လီဗာပူးအသင်းရဲ့ လက်ရှိ အကောင်းဆုံး ကစားသမားဆိုရင် မာနေးလို့ ဆိုရမှာဖြစ်ပြီး သူ့ကိုယ်တော့ ဘလွန်းဒီအော့ဆုရှင် မက်ဆီကိုယ်တိုင်က ဘလွန်းဒီအော့ဆုအတွက် မဲပေးခဲ့သေးတာပါ။

မာနေးက လီဗာပူးအတွက် ဘာလို့ အရေးပါသလဲဆိုတဲ့ အချက်ကို စကိုင်းစပေါ့က အချက်အလက်ဆိုင်ရာ ဆွဲထုတ်မှု တစ်ခု ပြုလုပ်သွားပါတယ်။ အဲ့တာကတော့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုး သွင်းယူထားတဲ့ မာနေးဟာ လီဗာပူးအသင်းသားတွေထဲမှာ အမှတ်ရယူပေးမှု အမြင့်ဆုံးအဖြစ် ၁၈ မှတ်ထိ ရယူပေးထားပါတယ်။

မာနေးနည်းတူ ကလပ်အတွက် ရမှတ် အမြင့်ဆုံး ယူပေးထားသူတွေအဖြစ် ဝုဗ်မှ ဂျီမီနက်စ်ကလည်း ရမှတ် ၁၈ မှတ် ရယူပေးထားပြီး အာဆင်နယ်မှ အူဘာမီယန်က ၁၆ မှတ် ရယူပေးထားတယ်။ အသင်းဖော် ဆာလက်က ဒီရာသီမှာ လီဗာပူးအတွက် ရမှတ် ၁၀ မှတ် ရယူပေးထားပါတယ်။

ကစားသမားတွေရဲ့ ရမှတ် ရယူမှုကိုတော့ Opta က တွက်ချက်ပေးတာဖြစ်ပြီး တစ်ဦးချင်း သွင်းဂိုးနဲ့ အဆိုပါ သွင်းဂိုးရဲ့ သက်ရောက်မှုကို တွက်ချက်တာဖြစ်ပါတယ်။ ဒီတွက်ချက်မှု တိုက်စစ်သမားတွေက အသင်း သရေနဲ့ နိုင်ပွဲရစေမယ့် သွင်းဂိုးတွေကို သွင်းယူပေးတဲ့အတွက်ကိုပဲ တွက်ချက်ပြီး ၃-၀ နဲ့ နိုင်နေချိန်မှာ နောက်ထပ် ဂိုးတွေ သွင်းယူမှုလို အနေအထားကို ထည့်မတွက်ပါဘူး။

ဒါ့အပြင် နှစ်တိုင်းမှာ မာနေးဟာ လီဗာပူးရဲ့ သွင်းဂိုးတွေအတွက် ပါဝင်မှုနှုန်း မြှင့်တက်လာနေပါတယ်။ သူဟာ ၂၀၁၇-၂၀၁၈ မှာ လီဗာပူးအသင်း သွင်းဂိုး စုစုပေါင်းရဲ့ ၂၀% အတွက် ပါဝင်ပက်သက်ခဲ့ရာကနေ မနှစ်က ၂၆% နဲ့ ဒီရာသီမှာတော့ ၃၁% ထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဒါက မာနေးက လီဗာပူးအသင်းအတွက် အရေးပါဆုံး ကစားသမားဖြစ်လာတယ်လို့ ဆိုလိုပြီး တနည်းအားဖြင့် မာနေးရဲ့ ပိုမိုတိုးတက်လာမှုကြောင့် ပြိုင်ဘက်တွေက သူ့ကို ထိန်းချုပ်ဖို့ ပိုခက်ခဲလာတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ လက္ရွိ အေကာင္းဆံုး ကစားသမားဆုိရင္ မာေနးလို႔ ဆိုရမွာျဖစ္ျပီး သူ႔ကိုယ္ေတာ့ ဘလြန္းဒီေအာ့ဆုရွင္ မက္ဆီကိုယ္တိုင္က ဘလြန္းဒီေအာ့ဆုအတြက္ မဲေပးခဲ့ေသးတာပါ။

