လီဗာပူးအသင်းဟာ ၂၀၁၉ မှာ ချန်ပီယံလိဂ်ဖလား အနိုင်ရပြီး ၂၀၂၀ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပါပြီ။ ထိုနည်းတူပဲ လီဗာပူးအသင်းဟာ မျိုးဆက် အပြောင်းအလဲမှာ မော်ဒန်အသင်းတစ်သင်းအဖြစ် အသွင်ပြောင်းလာခဲ့ရပါတယ်။

ဒီနောက်ပိုင်းနှစ်တွေမှာ လီဗာပူးက အပြောင်းအရွှေ့ထဲကိုလည်း အသုံးစရိတ်တွေ သုံးမှုတွေ ပြန်လုပ်လာနိုင်ပြီဖြစ်တယ်။ ဒါပေမယ့် ၁၉၈၀ ဝန်းကျင်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီကာလတွေမှာ နှစ်အတန်ကြာ ကျဆုံးမှုတွေ ရင်ဆိုင်ခဲ့ရတဲ့နောက် ဘောလုံးကမ္ဘာရဲ့ ကျားကြီးတွေကို အလိုက်မှီဖို့ဟာ အခုမှ အစပျိုးနေတာဖြစ်ပါတယ်။

၂၀၁၀ မှာ လီဗာပူးအသင်းကို FSG အဖွဲ့ ပေါင် သန်း ၃၀၀ ဖြင့် လွဲယူပြီးနောက်ပိုင်း သူတို့ဟာ ဂန္တဝင်အသင်းကို မော်ဒန်ခေတ်မှာ ရပ်တည်နိုင်ဖို့ စတင်ဆောင်ရွက်လာပါတယ်။ ဝမ်းသာစရာက နှစ်တိုင်းမှာ လီဗာပူးက အခြေအနေ ပိုကောင်းလာခဲ့တာပါ။ ကလပ် တကယ်တမ်း ဦးမော့လာတာကတော့ ၂၀၁၈ ခုနှစ်မှာဖြစ်ပြီး ဝင်ငွေ ပေါင် ၄၅၅ သန်း ရှိခဲ့ပါတယ်။ အဆိုပါ မတိုင်ခင် ၇ နှစ်အတွင်း လီဗာပူးက အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာ လီဗာပူးအသင်းက ဝင်ငွေ ပေါင် သန်း ၅၀၀ ကျော်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးပိုင်ရှင် FSG ပိုင်ဆိုင်တဲ့ ဘေ့စ်ဘောအသင်း Red Sox ရဲ့ ဝင်ငွေက မာဆေးဆိုဒ်အသင်းထံ ပေါင်း သန်း ၈၀၀ ပိုမို များပြားပါတယ်။ ကွာခြားချက် တစ်ခုရှိတာက ဘေ့စ်ဘောအသင်းထက်တောင် လီဗာပူးအသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ အမာခံပရိသတ် ပိုများတာပါပဲ။

ဒီအကြောင်းတွေကို ပြောပြခဲ့သူက ၂၀၀၄ ခုနှစ်မှာ Fenway Sports Group ကို ဝင်ရောက်ခဲ့ပြီး လက်ရှိ လီဗာပူးအသင်းရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲ (CCO) Billy Hogan ပဲ ဖြစ်ပါတယ်။ CCO ဆိုတာက လီဗာပူးအသင်းရဲ့ စီးပွားရေးဆိုင်ရာ ကိစ္စအားလုံးကို တာဝန်ယူ ကိုင်တွယ်သူကို ဆိုလိုပါတယ်။ လီဗာပူးဟာ ဒီ နှစ်နှစ်အတွင်း စပွန်ဆာအသစ်တွေ အများကြီးကို ရှာဖွေလာနိုင်ခဲ့တယ်။

၂၀၁၂ ခုနှစ်မှာ လီဗာပူးရဲ့ ဂျာစီစပွန်ဆာ Adidas က FSG လက်အောက် လီဗာပူးအသင်းအတွက် ပေးရမယ့် ဂျာစီကြေးကို မတန်ဘူးလို့ ယူဆတာကြောင့် အသင်းနဲ့ သက်တမ်းမတိုးလိုဘဲ လမ်းခွဲခဲ့ပါတယ်။ လီဗာပူးက အစကနေ ပြန်စခဲ့ရပြီး ဂျာစီ စပွန်ဆာအဖြစ် ဘယ်သူမှ မသိလှတဲ့ အမေရိကန်က ဘော်စတွန်အခြေစိုက် ရေခဲပြင်နဲ့ အခြားသော အားကစားအကျီတွေ ထုတ်တဲ့ ကုမ္ပဏီ Warrior Sports နဲ့ တစ်နှစ်ကို ပေါင် ၂၅ သန်း တန်ကြေးရှိစာချုပ် ချုပ်ခဲ့ရပါတယ်။

