လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်တုန်းက တွစ်တာကနေ ခဏနားသွားတဲ့ ဂယ်ရီနဗီးက စကိုင်းစပေါ့ ရုပ်သံရှေ့ကို ပြန်ရောက်လာခဲ့ပါပြီ။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းက လွန်ခဲ့တဲ့ လေးနှစ်ကျော်က လီဗာပူးအသင်းကို ကလော့ပ် ဝင်ရောက်လာစဉ်မှာ ငွေကြေးပိုင်းကို အင်အားကြီးကြီးမားမား သုံးနိုင်တဲ့ အသင်းတွေကို ယှဉ်ပြိုင်ဖို့ မလွယ်ဘူးလိ့ သူထင်ခဲ့တယ်လို့ ပြောပြတယ်။ ဒါပေမယ့် ဒါကို ကလော့ပ်က အောင်မြင်အောင် လုပ်နိုင်ခဲ့ကြောင်းနဲ့ လီဗာပူးနဲ့ ယာဂင်ကလော့ပ်ကို ဂုဏ်ပြုပါတယ်လို့ ပြောဆိုသွားပါတယ်။

စကိုင်းစပေါ့ကနေ ဂယ်ရီနဗီးက ‘ လီဗာပူးက ဒီရာသီ အကောင်းဆုံးအသင်းပါ။ ယာဂင်ကလော့ပ် လုပ်ပြခဲ့တာကလည်း သိပ်ကောင်းပါတယ်။ လေးနှစ်လောက်တုန်းက သူ လီဗာပူးကို ရောက်လာတယ်။ အဲ့တုန်းက လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ကျနော် လုံးဝ ထင်မထားခဲ့ဘူး။ အခြားအသင်းတွေက အသုံးစရိတ်ကြီးတွေ ပိုသုံးနိုင်တယ်လေ။

အရင် လေးနှစ် သူ လီဗာပူးကို ပြောင်းလာတုန်းက အမှတ်ပေးဖလားအတွက် ငွေကြေးကြီးတွေ သုံးနိုင်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ ချယ်ဆီးတိုပကို လီဗာပူး ကျော်ဖြတ်နိုင်အောင် သူလုပ်ပြဖို့ဆိုတာ မလွယ်ဘူးလို့ ထင်ခဲ့တယ်။ ဒါက ခက်ခဲမယ် အလုပ်လို့ ကျနော် ယူဆခဲ့တယ်။

ကုန်ခဲ့တဲ့ သုံးနှစ် လေးနှစ်အတွင်း ကလော့ပ် လုပ်ပြခဲ့တာက အံ့မခန်းပါပဲ။ ဘောလုံးအသင်းတစ်သင်းရဲ့ မန်နေဂျာတစ်ယောက် အနေနဲ့ သူက လူတိုင်းကို အုတ်မြစ်ချခဲ့တယ်။ ကစားသမားတွေ၊ ပိုင်ရှင်တွေ၊ ပရိသတ်ထုကောပေါ့။ သူတို့ အတူတကွ ကြိုးစားခဲ့ကြတယ်။

ကလော့ပ်အတွက် ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ အသာတင် သုံးစွဲမှု နည်းနည်းလေးနဲ့ သိပ်ကောင်းတဲ့ နည်းပြမှုကို ကစားသမား ခေါ်ယူမှုနဲ့ တွဲဘက်ပြီး အကောင်းဆုံး လုပ်ဆောင်ပြခဲ့တယ်။

လီဗာပူးအသင်းရဲ့ ကစားသမား ခေါ်ယူမှုကလည်း သိပ်ကို ကောင်းလွန်းပါတယ်။ သူတို့ ခေါ်တဲ့ ကစားသမားတိုင်းက အသင်းနဲ့ အံဝင်ပြီး ယာဂင်ကလော့ပ်ရဲ့ စည်းကမ်းတွေကို လိုက်နာတယ်။ သူတို့က သန်း ၃၀ နဲ့ ခေါ်တဲ့ ကစားသမားတွေကို သန်း ၁၃၀ လောက်တန်သူ ဖြစ်လာစေတယ်။ သန်း ၅၀ တန်ကို သန်း ၁၅၀ တန် ဖြစ်လာစေခဲ့တယ်။ အခြားအသင်းတွေကတော့ သန်း ၁၃၀ တန် ကစားသမားတွေကို ခေါ်ပြီး သန်း ၃၀ လောက်ပဲ တန်တော့သည်ထိ ပြောင်းလဲသွားတယ်။

ကစားသမား ခေါ်ယူရေးအဖွဲ့က ထူးချွန်တယ်၊ နည်းပြတွေကလည်း ထူးချွန်တယ်။ ဒါပေမယ့် ဒါတွေအားလုံးက မန်နေဂျာနဲ့ ကစားသမားတွေက အဓိကဖြစ်ပါတယ်။ ဒီနေ့မျိုးကို ကျနော် လုံးဝ မကြိုက်ပါဘူး။ ကျနော် ငယ်ဘဝတုန်းက ဒါမျိုးတွေကို မြင်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် လီဗာပူးရဲ့ အောင်မြင်မှုကို ဂုဏ်ပြုပါတယ် ‘ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္တုန္းက တြစ္တာကေန ခဏနားသြားတဲ့ ဂယ္ရီနဗီးက စကိုင္းစေပါ့ ရုပ္သံေရွ႔ကို ျပန္ေရာက္လာခဲ့ပါျပီ။

ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္းက လြန္ခဲ့တဲ့ ေလးႏွစ္ေက်ာ္က လီဗာပူးအသင္းကို ကေလာ့ပ္ ဝင္ေရာက္လာစဥ္မွာ ေငြေၾကးပိုင္းကို အင္အားၾကီးၾကီးမားမား သံုးႏုိင္တဲ့ အသင္းေတြကို ယွဥ္ျပိဳင္ဖို႔ မလြယ္ဘူးလိ႔ သူထင္ခဲ့တယ္လို႔ ေျပာျပတယ္။ ဒါေပမယ့္ ဒါကို ကေလာ့ပ္က ေအာင္ျမင္ေအာင္ လုပ္ႏုိင္ခဲ့ေၾကာင္းနဲ႔ လီဗာပူးနဲ႔ ယာဂင္ကေလာ့ပ္ကို ဂုဏ္ျပဳပါတယ္လို႔ ေျပာဆိုသြားပါတယ္။

စကိုင္းစေပါ့ကေန ဂယ္ရီနဗီးက ‘ လီဗာပူးက ဒီရာသီ အေကာင္းဆံုးအသင္းပါ။ ယာဂင္ကေလာ့ပ္ လုပ္ျပခဲ့တာကလည္း သိပ္ေကာင္းပါတယ္။ ေလးႏွစ္ေလာက္တုန္းက သူ လီဗာပူးကုိ ေရာက္လာတယ္။ အဲ့တုန္းက လီဗာပူးက ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏုိင္စြမ္း ရွိလိမ့္မယ္လို႔ က်ေနာ္ လံုးဝ ထင္မထားခဲ့ဘူး။ အျခားအသင္းေတြက အသံုးစရိတ္ၾကီးေတြ ပိုသံုးႏုိင္တယ္ေလ။

အရင္ ေလးႏွစ္ သူ လီဗာပူးကို ေျပာင္းလာတုန္းက အမွတ္ေပးဖလားအတြက္ ေငြေၾကးၾကီးေတြ သံုးႏုိင္တဲ့ မန္စီးတီး၊ ယူႏုိက္တက္၊ ခ်ယ္ဆီးတိုပကို လီဗာပူး ေက်ာ္ျဖတ္ႏုိင္ေအာင္ သူလုပ္ျပဖို႔ဆိုတာ မလြယ္ဘူးလို႔ ထင္ခဲ့တယ္။ ဒါက ခက္ခဲမယ္ အလုပ္လို႔ က်ေနာ္ ယူဆခဲ့တယ္။

ကုန္ခဲ့တဲ့ သံုးႏွစ္ ေလးႏွစ္အတြင္း ကေလာ့ပ္ လုပ္ျပခဲ့တာက အံ့မခန္းပါပဲ။ ေဘာလံုးအသင္းတစ္သင္းရဲ႕ မန္ေနဂ်ာတစ္ေယာက္ အေနနဲ႔ သူက လူတိုင္းကို အုတ္ျမစ္ခ်ခဲ့တယ္။ ကစားသမားေတြ၊ ပိုင္ရွင္ေတြ၊ ပရိသတ္ထုေကာေပါ့။ သူတို႔ အတူတကြ ၾကိဳးစားခဲ့ၾကတယ္။

ကေလာ့ပ္အတြက္ ၾကီးမားတဲ့ ေအာင္ျမင္မႈပါပဲ။ အသာတင္ သံုးစြဲမႈ နည္းနည္းေလးနဲ႔ သိပ္ေကာင္းတဲ့ နည္းျပမႈကို ကစားသမား ေခၚယူမႈနဲ႔ တြဲဘက္ျပီး အေကာင္းဆံုး လုပ္ေဆာင္ျပခဲ့တယ္။

လီဗာပူးအသင္းရဲ႕ ကစားသမား ေခၚယူမႈကလည္း သိပ္ကို ေကာင္းလြန္းပါတယ္။ သူတို႔ ေခၚတဲ့ ကစားသမားတိုင္းက အသင္းနဲ႔ အံဝင္ျပီး ယာဂင္ကေလာ့ပ္ရဲ႕ စည္းကမ္းေတြကို လိုက္နာတယ္။ သူတို႔က သန္း ၃၀ နဲ႔ ေခၚတဲ့ ကစားသမားေတြကို သန္း ၁၃၀ ေလာက္တန္သူ ျဖစ္လာေစတယ္။ သန္း ၅၀ တန္ကို သန္း ၁၅၀ တန္ ျဖစ္လာေစခဲ့တယ္။ အျခားအသင္းေတြကေတာ့ သန္း ၁၃၀ တန္ ကစားသမားေတြကို ေခၚျပီး သန္း ၃၀ ေလာက္ပဲ တန္ေတာ့သည္ထိ ေျပာင္းလဲသြားတယ္။

ကစားသမား ေခၚယူေရးအဖြဲ႔က ထူးခၽြန္တယ္၊ နည္းျပေတြကလည္း ထူးခၽြန္တယ္။ ဒါေပမယ့္ ဒါေတြအားလံုးက မန္ေနဂ်ာနဲ႔ ကစားသမားေတြက အဓိကျဖစ္ပါတယ္။ ဒီေန႔မ်ိဳးကို က်ေနာ္ လံုးဝ မၾကိဳက္ပါဘူး။ က်ေနာ္ ငယ္ဘဝတုန္းက ဒါမ်ိဳးေတြကို ျမင္ခဲ့ရျပီးပါျပီ။ ဒါေပမယ့္ လီဗာပူးရဲ႕ ေအာင္ျမင္မႈကို ဂုဏ္ျပဳပါတယ္ ‘ လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။