ကိုဗစ်ကြောင့် ၁၀၂ ရက်ကြာ ရပ်နားထားတဲ့ ဘောလုံးပွဲတွေ ပြန်စချိန်မှာ မာဆေးဆိုဒ်ဒါဘီပွဲအတွင်း ပါဝင်ကစားရင်း ဗဟိုခံစစ်မှူး မာတစ်က ဒဏ်ရာရသွားခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်အတွင်း ပြိုင်ဘက် အသင်းသားနဲ့ ထိတွေ့မှုဖြစ်ရာက ခြေချောင်းမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ကလော့ပ်က စိုးရိမ်စရာ မဟုတ်ဘူးလို့ ထုတ်ပြောခဲ့တယ်။ ဒါပေမယ့်လို့ ဒီကနေ့မှာပဲ ထုတ်ပြန်ကြေညာတဲ့ နောက်ဆုံး စစ်ဆေးမှုအရ သူ့ကို ဒီရာသီ လက်ကျန်ပွဲတွေမှာ ပါဝင်ကစားစေတော့မှာ မဟုတ်ပါဘူး။

မာတစ်ကတော့ “ ဒီရာသီ ကွင်းထဲကို ကျနော် ပြန်လည် ခြေချလာတော့မှာ မဟုတ်ပေမယ့် လာမယ့်ရာသီမှာတော့ ပြန်လည် ကစားနိုင်မှာပါ။ အသင်းကို လာမယ့်ရာသီမှာ တိုက်ရိုက် ကူညီမှုတွေ လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ” ဆိုပြီး အသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုသွားပါတယ်။

၂၀၁၆ ခုနှစ်မှာ လီဗာပူးအသင်းထံ ရောက်လာပြီးနောက်ပိုင်း မာတစ်အတွက် ၆ ကြိမ်မြောက် ဒဏ်ရာခြင်းဖြစ်ပြီး သူဟာ ဒီရာသီမှာလည်း ပွဲအများအပြားကို လွဲချော်ထားတာပါ။ မာတစ် မကစားနိုင်တာကြောင့် လီဗာပူး စီနီယာလူစာရင်းဟာ ဗဟိုခံစစ်မှူးနေရာအတွက် ၃ ဦးပဲ ကျန်ပါတော့တယ်။ ဗဟိုခံစစ်မှူး ဗန်ဒိုက်က ပုံမှန်ပွဲထွက်ခွင့် ရနေပြီး သူ့ရဲ့ တွဲဘက်အဖြစ် ဂိုးမက်စ်နဲ့ လိုဗရန်တို့ ရှိနေပါတယ်။

ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအရ လာမယ့် ပွဲတွေမှာလည်း ဗဟိုခံစစ်ကို အလှည့်ကျ လူထုတ်မှုတွေ လုပ်သွားဖွယ် ရှိနေသေးပြီး လူငယ် ဗဟိုခံစစ်မှူးတွေ နေရာရလာဖွယ်ရှိတယ်။ မန်နေဂျာကလော့ပ်ကတော့ နယ်သာလန်သား ဟိုဗာကို စီနီယာအသင်းအတွက် သုံးဖွယ် ရှိပါတယ်။

ဟိုဗာက လူငယ်တွေထဲမှာတော့ နာမည်ရနေတဲ့ ကစားသမားဖြစ်ပြီး သူဟာ ဗဟိုခံစစ်နဲ့ ညာအစွန်လူ နှစ်နေရာလုံး ကစားနိုင်သူပါ။ သူ့ရဲ့ အကောင်းဆုံးနေရာကို ရှာမတွေ့သေးဘဲ ရုပ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်လာရင်တော့ ဗဟိုခံစစ်မှူးနေရာကို အဓိက ကစားခွင့်ရမယ်လို့ သိထားရတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဟိုဗာက နီကိုး၊ ကားတစ်ဂျုံးနဲ့ ဟာဗေးတို့နည်းတူ စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းခွင့် ရထားသူဖြစ်တယ်။

ဟိုဗာဟာ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ပွဲထွက်မှုကို ဗဟိုခံစစ်မှူးနေရာက ကစားခွင့်ရခဲ့ပေမယ့် နောက်ပိုင်း စီနီယာပွဲတွေမှာ ညာအစွန်နေရာကပဲ ကစားနေရသူဖြစ်တယ်။ နောက်ထပ် နယ်သာလန်သား လူငယ် ဗဟိုခံစစ်မှူး ဗန်ဒန်ဘယ်ရာလည်း ရှိသေးပေမယ့် ဟိုဗာကိုပဲ ဦးစားပေးဖွယ်ရှိတယ်လို့ အသံထွက်နေပါတယ်။

