ပရီးမီးယားလိဂ် စီအီးအိုဖြစ်သူ မာစတာကတော့ အင်္ဂလန်မှာ ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်ထလာလို့ ဘောလုံးပွဲတွေ ရပ်နားရရင်လည်း လီဗာပူးအသင်းက ချန်ပီယံဖြစ်ပါလိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။

မာနေးက လီဗာပူးအတွက် ဘာလို့ အရေးပါသလဲဆိုတဲ့ အချက်ကို စကိုင်းစပေါ့က အချက်အလက်ဆိုင်ရာ ဆွဲထုတ်မှု တစ်ခု ပြုလုပ်သွားပါတယ်။ အဲ့တာကတော့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုး သွင်းယူထားတဲ့ မာနေးဟာ လီဗာပူးအသင်းသားတွေထဲမှာ အမှတ်ရယူပေးမှု အမြင့်ဆုံးအဖြစ် ၁၈ မှတ်ထိ ရယူပေးထားပါတယ်။

လီဗာပူးကစားသမားဟောင်းနဲ့ ဒါဘီအသင်း ခံစစ်သမား ဝစ်စဒမ်ဟာ သီတင်းပတ် အကုန်က လီဗာပူးမြို့ကို ပြန်လာစဉ် ဓါးထိုး လုယက်ခံခဲ့ရတာကြောင့် ဆေးရုံရောက်နေပါတယ်။

ကိုဗစ်ကြောင့် ၁၀၂ ရက်ကြာ ရပ်နားထားတဲ့ ဘောလုံးပွဲတွေ ပြန်စချိန်မှာ မာဆေးဆိုဒ်ဒါဘီပွဲအတွင်း ပါဝင်ကစားရင်း ဗဟိုခံစစ်မှူး မာတစ်ဟာ နောက်ဆုံး စစ်ဆေးမှုအရ ဒီရာသီ လက်ကျန်ပွဲတွေမှာ ပါဝင်ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။

အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး အသင်းဥက္ကဌ ဝါနာက ” အပြောင်းအရွှေ့ကိစ္စ ပြောရမယ်ဆိုရင် ကျနော် ပြောနိုင်တာကတော့ ဈေးကွက်နဲ့ ပက်သက်ပြီး စမ်းစစ်မှုတွေကို ကျနေ်ာတို့ ဆက်ပြီး လုပ်သွားပါမယ်။ ဒီအခြေအနေမှာတော့ ဘာဆက်လုပ်ရမလဲ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဗိုင်းရပ်က အင်္ဂလိပ် ဘောလုံးလောကတင် မဟုတ်ဘဲ ကမ္ဘာဘောလုံးလောကကိုပါ သက်ရောက်မှု ရှိထားတာပါ ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ဟာ လာမယ့် ရာသီမှာလည်း ပရီးမီးယားလိဂ်ကို အပြိုင် စိန်ခေါ်ဦးမှာ ဖြစ်ပေမယ့် မန်စီးတီးထက်စာရင် လီဗာပူးက ထင်သလောက် လိုအပ်ချက် မများလှပါဘူးလို့ အိုဝင်က ပြောပါတယ်။

အာဖရိကဖလားကို ၂၀၂၁ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ကျင်းပဖို့ ရက်သက်မှတ်ထားပေမယ့် ၂၀၂၂ ခုနှစ်ကို ပြောင်းရွှေ့ကျင်းပမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရေးအတွက် ဆာလက်၊ မာနေးနဲ့ ကီတာတို့ကို တစ်ရာသီလုံး အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

အက်ဖ်အေဖလားမှာ ချယ်ဆီးအသင်း နောက်တစ်ဆင့် တက်သွားတာကြောင့် ပွဲစဉ်ဇယား ရက်ရွှေပပေးရမှာဖြစ်ပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်ရေး ကိစ္စဟာ စောင့်ဆိုင်းရမယ့် အခြေအနေမှာ ရှိနေပါတယ်။

လီဗာပူးဆိုင်ရာ သတင်းထောက်တွေဖြစ်တဲ့ Dominic King_က မန်နေဂျာကလော့ပ်က လာမယ့်ရာသီမှာ နာဘီကီတာ၊ မီနာမီနို အပါအဝင် ကစားသမား လေးဦးလောက်ကို စင်တင်ဖို့ ကြိုးစားမှာဖြစ်တယ်။ သူဟာ အရည်အချင်းရှိ ကစားသမား နှစ်ဦးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး မဟုတ်တဲ့ အနေအထားဖြင့် ခေါ်ယူနိုင်တယ်လို့ သတင်းပေးသွားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ စီအီးအိုျဖစ္သူ မာစတာကေတာ့ အဂၤလန္မွာ ကိုဗစ္ကူးစက္မႈ တစ္ေက်ာ့ျပန္ထလာလို႔ ေဘာလံုးပြဲေတြ ရပ္နားရရင္လည္း လီဗာပူးအသင္းက ခ်န္ပီယံျဖစ္ပါလိမ့္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။