မာေနးက လီဗာပူးအတြက္ ဘာလို႔ အေရးပါသလဲဆိုတဲ့ အခ်က္ကို စကိုင္းစေပါ့က အခ်က္အလက္ဆိုင္ရာ ဆြဲထုတ္မႈ တစ္ခု ျပဳလုပ္သြားပါတယ္။ အဲ့တာကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၁၅ ဂိုး သြင္းယူထားတဲ့ မာေနးဟာ လီဗာပူးအသင္းသားေတြထဲမွာ အမွတ္ရယူေပးမႈ အျမင့္ဆံုးအျဖစ္ ၁၈ မွတ္ထိ ရယူေပးထားပါတယ္။

မာေနးနည္းတူ ကလပ္အတြက္ ရမွတ္ အျမင့္ဆံုး ယူေပးထားသူေတြအျဖစ္ ဝုဗ္မွ ဂ်ီမီနက္စ္ကလည္း ရမွတ္ ၁၈ မွတ္ ရယူေပးထားျပီး အာဆင္နယ္မွ အူဘာမီယန္က ၁၆ မွတ္ ရယူေပးထားတယ္။ အသင္းေဖာ္ ဆာလက္က ဒီရာသီမွာ လီဗာပူးအတြက္ ရမွတ္ ၁၀ မွတ္ ရယူေပးထားပါတယ္။

ကစားသမားေတြရဲ႕ ရမွတ္ ရယူမႈကိုေတာ့ Opta က တြက္ခ်က္ေပးတာျဖစ္ျပီး တစ္ဦးခ်င္း သြင္းဂိုးနဲ႔ အဆိုပါ သြင္းဂိုးရဲ႕ သက္ေရာက္မႈကို တြက္ခ်က္တာျဖစ္ပါတယ္။ ဒီတြက္ခ်က္မႈ တိုက္စစ္သမားေတြက အသင္း သေရနဲ႔ ႏုိင္ပြဲရေစမယ့္ သြင္းဂိုးေတြကို သြင္းယူေပးတဲ့အတြက္ကိုပဲ တြက္ခ်က္ျပီး ၃-၀ နဲ႔ ႏုိင္ေနခ်ိန္မွာ ေနာက္ထပ္ ဂိုးေတြ သြင္းယူမႈလို အေနအထားကို ထည့္မတြက္ပါဘူး။

ဒါ့အျပင္ ႏွစ္တုိင္းမွာ မာေနးဟာ လီဗာပူးရဲ႕ သြင္းဂိုးေတြအတြက္ ပါဝင္မႈႏႈန္း ျမွင့္တက္လာေနပါတယ္။ သူဟာ ၂၀၁၇-၂၀၁၈ မွာ လီဗာပူးအသင္း သြင္းဂိုး စုစုေပါင္းရဲ႕ ၂၀% အတြက္ ပါဝင္ပက္သက္ခဲ့ရာကေန မႏွစ္က ၂၆% နဲ႔ ဒီရာသီမွာေတာ့ ၃၁% ထိ တိုးတက္လာခဲ့တာျဖစ္ပါတယ္။

ဒါက မာေနးက လီဗာပူးအသင္းအတြက္ အေရးပါဆံုး ကစားသမားျဖစ္လာတယ္လို႔ ဆိုလိုျပီး တနည္းအားျဖင့္ မာေနးရဲ႕ ပိုမိုတိုးတက္လာမႈေၾကာင့္ ျပိဳင္ဘက္ေတြက သူ႔ကို ထိန္းခ်ဳပ္ဖို႔ ပိုခက္ခဲလာတယ္လို႔ အဓိပၸာယ္ရပါတယ္။