ZAWGYI

ကိုဗစ္ေၾကာင့္ ၁၀၂ ရက္ၾကာ ရပ္နားထားတဲ့ ေဘာလံုးပြဲေတြ ျပန္စခ်ိန္မွာ မာေဆးဆိုဒ္ဒါဘီပြဲအတြင္း ပါဝင္ကစားရင္း ဗဟိုခံစစ္မွဴး မာတစ္က ဒဏ္ရာရသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္အတြင္း ျပိဳင္ဘက္ အသင္းသားနဲ႔ ထိေတြ႔မႈျဖစ္ရာက ေျခေခ်ာင္းမွာ ဒဏ္ရာရခဲ့တာျဖစ္ျပီး ကေလာ့ပ္က စိုးရိမ္စရာ မဟုတ္ဘူးလို႔ ထုတ္ေျပာခဲ့တယ္။ ဒါေပမယ့္လို႔ ဒီကေန႔မွာပဲ ထုတ္ျပန္ေၾကညာတဲ့ ေနာက္ဆံုး စစ္ေဆးမႈအရ သူ႔ကို ဒီရာသီ လက္က်န္ပြဲေတြမွာ ပါဝင္ကစားေစေတာ့မွာ မဟုတ္ပါဘူး။

မာတစ္ကေတာ့ “ ဒီရာသီ ကြင္းထဲကို က်ေနာ္ ျပန္လည္ ေျခခ်လာေတာ့မွာ မဟုတ္ေပမယ့္ လာမယ့္ရာသီမွာေတာ့ ျပန္လည္ ကစားႏုိင္မွာပါ။ အသင္းကို လာမယ့္ရာသီမွာ တိုက္ရိုက္ ကူညီမႈေတြ လုပ္ေပးႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” ဆိုျပီး အသင္းဝဘ္ဆိုဒ္ကေန ေျပာဆိုသြားပါတယ္။

၂၀၁၆ ခုႏွစ္မွာ လီဗာပူးအသင္းထံ ေရာက္လာျပီးေနာက္ပိုင္း မာတစ္အတြက္ ၆ ၾကိမ္ေျမာက္ ဒဏ္ရာျခင္းျဖစ္ျပီး သူဟာ ဒီရာသီမွာလည္း ပြဲအမ်ားအျပားကို လြဲေခ်ာ္ထားတာပါ။ မာတစ္ မကစားႏုိင္တာေၾကာင့္ လီဗာပူး စီနီယာလူစာရင္းဟာ ဗဟိုခံစစ္မွဴးေနရာအတြက္ ၃ ဦးပဲ က်န္ပါေတာ့တယ္။ ဗဟိုခံစစ္မွဴး ဗန္ဒိုက္က ပံုမွန္ပြဲထြက္ခြင့္ ရေနျပီး သူ႔ရဲ႕ တြဲဘက္အျဖစ္ ဂိုးမက္စ္နဲ႔ လိုဗရန္တို႔ ရွိေနပါတယ္။

ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈအရ လာမယ့္ ပြဲေတြမွာလည္း ဗဟိုခံစစ္ကို အလွည့္က် လူထုတ္မႈေတြ လုပ္သြားဖြယ္ ရွိေနေသးျပီး လူငယ္ ဗဟိုခံစစ္မွဴးေတြ ေနရာရလာဖြယ္ရွိတယ္။ မန္ေနဂ်ာကေလာ့ပ္ကေတာ့ နယ္သာလန္သား ဟိုဗာကို စီနီယာအသင္းအတြက္ သံုးဖြယ္ ရွိပါတယ္။

ဟိုဗာက လူငယ္ေတြထဲမွာေတာ့ နာမည္ရေနတဲ့ ကစားသမားျဖစ္ျပီး သူဟာ ဗဟိုခံစစ္နဲ႔ ညာအစြန္လူ ႏွစ္ေနရာလံုး ကစားႏုိင္သူပါ။ သူ႔ရဲ႕ အေကာင္းဆံုးေနရာကို ရွာမေတြ႔ေသးဘဲ ရုပ္ပိုင္းဆိုင္ရာ ပိုမိုၾကံ႕ခိုင္လာရင္ေတာ့ ဗဟိုခံစစ္မွဴးေနရာကို အဓိက ကစားခြင့္ရမယ္လို႔ သိထားရတယ္။ အသက္ ၁၈ ႏွစ္သာ ရွိေသးတဲ့ ဟိုဗာက နီကိုး၊ ကားတစ္ဂ်ံဳးနဲ႔ ဟာေဗးတို႔နည္းတူ စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးဆင္းခြင့္ ရထားသူျဖစ္တယ္။

ဟိုဗာဟာ လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ ပြဲထြက္မႈကို ဗဟိုခံစစ္မွဴးေနရာက ကစားခြင့္ရခဲ့ေပမယ့္ ေနာက္ပိုင္း စီနီယာပြဲေတြမွာ ညာအစြန္ေနရာကပဲ ကစားေနရသူျဖစ္တယ္။ ေနာက္ထပ္ နယ္သာလန္သား လူငယ္ ဗဟိုခံစစ္မွဴး ဗန္ဒန္ဘယ္ရာလည္း ရွိေသးေပမယ့္ ဟိုဗာကိုပဲ ဦးစားေပးဖြယ္ရွိတယ္လို႔ အသံထြက္ေနပါတယ္။