ပရီးမီးယားလိဂ် စီအီးအိုဖြစ်သူ မာစတာကတော့ အင်္ဂလန်မှာ ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်ထလာလို့ ဘောလုံးပွဲတွေ ရပ်နားရရင်လည်း လီဗာပူးအသင်းက ချန်ပီယံဖြစ်ပါလိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ မှာတင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ပြီဖြစ်တဲ့ လီဗာပူးက လက်ကျန်ပွဲကို ယှဉ်ပြိုင်ရဦးမှာပါ။ ပရီးမီးယားလိဂ် ချန်ပီယံ ပေါ်ပေါက်ခဲ့ပြီဖြစ်ပေမယ့် ဥရောပဝင်ခွင့်နဲ့ တန်းဆင်းအသင်းတွေ ရလဒ် ပေါ်ထွက်လာဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး အထူးသဖြင့် ဥရောပဝင်ခွင့်က အကျိတ်အနယ် ဖြစ်လာနေပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာတော့ အင်္ဂလန်က လက်စတာမြို့မှာ ကိုဗစ်ကူးစက်မှုက တစ်နိုင်ငံလုံး ကူးစက်မှုရဲ့ ၁၀% ထိ တိုးမြှင့်လာခဲ့တယ်။ လက်စတာအာဏာပိုင်တွေက ဈေးဆိုင်နဲ့ ကျောင်းတွေကို ပိတ်ခိုင်းမှုတွေ လုပ်ဆောင်ပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဒေသတွင်း ပိတ်ဆို့မှုတွေ ပြန်လုပ်ဆောင်နေတာကြောင့် လက်စတာအသင်းရဲ့ အိမ်ကွင်းပွဲတွေကို အခြားအသင်းတွေ လာရောက် ယှဉ်ပြိုင်ခွင့်ပါ ပိတ်ပင်သွားဖွယ် ရှိနေတာဖြစ်တယ်။

ဒီသတင်း ကျယ်ပြန့်လာအပြီး လက်စတာအသင်းက ဇူလိုင်လ ၄ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ပဲလေစ့်နဲ့ အိမ်ကွင်းပွဲကို အိမ်ကွင်း ကွင်းပါဝါမှာတင် ကစားခွင့်ရဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်လာခဲ့တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် အကြီးအကဲ မာစတာကလည်း ကလပ်တွေ ဘာတွေ ဆုံးဖြတ်နိုင်သလဲအတွက် ဖြေကြားပေးမှု လုပ်ဆောင်သွားပါတယ်။

မာစတာကတော့ ” ပရီးမီးယားလိဂ်ကို အမြန်ဆုံး အပြီးသတ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို ကလပ်တွေနဲ့ ကျနေ်ာတို့ ဆွေးနွေးသွားမှာပါ။ အခြေအနေတွေအတွက် ကျနော်တို့ အကောင်းမြင်ပါတယ်။ နည်းဥပဒေတွေအတိုင်းပဲ ဒါတွေကို ဖြေရှင်းနိုင်ဖို့ကို သင်ယူသွားမှာပါ။ လီဗာပူးအသင်းကတော့ ကျနေ်ာတို့ရဲ့ ချန်ပီယံ ဖြစ်ပါလိမ့်မယ် ” လို့ အတည်ပြုခဲ့တာဖြစ်တယ်။

လီဗာပူးမြို့တော်ဝန်က ချန်ပီယံဖြစ်သွားပေမယ့် လူစုလူဝေးနဲ့ အောင်ပွဲခံမှုတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပြီး လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ အများပြည်သူတွေကို ထိခိုက်စေမယ့် ကိစ္စတွေ မပါဝင်တဲ့ အောင်ပွဲခံမှုတွေကိုသာ ပြုလုပ်ကြဖို့ ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ စီအီးအိုျဖစ္သူ မာစတာကေတာ့ အဂၤလန္မွာ ကိုဗစ္ကူးစက္မႈ တစ္ေက်ာ့ျပန္ထလာလို႔ ေဘာလံုးပြဲေတြ ရပ္နားရရင္လည္း လီဗာပူးအသင္းက ခ်န္ပီယံျဖစ္ပါလိမ့္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၁ မွာတင္ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့ျပီျဖစ္တဲ့ လီဗာပူးက လက္က်န္ပြဲကို ယွဥ္ျပိဳင္ရဦးမွာပါ။ ပရီးမီးယားလိဂ္ ခ်န္ပီယံ ေပၚေပါက္ခဲ့ျပီျဖစ္ေပမယ့္ ဥေရာပဝင္ခြင့္နဲ႔ တန္းဆင္းအသင္းေတြ ရလဒ္ ေပၚထြက္လာဖို႔ က်န္ရွိေနေသးတာျဖစ္ျပီး အထူးသျဖင့္ ဥေရာပဝင္ခြင့္က အက်ိတ္အနယ္ ျဖစ္လာေနပါတယ္။