သုံးနှစ်အကြာမှာတော့ လီဗာပူးဟာ Warrior Sports ရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ New Balance က လီဗာပူးကို ပြောင်းလဲ စပွန်ဆာပေးပါတယ်။ ၂၀၂၀ မှာတော့ လီဗာပူးကို စပွန်ဆာပေးလိုတဲ့ ကုမ္ပဏီတွေထဲမှာ ယခင် လီဗာပူးကို လမ်းခွဲခဲ့တဲ့ Adidas အပြင် Nike နဲ့ New Balance တို့ကလည်း အပြိုင်ဖြစ်ခဲ့ပါတယ်။

လီဗာပူးအသင်း တာဝန်ရှိသူတွေက သစ္စာရှိတဲ့ လက်တွဲမှုတွေအဖြစ် New Balance လို ကုမ္ပဏီနဲ့ လက်တွဲတာ၊ အခြားသော ရေရှည် လက်တွဲမှုတွေကိုပဲ အသားပေးတာမျိုး လုပ်လိုပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းက ခေတ်သစ် စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရပြီး လူငယ်ပရိသတ်တွေထုတွေကို ပိုင်ဆိုင်လာခဲ့ပါတယ်။

ခေတ်သစ် ပရိသတ်တွေက လီဗာပူးက သမိုင်းကြောင်း ဘယ်လောက်ထိ ကြီးမားသလဲဆိုတာကို သိပ်ဂရုမစိုက်ပါဘူး။ လီဗာပူး၊ ယူနိုက်တက်တို့ကို အမာခံအားပေးတဲ့ ရှေးရိုးဆန် ပရိသတ် အနေအထားကနေ ခွဲထွက်လာပြီး သူတို့က မန်စီးတီးနဲ့ ချယ်ဆီးလို အောင်မြင်မှုတွေကို တည်ဆောက်ပေးတာကိုပဲ လိုချင်ပါတယ်။ FSG က ဒီအချက်ကို နားလည်လာခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ ပုံစံပြောင်းမှုတွေကို စတင်လာခဲ့ပါတယ်။

လီဗာပူးအသင်းက အသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါလှတဲ့ New Balance နဲ့ ဆက်လက် လက်တွဲလိုပြီး New Balance ထံကရတဲ့ စာချုပ်သစ်ကလည်း သိပ်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကလပ်အသင်း လိုအပ်တာက ကောင်းမွန်တဲ့ စာချုပ် မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့ မျိုးဆက်တွေနဲ့အတူ အသင်း ရေရှည် ရပ်တည်နိုင်ဖို့ အကောင်းဆုံးဆိုတဲ့ စာချုပ်တွေ လိုလာခဲ့တယ်။ ဒီအခြေအနေမှာ Nike က New Balance ထက် ပိုကောင်းတဲ့ မက်လုံးတွေ ပေးလာခြင်းကြောင့် လီဗာပူးက အပြောင်းအလဲကို လုပ်ဆောင်လာခဲ့တာဖြစ်တယ်။

ထိပ်တန်း ကစားသမားတွေ ခေါ်ယူရေးမှာလည်း လက်မတွန့်တော့တဲ့ လီဗာပူးက စပွန်ဆာ ကုမ္ပဏီတွေကို သစ္စာရှိစွာ လက်တွဲမှုထက် ကလပ်ကို အကျိုးဖြစ်မယ့် လက်တွဲမှုတွေကို ပြောင်းလဲလာခဲ့တယ်။ အကြီးမားဆုံး အပြောင်းအလဲထဲမှာတော့ Electronic Arts ကုမ္ပဏီမှ စီအီးအိုဖြစ်ပြီး လီဗာပူး အမာခံပရိသတ်ဖြစ်တဲ့ ပီတာမိုးကို လီဗာပူးအတွက် ခေါ်ယူခဲ့ခြင်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းက လွတ်လပ်သော လီဗာပူးအမာခံ ပရိသတ်အဖွဲ့တွေဖြစ်တဲ့ Redmen TV (တီဗီပရိုဂရမ်) နဲ့ Empire of the Kop (ဖန်းဝဘ်ဆိုဒ်) တွေကိုပါ ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးအမာခံ ပရိသတ်တွေဖြစ်ပြီး ကိုယ်ပိုင် ရပ်တည်ချက်တွေရှိတဲ့ Jamie Webster နဲ့ သူ့ရဲ့ BOSS Night အဖွဲ့ကို လီဗာပူးအသင်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေနဲ့ အားပေးထောက်ခံမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းက နောက်ခံပေးမှုနဲ့အတူ BOSS Night ဟာ မက်ဒရစ်မှာ လုပ်တဲ့ events တွေမှာ လီဗာပူးဂန္တဝင်တွေပါ ပါဝင်လာခဲ့တယ်။

