တိုက်စစ်သမား မာနေးကတော့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်မြင်တာကို ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပြီး အသင်းက ရပ်တန့်သွားမှာ မဟုတ်ကြောင်းနဲ့ ဆက်ပြီး ယှဉ်ပြိုင်ဦးမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောဆိုပါတယ်။

မန်နေဂျာယာဂင်ကလော့ပ် လက်ထက် ၄ ခုမြောက် ဆုဖလားအဖြစ် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲ ကစားဖို့ အလိုမှာတင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာ ကလပ်များကမ္ဘာဖလားတို့အပြင် ၂၀၂၀ မှာတော့ နှစ်ပေါင်း ၃၀ စောင့်ဆိုင်းနေရတဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို လီဗာပူးက အောင်မြင်ခဲ့ပါပြီ။

လီဗာပူးအသင်းသားတွေနဲ့အတူ ပရိသတ်တွေက အသင်းရဲ့ အောင်မြင်မှုကို ဂုဏ်ယူနေကြတယ်။ မာနေးကတော့ ဒီရာသီအတွက် ကျေနပ်ပေမယ့် လာမယ့် ရာသီမှာလည်း အောင်မြင်မှုတွေ ဆက်ယူဖို့ လိုမယ်လို့ သတိပေးစကား ပြောဆိုပါတယ်။

မာနေးက ” အသင်းပရိသတ်တွေကို ကျနော် ပေးလိုတဲ့ မက်ဆေ့ကတော့ သူတို့ကို ဘယ်လောက်လွမ်းရသလဲဆိုတာနဲ့ သူတို့လည်း ကျနေ်ာတို့ကို သတိရေနေမယ်ဆိုတာ သိထားတဲ့အကြောင်းပါ။ တစ်ချိန်ထဲမှာပဲ အခြေအနေကို အားလုံးလည်း နားလည်မယ်လို့ ထင်ပါတယ်။ အခုချိန်မှာတော့ အတူရှိနေကြဖို့ အဆင်မပြေပါဘူး။

ဒါပေမယ့် ကျနေ်ာတို့က သူတို့အတွက်ပဲ လီဗာပူးမှာ ဆက်ရှိနေမှာပါ။ အသင်းပရိသတ်တွေ ဂုဏ်ယူရအောင် ဖြစ်နိုင်သလောက် အားလုံးကို ကျနေ်ာတို့တွေ ကြိုးစားသွားမှာဖြစ်တယ်။ ပွဲတိုင်းမှာ ဂုဏ်ယူစေရပါမယ်။ နောက်ပြီး အနာဂတ်မှာတော့ ကျနေ်ာတို့တွေ အတူကတွ ပျော်ရွှင်နိုင်မယ်၊ ကောင်းမွန်တဲ့ ပါတီပေးနိုင်မယ်လို့ ထင်ပါတယ်။

ကောင်းတဲ့အရာတွေကလည်း အတူတကွ ထပ်ရောက်လာမှာပါ။ နောက်ပြီး လာမယ့်ရာသီအတွက်လည်း စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ရာ ကျနေ်ာတို့ အသင့်ပြင်ထားရပါမယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

တိုက္စစ္သမား မာေနးကေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ေအာင္ျမင္တာကို ဂုဏ္ယူေၾကာင္း ေျပာဆိုခဲ့ျပီး အသင္းက ရပ္တန္႔သြားမွာ မဟုတ္ေၾကာင္းနဲ႔ ဆက္ျပီး ယွဥ္ျပိဳင္ဦးမယ္လို႔ ပရိသတ္ေတြကို ကတိေပးစကား ေျပာဆိုပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ထက္ ၄ ခုေျမာက္ ဆုဖလားအျဖစ္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ပြဲ ၇ ပြဲ ကစားဖို႔ အလိုမွာတင္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမာက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ခုႏွစ္အတြင္း ခ်န္ပီယံလိဂ္ဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလား၊ ဖီဖာ ကလပ္မ်ားကမၻာဖလားတို႔အျပင္ ၂၀၂၀ မွာေတာ့ ႏွစ္ေပါင္း ၃၀ ေစာင့္ဆိုင္းေနရတဲ့ ပရီးမီးယားလိဂ္ဖလားတို႔ကို လီဗာပူးက ေအာင္ျမင္ခဲ့ပါျပီ။

လီဗာပူးအသင္းသားေတြနဲ႔အတူ ပရိသတ္ေတြက အသင္းရဲ႕ ေအာင္ျမင္မႈကို ဂုဏ္ယူေနၾကတယ္။ မာေနးကေတာ့ ဒီရာသီအတြက္ ေက်နပ္ေပမယ့္ လာမယ့္ ရာသီမွာလည္း ေအာင္ျမင္မႈေတြ ဆက္ယူဖို႔ လိုမယ္လို႔ သတိေပးစကား ေျပာဆိုပါတယ္။

မာေနးက ” အသင္းပရိသတ္ေတြကို က်ေနာ္ ေပးလိုတဲ့ မက္ေဆ့ကေတာ့ သူတို႔ကို ဘယ္ေလာက္လြမ္းရသလဲဆိုတာနဲ႔ သူတို႔လည္း က်ေန္ာတို႔ကို သတိေရေနမယ္ဆိုတာ သိထားတဲ့အေၾကာင္းပါ။ တစ္ခ်ိန္ထဲမွာပဲ အေျခအေနကို အားလံုးလည္း နားလည္မယ္လို႔ ထင္ပါတယ္။ အခုခ်ိန္မွာေတာ့ အတူရွိေနၾကဖို႔ အဆင္မေျပပါဘူး။

ဒါေပမယ့္ က်ေန္ာတို႔က သူတို႔အတြက္ပဲ လီဗာပူးမွာ ဆက္ရွိေနမွာပါ။ အသင္းပရိသတ္ေတြ ဂုဏ္ယူရေအာင္ ျဖစ္ႏုိုင္သေလာက္ အားလံုးကို က်ေန္ာတို႔ေတြ ၾကိဳးစားသြားမွာျဖစ္တယ္။ ပြဲတိုင္းမွာ ဂုဏ္ယူေစရပါမယ္။ ေနာက္ျပီး အနာဂတ္မွာေတာ့ က်ေန္ာတို႔ေတြ အတူကတြ ေပ်ာ္ရႊင္ႏုိင္မယ္၊ ေကာင္းမြန္တဲ့ ပါတီေပးႏုိင္မယ္လို႔ ထင္ပါတယ္။

ေကာင္းတဲ့အရာေတြကလည္း အတူတကြ ထပ္ေရာက္လာမွာပါ။ ေနာက္ျပီး လာမယ့္ရာသီအတြက္လည္း စိန္ေခၚမႈေတြကို ရင္ဆိုင္သြားဖို႔ရာ က်ေန္ာတို႔ အသင့္ျပင္ထားရပါမယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။