ဇြန္လ ၃၀ ရက္ေန႔မွာေတာ့ အဂၤလန္က လက္စတာျမိဳ႔မွာ ကိုဗစ္ကူးစက္မႈက တစ္ႏုိင္ငံလံုး ကူးစက္မႈရဲ႕ ၁၀% ထိ တိုးျမွင့္လာခဲ့တယ္။ လက္စတာအာဏာပိုင္ေတြက ေစ်းဆုိင္နဲ႔ ေက်ာင္းေတြကို ပိတ္ခိုင္းမႈေတြ လုပ္ေဆာင္ျပီး အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။ ေဒသတြင္း ပိတ္ဆို႔မႈေတြ ျပန္လုပ္ေဆာင္ေနတာေၾကာင့္ လက္စတာအသင္းရဲ႕ အိမ္ကြင္းပြဲေတြကို အျခားအသင္းေတြ လာေရာက္ ယွဥ္ျပိဳင္ခြင့္ပါ ပိတ္ပင္သြားဖြယ္ ရွိေနတာျဖစ္တယ္။

ဒီသတင္း က်ယ္ျပန္႔လာအျပီး လက္စတာအသင္းက ဇူလိုင္လ ၄ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ပဲေလစ့္နဲ႔ အိမ္ကြင္းပြဲကို အိမ္ကြင္း ကြင္းပါဝါမွာတင္ ကစားခြင့္ရဖို႔ ၾကိဳးစားေနတယ္လို႔ သတင္းထြက္လာခဲ့တယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ အၾကီးအကဲ မာစတာကလည္း ကလပ္ေတြ ဘာေတြ ဆံုးျဖတ္ႏုိင္သလဲအတြက္ ေျဖၾကားေပးမႈ လုပ္ေဆာင္သြားပါတယ္။

မာစတာကေတာ့ ” ပရီးမီးယားလိဂ္ကို အျမန္ဆံုး အျပီးသတ္လုိက္မယ္ဆိုရင္ ဘာေတြျဖစ္လာမလဲဆိုတာကို ကလပ္ေတြနဲ႔ က်ေန္ာတို႔ ေဆြးေႏြးသြားမွာပါ။ အေျခအေနေတြအတြက္ က်ေနာ္တုိ႔ အေကာင္းျမင္ပါတယ္။ နည္းဥပေဒေတြအတိုင္းပဲ ဒါေတြကို ေျဖရွင္းႏုိင္ဖို႔ကို သင္ယူသြားမွာပါ။ လီဗာပူးအသင္းကေတာ့ က်ေန္ာတို႔ရဲ႕ ခ်န္ပီယံ ျဖစ္ပါလိမ့္မယ္ ” လို႔ အတည္ျပဳခဲ့တာျဖစ္တယ္။

လီဗာပူးျမိဳ႕ေတာ္ဝန္က ခ်န္ပီယံျဖစ္သြားေပမယ့္ လူစုလူေဝးနဲ႔ ေအာင္ပြဲခံမႈေတြ မလုပ္ဖို႔ ျပင္းျပင္းထန္ထန္ သတိေပးထားျပီး လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ အမ်ားျပည္သူေတြကို ထိခိုက္ေစမယ့္ ကိစၥေတြ မပါဝင္တဲ့ ေအာင္ပြဲခံမႈေတြကိုသာ ျပဳလုပ္ၾကဖို႔ ပရိသတ္ေတြကို တိုက္တြန္းထားပါတယ္။