မို ဆာလက်က ချန်ပီယံလိဂ်ဖလားကိုကော ပရီးမီးယားလိဂ်ဖလားကိုပါ အောင်မြင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာတာအတွက် ဘယ်လောက်တောင် ပျော်ရွှင်ရသလဲဆိုတာကို ရှင်းပြဖို့ ခက်ခဲလှတယ်လို့ ပြောလာပါတယ်။

လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေပဲ ဆာလက်က ” ကျနော် စကားလုံးနဲ့တောင် မပြောတတ်ဘူးဗျ။ အဲ့တာက ပြောရ သိပ်ခက်ပါတယ်။ ကျနော် လီဗာပူးကို ရောက်လာတော့ ပရီးမီးယားလိဂ်ဖလား အနိုင်ရလိုတယ်လို့ ပြောခဲ့တယ်။ အဲ့တာက ကျနော် ခေါင်းထဲမှာရှိတဲ့ ပထမဆုံး ကိစ္စပါပဲ။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို အနိုင်ရချင်တယ်။

လူတွေက ပြောကြတယ် ‘အခုနေ နှစ်ခုထဲက တစ်ခုရွေးဆိုရင် ဘယ်ဖလားကို ရွေးမလဲ?’ တဲ့။ အခုချိန်မှာတော့ ကျနော် ပြောနိုင်တာ နှစ်ခုလုံးကို ရွေးပါမယ်။

ပရီးမီးယားလိဂ်ဖလားကို အနိုင်ရပြီလို့ အခု ကျနော် ပြောနိုင်ပါပြီ။ ကျနေ်ာတို့ နိုင်ခဲ့ပါပြီ။ လီဗာပူးမြို့အတွက် ဒီဖလားက တကယ်ကို ထူးရှယ်ကြီးပါ။ လူတိုင်းက ရလဒ်အတွက် သိပ်ပျော်နေကြတယ်။ ပရီးမီးယားလိဂ်နဲ့ ပက်သက်ပြီး အားလုံးက အရူးအမူးပါပဲ။

လူတိုင်းအတွက် မယုံနိုင်စရာ ခံစားချက်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က လီဗာပူးပရိသတ်တွေ အတွက်ကောပေါ့။ သူတို့ရဲ့ အားပေးမှုတွေ မပါဘဲ ကျနေ်ာတို့ ဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ အရမ်းကောင်းကောင်း လုပ်ခဲ့ပါတယ်။ ကစားသမားတွေလည်း သိပ်ကောင်းခဲ့တယ်။ အရမ်းကောင်းတဲ့ ခံစားချက်ပါပဲ။ ဒါကို စကားလုံးနဲ့ မရှင်းပြနိုင်ပါဘူး။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာတော့ ဆာလက်ဟာ ပရီးမီးယားလိဂ်မှာ ကိုယ်တိုင် ၁၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားနိုင်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် ရေပန်းစား ကစားသမားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပါတယ်။

ZAWGYI

မို ဆာလက္က ခ်န္ပီယံလိဂ္ဖလားကိုေကာ ပရီးမီးယားလိဂ္ဖလားကိုပါ ေအာင္ျမင္တဲ့ ကစားသမားတစ္ဦး ျဖစ္လာတာအတြက္ ဘယ္ေလာက္ေတာင္ ေပ်ာ္ရႊင္ရသလဲဆိုတာကို ရွင္းျပဖို႔ ခက္ခဲလွတယ္လို႔ ေျပာလာပါတယ္။

လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေနပဲ ဆာလက္က ” က်ေနာ္ စကားလံုးနဲ႔ေတာင္ မေျပာတတ္ဘူးဗ်။ အဲ့တာက ေျပာရ သိပ္ခက္ပါတယ္။ က်ေနာ္ လီဗာပူးကို ေရာက္လာေတာ့ ပရီးမီးယားလိဂ္ဖလား အႏုိင္ရလိုတယ္လို႔ ေျပာခဲ့တယ္။ အဲ့တာက က်ေနာ္ ေခါင္းထဲမွာရွိတဲ့ ပထမဆံုး ကိစၥပါပဲ။ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို အႏုိင္ရခ်င္တယ္။

လူေတြက ေျပာၾကတယ္ ‘အခုေန ႏွစ္ခုထဲက တစ္ခုေရြးဆိုရင္ ဘယ္ဖလားကို ေရြးမလဲ?’ တဲ့။ အခုခ်ိန္မွာေတာ့ က်ေနာ္ ေျပာႏုိင္တာ ႏွစ္ခုလံုးကို ေရြးပါမယ္။

ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရျပီလို႔ အခု က်ေနာ္ ေျပာႏုိင္ပါျပီ။ က်ေန္ာတို႔ ႏုိင္ခဲ့ပါျပီ။ လီဗာပူးျမိဳ႔အတြက္ ဒီဖလားက တကယ္ကို ထူးရွယ္ၾကီးပါ။ လူတိုင္းက ရလဒ္အတြက္ သိပ္ေပ်ာ္ေနၾကတယ္။ ပရီးမီးယားလိဂ္နဲ႔ ပက္သက္ျပီး အားလံုးက အရူးအမူးပါပဲ။

လူတိုင္းအတြက္ မယံုႏုိင္စရာ ခံစားခ်က္ျဖစ္ပါတယ္။ ကမၻာအႏွံ႔က လီဗာပူးပရိသတ္ေတြ အတြက္ေကာေပါ့။ သူတို႔ရဲ႕ အားေပးမႈေတြ မပါဘဲ က်ေန္ာတို႔ ဒီလို လုပ္ႏုိင္မွာ မဟုတ္ပါဘူး။ သူတို႔ အရမ္းေကာင္းေကာင္း လုပ္ခဲ့ပါတယ္။ ကစားသမားေတြလည္း သိပ္ေကာင္းခဲ့တယ္။ အရမ္းေကာင္းတဲ့ ခံစားခ်က္ပါပဲ။ ဒါကို စကားလံုးနဲ႔ မရွင္းျပႏုိင္ပါဘူး။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီရာသီမွာေတာ့ ဆာလက္ဟာ ပရီးမီးယားလိဂ္မွာ ကိုယ္တုိင္ ၁၇ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ လုပ္ထားႏုိင္ပါတယ္။ သူဟာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုအတြက္ ေရပန္းစား ကစားသမားတစ္ဦး ျဖစ္ေနဆဲ ျဖစ္ပါတယ္။