မာေနးက လီဗာပူးအတြက္ ဘာလို႔ အေရးပါသလဲဆိုတဲ့ အခ်က္ကို စကိုင္းစေပါ့က အခ်က္အလက္ဆိုင္ရာ ဆြဲထုတ္မႈ တစ္ခု ျပဳလုပ္သြားပါတယ္။ အဲ့တာကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၁၅ ဂိုး သြင္းယူထားတဲ့ မာေနးဟာ လီဗာပူးအသင္းသားေတြထဲမွာ အမွတ္ရယူေပးမႈ အျမင့္ဆံုးအျဖစ္ ၁၈ မွတ္ထိ ရယူေပးထားပါတယ္။

လီဗာပူးကစားသမားေဟာင္းနဲ႔ ဒါဘီအသင္း ခံစစ္သမား ဝစ္စဒမ္ဟာ သီတင္းပတ္ အကုန္က လီဗာပူးျမိဳ႔ကို ျပန္လာစဥ္ ဓါးထိုး လုယက္ခံခဲ့ရတာေၾကာင့္ ေဆးရံုေရာက္ေနပါတယ္။

ကိုဗစ္ေၾကာင့္ ၁၀၂ ရက္ၾကာ ရပ္နားထားတဲ့ ေဘာလံုးပြဲေတြ ျပန္စခ်ိန္မွာ မာေဆးဆိုဒ္ဒါဘီပြဲအတြင္း ပါဝင္ကစားရင္း ဗဟိုခံစစ္မွဴး မာတစ္ဟာ ေနာက္ဆံုး စစ္ေဆးမႈအရ ဒီရာသီ လက္က်န္ပြဲေတြမွာ ပါဝင္ကစားခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

အေျပာင္းအေရႊ႔နဲ႔ ပက္သက္ျပီး အသင္းဥကၠဌ ဝါနာက ” အေျပာင္းအေရႊ႔ကိစၥ ေျပာရမယ္ဆိုရင္ က်ေနာ္ ေျပာနုိင္တာကေတာ့ ေစ်းကြက္နဲ႔ ပက္သက္ျပီး စမ္းစစ္မႈေတြကို က်ေန္ာတို႔ ဆက္ျပီး လုပ္သြားပါမယ္။ ဒီအေျခအေနမွာေတာ့ ဘာဆက္လုပ္ရမလဲ ရွင္းရွင္းလင္းလင္း မသိေသးပါဘူး။ ဗိုင္းရပ္က အဂၤလိပ္ ေဘာလံုးေလာကတင္ မဟုတ္ဘဲ ကမၻာေဘာလံုးေလာကကိုပါ သက္ေရာက္မႈ ရွိထားတာပါ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ လာမယ့္ ရာသီမွာလည္း ပရီးမီးယားလိဂ္ကို အျပိဳင္ စိန္ေခၚဦးမွာ ျဖစ္ေပမယ့္ မန္စီးတီးထက္စာရင္ လီဗာပူးက ထင္သေလာက္ လိုအပ္ခ်က္ မမ်ားလွပါဘူးလို႔ အိုဝင္က ေျပာပါတယ္။

အာဖရိကဖလားကို ၂၀၂၁ ခုႏွစ္ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီမွာ က်င္းပဖို႔ ရက္သက္မွတ္ထားေပမယ့္ ၂၀၂၂ ခုႏွစ္ကို ေျပာင္းေ႐ႊ႕က်င္းပမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ႏွစ္ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ေရးအတြက္ ဆာလက္၊ မာေနးနဲ႔ ကီတာတို႔ကို တစ္ရာသီလုံး အသုံးျပဳခြင့္ရမွာျဖစ္ပါတယ္။

အက္ဖ္ေအဖလားမွာ ခ်ယ္ဆီးအသင္း ေနာက္တစ္ဆင့္ တက္သြားတာေၾကာင့္ ပြဲစဥ္ဇယား ရက္ေရႊပေပးရမွာျဖစ္ျပီး အိမ္ကြင္းေနာက္ဆံုးပြဲမွာ လီဗာပူးအသင္းရဲ႕ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမာက္ေရး ကိစၥဟာ ေစာင့္ဆိုင္းရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

လီဗာပူးဆိုင္ရာ သတင္းေထာက္ေတြျဖစ္တဲ့ Dominic King_က မန္ေနဂ်ာကေလာ့ပ္က လာမယ့္ရာသီမွာ နာဘီကီတာ၊ မီနာမီႏို အပါအဝင္ ကစားသမား ေလးဦးေလာက္ကို စင္တင္ဖို႔ ၾကိဳးစားမွာျဖစ္တယ္။ သူဟာ အရည္အခ်င္းရွိ ကစားသမား ႏွစ္ဦးကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကး မဟုတ္တဲ့ အေနအထားျဖင့္ ေခၚယူႏုိင္တယ္လို႔ သတင္းေပးသြားပါတယ္။