လီဗာပူးအသင်းဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ ‘Klopp for the Kop’ ဆိုတဲ့ ပရိသတ်တွေရဲ့ ကြွေးကြော်မှုအတိုင်း မန်နေဂျာကလော့ပ်ကို လီဗာပူးမန်နေဂျာသစ်အဖြစ် ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့်လို့ ဘရန်ဒန်ရော်ဂျာနေရာ အစားထိုးဖို့ လီဗာပူးအသင်း တာဝန်ရှိသူတွေက ဆန်ကာတင် သုံးဦးကို ရွေးချယ်ခဲ့ကြတယ်။ သူတို့ရဲ့ ရွေးချယ်မှုမှာတော့ ဝါရင့်မန်နေဂျာ အန်ဆယ်လော့တီ၊ မန်နေဂျာယာဂင်ကလော့ပ်နဲ့ မန်နေဂျာ ဟိုဝီတို့ဖြစ်ကြတယ်လို့ The Athletic က ဖော်ပြပါတယ်။

မန်နေဂျာ အန်ဆယ်လေ့ာတီက ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာမယ် သတင်းကြီးနေတာဖြစ်ပြီး မန်နေဂျာကလော့ပ်ကတော့ ဒေါ့မွန်ကနေ ထွက်ခွာပြီး အနားယူထားတာြစ်တယ်။ သူတို့နှစ်ဦးက ဥရောပ အတွေ့အကြုံရှိပြီး ဟိုဝီကတော့ ထိုစဉ်က အသက် ၃၇ သာ ရှိသေးပြီး လူငယ်မန်နေဂျာအဖြစ် နာမည်ရလာချိန်ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ထံ ပို့ဆောင်ပေးခဲ့တဲ့ ဟိုဝီကို လီဗာပူးက အတော်လေး သဘောကျခဲ့တယ်။ လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ ကစားဟန်ကို ဖော်ဆောင်နိုင်တဲ့ ဟိုဝီကို လီဗာပူးဘက်က လေ့လာမှုကြီးတွေလည်း လုပ်ခဲ့သေးတာဖြစ်တယ်။

လီဗာပူးတာဝန်ရှိသူတွေက အသက် ၂၆ နှစ်ထက် မကျော်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူဖို့ဆိုတဲ့ အပြောင်းအရွှေ့ ပေါ်လစီ ချမှတ်ရာမှာ အန်ဆယ်လော့တီထက် ကလော့ပ်နဲ့ ဟိုဝီတို့က ပိုမို အံဝင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဥရောပအတွေ့အကြုံအတွက် တွက်ချက်ရာမှာတော့ ဟိုဝီက အတွေ့အကြုံမရှိတာကြောင့် ယာဂင်ကလော့ပ်ကိုပဲ ဦးတည် ကမ်းလှမ်းမှု လုပ်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာမွာ ‘Klopp for the Kop’ ဆိုတဲ့ ပရိသတ္ေတြရဲ႕ ေၾကြးေၾကာ္မႈအတိုင္း မန္ေနဂ်ာကေလာ့ပ္ကို လီဗာပူးမန္ေနဂ်ာသစ္အျဖစ္ ေခၚယူခဲ့ပါတယ္။

ဒါေပမယ့္လို႔ ဘရန္ဒန္ေရာ္ဂ်ာေနရာ အစားထိုးဖို႔ လီဗာပူးအသင္း တာဝန္ရွိသူေတြက ဆန္ကာတင္ သံုးဦးကို ေရြးခ်ယ္ခဲ့ၾကတယ္။ သူတို႔ရဲ႕ ေရြးခ်ယ္မႈမွာေတာ့ ဝါရင့္မန္ေနဂ်ာ အန္ဆယ္ေလာ့တီ၊ မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ မန္ေနဂ်ာ ဟိုဝီတို႔ျဖစ္ၾကတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

မန္ေနဂ်ာ အန္ဆယ္ေလ့ာတီက ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာမယ္ သတင္းၾကီးေနတာျဖစ္ျပီး မန္ေနဂ်ာကေလာ့ပ္ကေတာ့ ေဒါ့မြန္ကေန ထြက္ခြာျပီး အနားယူထားတာျစ္တယ္။ သူတို႔ႏွစ္ဦးက ဥေရာပ အေတြ႔အၾကံဳရွိျပီး ဟိုဝီကေတာ့ ထိုစဥ္က အသက္ ၃၇ သာ ရွိေသးျပီး လူငယ္မန္ေနဂ်ာအျဖစ္ နာမည္ရလာခ်ိန္ျဖစ္ပါတယ္။

ဘုန္းေမာက္အသင္းကို သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအၾကိမ္အျဖစ္ ပရီးမီးယားလိဂ္ထံ ပို႔ေဆာင္ေပးခဲ့တဲ့ ဟိုဝီကို လီဗာပူးက အေတာ္ေလး သေဘာက်ခဲ့တယ္။ လူငယ္ကစားသမားေတြကို ေျမေတာင္ေျမွာက္ေပးႏုိင္ျပီး ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္ကို ေဖာ္ေဆာင္ႏုိင္တဲ့ ဟိုဝီကို လီဗာပူးဘက္က ေလ့လာမႈၾကီးေတြလည္း လုပ္ခဲ့ေသးတာျဖစ္တယ္။

လီဗာပူးတာဝန္ရွိသူေတြက အသက္ ၂၆ ႏွစ္ထက္ မေက်ာ္တဲ့ ကစားသမားေတြကိုပဲ ေခၚယူဖို႔ဆိုတဲ့ အေျပာင္းအေရႊ႔ ေပၚလစီ ခ်မွတ္ရာမွာ အန္ဆယ္ေလာ့တီထက္ ကေလာ့ပ္နဲ႔ ဟိုဝီတို႔က ပိုမို အံဝင္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ဥေရာပအေတြ႔အၾကံဳအတြက္ တြက္ခ်က္ရာမွာေတာ့ ဟိုဝီက အေတြ႔အၾကံဳမရွိတာေၾကာင့္ ယာဂင္ကေလာ့ပ္ကိုပဲ ဦးတည္ ကမ္းလွမ္းမႈ လုပ္ခဲ့တာျဖစ္ပါတယ္။