လီဗာပူးတာဝန်ရှိသူတွေ နားလည်လာတာက ငယ်ရွယ်တဲ့ လူငယ်ပရိသတ်တွေကို ဆွဲဆောင်ထားပြီး အသင်းကို သူတို့ စွန့်ခွာမသွားဖို့ ကြိုးစားရမှာဖြစ်တယ်။ ထိုနည်းတူ ဈေးကွက်သစ်တွေကိုလည်း ချဲ့ထွင်းသွားရပါမယ်။ ဒါကြောင့်လည်း ဟိုဂန် ဦးဆောင်တဲ့ စီပွားရေး ဌာနခွဲက တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်တို့မှာ လီဗာပူးအသင်းအတွက် ဈေးကွက်ချဲ့ဖို့ ကြိုးစားလာနေတာ ဖြစ်ပြီး ဒီအတွက်လည်း အစီအစဉ်တွေ ဆွဲလာရတယ်လို့ ဟိုဂန်က ပြောပြခဲ့တယ်။

ကမ္ဘာလုံးဆိုင်ရာ အမှတ်အသားတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းတွေနဲ့ ရင်ဘောင်တန်းလာဖို့ လီဗာပူးက စီမံကိန်းတွေ ချမှတ်လာပါတယ်။ အခုချိန်ထိတော့ လီဗာပူးက ထိပ်ဆုံးအဆင့်တွေကို ခိုင်ခိုင်မာမာ မရောက်သေးပါဘူး။ ဒါပေမယ့် ကလော့ပ်နဲ့အတူ အောင်မြင်မှုတွေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် မကြာခင် နှစ်တွေမှာ လီဗာပူးအမှတ်တံဆိပ်ဟာ ကမ္ဘာလုံးဆိုင်ရာ အနေအထားမှာ မြဲမြဲမြံမြံ ရပ်တည်လာနိုင်မှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – ဟန်သာ

(The Athletic မှ ဆောင်းပါးရှင် Matt Slater ရဲ့ လီဗာပူးရဲ့ စီးပွားရေးဆိုင်ရာ ခြေလှမ်းအပြောင်းအလဲ သုံးသပ်ချက်ကို ကိုးကား ရေးသားပါသည်။)

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၁၉ မွာ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရျပီး ၂၀၂၀ ခုႏွစ္မွာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရခဲ့ပါျပီ။ ထိုနည္းတူပဲ လီဗာပူးအသင္းဟာ မ်ိဳးဆက္ အေျပာင္းအလဲမွာ ေမာ္ဒန္အသင္းတစ္သင္းအျဖစ္ အသြင္ေျပာင္းလာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းႏွစ္ေတြမွာ လီဗာပူးက အေျပာင္းအေရႊ႔ထဲကိုလည္း အသံုးစရိတ္ေတြ သံုးမႈေတြ ျပန္လုပ္လာႏုိင္ျပီျဖစ္တယ္။ ဒါေပမယ့္ ၁၉၈၀ ဝန္းက်င္က လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ လီဗာပူးအသင္းဟာ ဒီကာလေတြမွာ ႏွစ္အတန္ၾကာ က်ဆံုးမႈေတြ ရင္ဆိုင္ခဲ့ရတဲ့ေနာက္ ေဘာလံုးကမၻာရဲ႕ က်ားၾကီးေတြကို အလိုက္မွီဖို႔ဟာ အခုမွ အစပ်ိဳးေနတာျဖစ္ပါတယ္။

၂၀၁၀ မွာ လီဗာပူးအသင္းကို FSG အဖြဲ႔ ေပါင္ သန္း ၃၀၀ ျဖင့္ လြဲယူျပီးေနာက္ပိုင္း သူတို႔ဟာ ဂႏၱဝင္အသင္းကို ေမာ္ဒန္ေခတ္မွာ ရပ္တည္ႏုိင္ဖို႔ စတင္ေဆာင္ရြက္လာပါတယ္။ ဝမ္းသာစရာက ႏွစ္တုိင္းမွာ လီဗာပူးက အေျခအေန ပိုေကာင္းလာခဲ့တာပါ။ ကလပ္ တကယ္တမ္း ဦးေမာ့လာတာကေတာ့ ၂၀၁၈ ခုႏွစ္မွာျဖစ္ျပီး ဝင္ေငြ ေပါင္ ၄၅၅ သန္း ရွိခဲ့ပါတယ္။ အဆိုပါ မတိုင္ခင္ ၇ ႏွစ္အတြင္း လီဗာပူးက အေတာ္ေလး ရုန္းကန္ခဲ့ရပါတယ္။

