူး။

ဘီရွန္ကေလက အသင္းမွာ ဘယ္ေလာက္ၾကာၾကာ ရွိခဲ့ျပီး ဒုတိယတန္းလိဂ္ကေန အသင္းကို ဘယ္ေလာက္ေတာင္ ေျမေတာင္ေျမာက္ေပးခ့ဲႏိုင္သလဲ က်ေနာ္ ေသခ်ာမသိပါဘူး။ ေနာက္ျပီး ပီယာစေလ သူ႔ရဲ႕ လက္ေထာက္ျဖစ္ကာ ေအာင္ျမင္မႈေတြ အမ်ားၾကီး ရခဲ့တယ္။

ကင္နီကလည္း လီဗာပူးအတြက္ ကစားေပးခဲ့တယ္၊ မန္ေနဂ်ာအျဖစ္ တာဝန္ယူခဲ့တယ္၊ ကစားသမား-မန္ေနဂ်ာ ပူးတြဲလုပ္ခဲ့တယ္။ မယံုႏုိင္ေလာက္ေအာင္ ေအာင္ျမင္တဲ့ မန္ေနဂ်ာတစ္ဦး ျဖစ္ခဲ့ပါတယ္။ ဒီေတာ့ က်ေနာ္ အျမင္ေျပာရမယ္ဆိုရင္ ဒီ ႏိႈင္းယွဥ္မႈေတြက မျဖစ္ႏုိင္ပါဘူး။

က်ေနာ္ လီဗာပူးမွာ ရွိလာခဲ့တာ အရင္ ေလးႏွစ္ခြဲေလာက္တည္းကပါ။ ဂ်ာမနီကေန ဒီကို ေရာက္လာျပီး က်ေနာ္ အလုပ္ကို အေကာင္းဆံုး ၾကိဳးစားခဲ့တယ္။ လီဗာပူးျမိဳ႔ကို ခ်စ္တယ္၊ လီဗာပူးအသင္းကို ခ်စ္တယ္ ဒါက အမွန္တရားပါပဲ။ ဒါေပမယ့္ ႏိႈင္းယွဥ္မႈနဲ႔ အထူး ဂုဏ္ျပဳမႈေတြက မလိုအပ္ပါဘူး ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။