လီဗာပူးအသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလား ပြန်လည် အနိုင်ရခြင်းကြောင့် ကစားသမားတွေနဲ့ ပြိုင်ဘက် အသင်းတွေကို ဆုကြေးပေးရမှု ပေါင် ၁၀ ရှိပါမယ်။

ကစားသမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အသင်းလူစာရင်း တစ်ခုလုံးကို ပေါင် ၄ သန်း ဆုကြေးပေးမှာဖြစ်တယ်။ ဒါဟာ စာချုပ်ပါ အချက်အရ လီဗာပူးအသင်း ထည့်သွင်းထားတဲ့ ဆုကြေး တစိတ်တဒေသ ဖြစ်တယ်။ ထပ်ပြီးလည်း အာဆင်နယ်၊ ဆောက်သမ်တန်နဲ့ ချာတန်တို့ကို ပြောင်းရွှေ့ကြေးနွယ်တဲ့ ဆုကြေးတွေ ပေးရပါမယ်။

လီဗာပူးအသင်းဟာ ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်ရာမှာ ဆုကြေးစနစ်ကို ပိုမို တိုးမြှင့်ပေးထားပြီး ကလပ်ရဲ့ အောင်မြင်မှုအလိုက် အသင်းသားတွေက ဆုကြေးတွေ ပိုမိုရရှိကြတာဖြစ်တယ်။

၂၀၁၈ ခုနှစ်တုန်းက ဆောက်သမ်တန်ကနေ ဗန်ဒိုက်ကို ခေါ်ယူခဲ့ပြီး အပြောင်းအရွှေ့ စာချုပ်မှာတော့ ပရီးမီးယားလိဂ်ဖလား အနိုင်ရရင် ထပ်တိုးကြေးတွေ ပေးမယ်လို့ လီဗာပူးက ကတိခံခဲ့တာပါ။ ဗန်ဒိုက်၊ မာနေး၊ လယ်လာနာနဲ့ လိုဗရန်တို့လို ဆောက်သမ်တန် ကစားသမားဟောင်းတွေအတွက် လီဗာပူးက ဆောက်သမ်တန်ကို ပေါင် ၃ သန်း ပေးရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လမှာ လီဗာပူးက ချိန်ဘာလိန်ကို အာဆင်နယ်ကနေ ခေါ်ယူခဲ့စဉ် ပရီးမီးယားလိဂ် ဆုကြေးဆိုင်ရာ သဘောတူညီချက်ကို ထည့်သွင်းခဲ့သေးတယ်။ ဒါ့အပြင် ရော်ဘတ်ဆန်နဲ့ ဂျိုဂိုးမက်စ်တို့အတွက်လည်း သူတို့ရဲ့ အောင်မြင်မှုတွေကြောင့် ဟူးစီးတီးနဲ့ ချာတန်တို့က ဆုကြေးတွေ ရရှိမှာ ဖြစ်ပါတယ်။

လီဗာပူးဘက်ကလည်း အဓိက စပွန်ဆာ Standard Chartered နဲ့ ဂျာစီစပွန်ဆာ New Balance တို့က အပို ဆုကြေးတွေ ရရှိမယ်လို့ သိရတ်။ သြဂုတ်လကစပြီး လီဗာပူးအသင်းဟာ New Balance နဲ့ လက်တွဲဖြုတ်ကာ Nike နဲ့ လက်တွဲသွားမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ အမွတ္ေပးဖလား ျပန္လည္ အႏုိင္ရျခင္းေၾကာင့္ ကစားသမားေတြနဲ႔ ျပိဳင္ဘက္ အသင္းေတြကို ဆုေၾကးေပးရမႈ ေပါင္ ၁၀ ရွိပါမယ္။

ကစားသမားေတြနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြအရ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ အသင္းလူစာရင္း တစ္ခုလံုးကို ေပါင္ ၄ သန္း ဆုေၾကးေပးမွာျဖစ္တယ္။ ဒါဟာ စာခ်ဳပ္ပါ အခ်က္အရ လီဗာပူးအသင္း ထည့္သြင္းထားတဲ့ ဆုေၾကး တစိတ္တေဒသ ျဖစ္တယ္။ ထပ္ျပီးလည္း အာဆင္နယ္၊ ေဆာက္သမ္တန္နဲ႔ ခ်ာတန္တို႔ကို ေျပာင္းေရႊ႔ေၾကးႏြယ္တဲ့ ဆုေၾကးေတြ ေပးရပါမယ္။

လီဗာပူးအသင္းဟာ ကစားသမား ေခၚယူမႈေတြကို ျပဳလုပ္ရာမွာ ဆုေၾကးစနစ္ကို ပိုမို တိုးျမွင့္ေပးထားျပီး ကလပ္ရဲ႕ ေအာင္ျမင္မႈအလိုက္ အသင္းသားေတြက ဆုေၾကးေတြ ပိုမိုရရွိၾကတာျဖစ္တယ္။

၂၀၁၈ ခုႏွစ္တုန္းက ေဆာက္သမ္တန္ကေန ဗန္ဒိုက္ကို ေခၚယူခဲ့ျပီး အေျပာင္းအေရႊ႔ စာခ်ဳပ္မွာေတာ့ ပရီးမီးယားလိဂ္ဖလား အႏုိင္ရရင္ ထပ္တိုးေၾကးေတြ ေပးမယ္လို႔ လီဗာပူးက ကတိခံခဲ့တာပါ။ ဗန္ဒိုက္၊ မာေနး၊ လယ္လာနာနဲ႔ လိုဗရန္တို႔လို ေဆာက္သမ္တန္ ကစားသမားေဟာင္းေတြအတြက္ လီဗာပူးက ေဆာက္သမ္တန္ကို ေပါင္ ၃ သန္း ေပးရမွာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လမွာ လီဗာပူးက ခ်ိန္ဘာလိန္ကို အာဆင္နယ္ကေန ေခၚယူခဲ့စဥ္ ပရီးမီးယားလိဂ္ ဆုေၾကးဆိုင္ရာ သေဘာတူညီခ်က္ကို ထည့္သြင္းခဲ့ေသးတယ္။ ဒါ့အျပင္ ေရာ္ဘတ္ဆန္နဲ႔ ဂ်ိဳဂိုးမက္စ္တို႔အတြက္လည္း သူတို႔ရဲ႕ ေအာင္ျမင္မႈေတြေၾကာင့္ ဟူးစီးတီးနဲ႔ ခ်ာတန္တို႔က ဆုေၾကးေတြ ရရွိမွာ ျဖစ္ပါတယ္။

လီဗာပူးဘက္ကလည္း အဓိက စပြန္ဆာ Standard Chartered နဲ႔ ဂ်ာစီစပြန္ဆာ New Balance တို႔က အပို ဆုေၾကးေတြ ရရွိမယ္လို႔ သိရတ္။ ၾသဂုတ္လကစျပီး လီဗာပူးအသင္းဟာ New Balance နဲ႔ လက္တြဲျဖဳတ္ကာ Nike နဲ႔ လက္တြဲသြားမွာ ျဖစ္ပါတယ္။