လီဗာပူးအသင်း ဥက္ကဌဖြစ်သူ ဝါနာက ကလပ်ရဲ့ အောင်မြင်မှုအတွက် ကျေနပ်ဂုဏ်ယူကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။

ဝါနာကတော့ မန်နေဂျာကလော့ပ်အပြင် အားကစားဒါရိုက်တာ မိုင်ကယ် အတ်ဝပ်ကိုပါ ကျေးဇူးတင်စကားတွေ ပြောဆိုခဲ့ပြီး နွေမှာ လိုအပ်တာတွေ လုပ်ဖို့အတွက် အခြေအနေ စောင့်ကြည့်မှုတွေ ဆက်လုပ်နေတယ်လို့ ဖွင့်ပြောခဲ့တယ်။

လီဗာပူးဥက္ကဌ ဝါနာက ” ယာဂင်ကလောပ့်နဲ့ မိုင်ကယ် အတ်ဝပ်တို့ကို စာတွေပို့ခဲ့ပြီး သီသန့် စကားပြောမှုတွေ လုပ်ခဲ့တယ်။ လိုရင်းကတော့ ဒီ သမိုင်းဝင် ကလပ်အသင်းကို မောင်းနင်းရတာအတွက် ကျနော် အရမ်း ဂုဏ်ယူပါတယ်။ အသင်းမှာ အနည်းဆုံး ၂၀၂၄ ခုနှစ်ထိ ယာဂင် ဆက်နေမှာအတွက်လည်း ကျနော် အသိအမှတ်ပြုတယ်။ ဘောလုံးမှာတော့ ဒါက ကာလရှည်ဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်က လီဗာပူးကို အပြည့်အဝ ထိန်းချုပ်မှုနဲ့အတူ ဂျွန်ဟင်နရီ ဝင်ရောက်လာခဲ့စဉ် ” ကျနော်တို့က နိုင်ပွဲယူဖို့ ရောက်လာတာပါ။ လိုအပ်တာ မှန်သမျှ ကျနေ်ာတို့ လုပ်ဆောင်သွားမှာပါ ” လို့ ကတိပေးစကား ပြောဆိုခဲ့တယ်။

ဂျွန်ဟင်နရီ ပေးတဲ့ ကတိအတိုင်း လီဗာပူးဟာ ချန်ပီယံလိဂ်ဖလားကို ပြန်လည် ကိုင်မြောက်နိုင်ခဲ့ပြီး ဒီရာသီမှာတော့ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို သူတို့လက်ထက်မှာ ပြန် အနိုင်ရခဲ့ပြီဖြစ်တယ်။ ဒီတော့ လီဗာပူးအသင်း အောင်မြင်ဖို့ရာ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေကို သူတို့က ဆက်ပြီး ဦးဆောင်သွားဖို့ ရှိနေပါတယ်။

အသင်းဥက္ကဌ ဝါနာကပဲ ” အပြောင်းအရွှေ့ကိစ္စ ပြောရမယ်ဆိုရင် ကျနော် ပြောနိုင်တာကတော့ ဈေးကွက်နဲ့ ပက်သက်ပြီး စမ်းစစ်မှုတွေကို ကျနေ်ာတို့ ဆက်ပြီး လုပ်သွားပါမယ်။ ဒီအခြေအနေမှာတော့ ဘာဆက်လုပ်ရမလဲ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဗိုင်းရပ်က အင်္ဂလိပ် ဘောလုံးလောကတင် မဟုတ်ဘဲ ကမ္ဘာဘောလုံးလောကကိုပါ သက်ရောက်မှု ရှိထားတာပါ ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္း ဥကၠဌျဖစ္သူ ဝါနာက ကလပ္ရဲ႕ ေအာင္ျမင္မႈအတြက္ ေက်နပ္ဂုဏ္ယူေၾကာင္း ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။

ဝါနာကေတာ့ မန္ေနဂ်ာကေလာ့ပ္အျပင္ အားကစားဒါရိုက္တာ မိုင္ကယ္ အတ္ဝပ္ကိုပါ ေက်းဇူးတင္စကားေတြ ေျပာဆိုခဲ့ျပီး ေႏြမွာ လိုအပ္တာေတြ လုပ္ဖို႔အတြက္ အေျခအေန ေစာင့္ၾကည့္မႈေတြ ဆက္လုပ္ေနတယ္လုိ႔ ဖြင့္ေျပာခဲ့တယ္။

လီဗာပူးဥကၠဌ ဝါနာက ” ယာဂင္ကေလာပ့္နဲ႔ မိုင္ကယ္ အတ္ဝပ္တို႔ကို စာေတြပို႔ခဲ့ျပီး သီသန္႔ စကားေျပာမႈေတြ လုပ္ခဲ့တယ္။ လိုရင္းကေတာ့ ဒီ သမိုင္းဝင္ ကလပ္အသင္းကို ေမာင္းနင္းရတာအတြက္ က်ေနာ္ အရမ္း ဂုဏ္ယူပါတယ္။ အသင္းမွာ အနည္းဆံုး ၂၀၂၄ ခုႏွစ္ထိ ယာဂင္ ဆက္ေနမွာအတြက္လည္း က်ေနာ္ အသိအမွတ္ျပဳတယ္။ ေဘာလံုးမွာေတာ့ ဒါက ကာလရွည္ျဖစ္ပါတယ္။ ” လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္က လီဗာပူးကို အျပည့္အဝ ထိန္းခ်ဳပ္မႈနဲ႔အတူ ဂၽြန္ဟင္နရီ ဝင္ေရာက္လာခဲ့စဥ္ ” က်ေနာ္တုိ႔က ႏုိင္ပြဲယူဖို႔ ေရာက္လာတာပါ။ လိုအပ္တာ မွန္သမွ် က်ေန္ာတို႔ လုပ္ေဆာင္သြားမွာပါ ” လို႔ ကတိေပးစကား ေျပာဆိုခဲ့တယ္။

ဂၽြန္ဟင္နရီ ေပးတဲ့ ကတိအတိုင္း လီဗာပူးဟာ ခ်န္ပီယံလိဂ္ဖလားကို ျပန္လည္ ကိုင္ေျမာက္ႏုိင္ခ့ဲျပီး ဒီရာသီမွာေတာ့ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို သူတို႔လက္ထက္မွာ ျပန္ အႏုိင္ရခဲ့ျပီျဖစ္တယ္။ ဒီေတာ့ လီဗာပူးအသင္း ေအာင္ျမင္ဖို႔ရာ မွန္ကန္တဲ့ လုပ္ေဆာင္မႈေတြကို သူတို႔က ဆက္ျပီး ဦးေဆာင္သြားဖို႔ ရွိေနပါတယ္။

အသင္းဥကၠဌ ဝါနာကပဲ ” အေျပာင္းအေရႊ႔ကိစၥ ေျပာရမယ္ဆိုရင္ က်ေနာ္ ေျပာနုိင္တာကေတာ့ ေစ်းကြက္နဲ႔ ပက္သက္ျပီး စမ္းစစ္မႈေတြကို က်ေန္ာတို႔ ဆက္ျပီး လုပ္သြားပါမယ္။ ဒီအေျခအေနမွာေတာ့ ဘာဆက္လုပ္ရမလဲ ရွင္းရွင္းလင္းလင္း မသိေသးပါဘူး။ ဗိုင္းရပ္က အဂၤလိပ္ ေဘာလံုးေလာကတင္ မဟုတ္ဘဲ ကမၻာေဘာလံုးေလာကကိုပါ သက္ေရာက္မႈ ရွိထားတာပါ ” လို႔ ဆိုခဲ့ပါတယ္။