၂၀၁၉ ခုႏွစ္မွာ လီဗာပူးအသင္းက ဝင္ေငြ ေပါင္ သန္း ၅၀၀ ေက်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ လီဗာပူးပိုင္ရွင္ FSG ပိုင္ဆိုင္တဲ့ ေဘ့စ္ေဘာအသင္း Red Sox ရဲ႕ ဝင္ေငြက မာေဆးဆိုဒ္အသင္းထံ ေပါင္း သန္း ၈၀၀ ပိုမို မ်ားျပားပါတယ္။ ကြာျခားခ်က္ တစ္ခုရွိတာက ေဘ့စ္ေဘာအသင္းထက္ေတာင္ လီဗာပူးအသင္းရဲ႕ ကမၻာလံုးဆိုင္ရာ အမာခံပရိသတ္ ပိုမ်ားတာပါပဲ။

ဒီအေၾကာင္းေတြကို ေျပာျပခဲ့သူက ၂၀၀၄ ခုႏွစ္မွာ Fenway Sports Group ကို ဝင္ေရာက္ခဲ့ျပီး လက္ရွိ လီဗာပူးအသင္းရဲ႕ စီးပြားေရးဆိုင္ရာ အၾကီးအကဲ (CCO) Billy Hogan ပဲ ျဖစ္ပါတယ္။ CCO ဆိုတာက လီဗာပူးအသင္းရဲ႕ စီးပြားေရးဆုိင္ရာ ကိစၥအားလံုးကို တာဝန္ယူ ကိုင္တြယ္သူကို ဆိုလိုပါတယ္။ လီဗာပူးဟာ ဒီ ႏွစ္ႏွစ္အတြင္း စပြန္ဆာအသစ္ေတြ အမ်ားၾကီးကို ရွာေဖြလာႏုိင္ခဲ့တယ္။

၂၀၁၂ ခုႏွစ္မွာ လီဗာပူးရဲ႕ ဂ်ာစီစပြန္ဆာ Adidas က FSG လက္ေအာက္ လီဗာပူးအသင္းအတြက္ ေပးရမယ့္ ဂ်ာစီေၾကးကို မတန္ဘူးလို႔ ယူဆတာေၾကာင့္ အသင္းနဲ႔ သက္တမ္းမတိုးလိုဘဲ လမ္းခြဲခဲ့ပါတယ္။ လီဗာပူးက အစကေန ျပန္စခဲ့ရျပီး ဂ်ာစီ စပြန္ဆာအျဖစ္ ဘယ္သူမွ မသိလွတဲ့ အေမရိကန္က ေဘာ္စတြန္အေျခစိုက္ ေရခဲျပင္နဲ႔ အျခားေသာ အားကစားအက်ီေတြ ထုတ္တဲ့ ကုမၸဏီ Warrior Sports နဲ႔ တစ္ႏွစ္ကို ေပါင္ ၂၅ သန္း တန္ေၾကးရွိစာခ်ဳပ္ ခ်ဳပ္ခဲ့ရပါတယ္။

သံုးႏွစ္အၾကာမွာေတာ့ လီဗာပူးဟာ Warrior Sports ရဲ႕ မိခင္ ကုမၸဏီျဖစ္တဲ့ New Balance က လီဗာပူးကို ေျပာင္းလဲ စပြန္ဆာေပးပါတယ္။ ၂၀၂၀ မွာေတာ့ လီဗာပူးကို စပြန္ဆာေပးလိုတဲ့ ကုမၸဏီေတြထဲမွာ ယခင္ လီဗာပူးကို လမ္းခြဲခဲ့တဲ့ Adidas အျပင္ Nike နဲ႔ New Balance တို႔ကလည္း အျပိဳင္ျဖစ္ခဲ့ပါတယ္။

လီဗာပူးအသင္း တာဝန္ရွိသူေတြက သစၥာရွိတဲ့ လက္တြဲမႈေတြအျဖစ္ New Balance လို ကုမၸဏီနဲ႔ လက္တြဲတာ၊ အျခားေသာ ေရရွည္ လက္တြဲမႈေတြကိုပဲ အသားေပးတာမ်ိဳး လုပ္လိုပါတယ္။ ဒါေပမယ့္ လီဗာပူးအသင္းက ေခတ္သစ္ စိန္ေခၚမႈေတြကို ရင္ဆိုင္လာရျပီး လူငယ္ပရိသတ္ေတြထုေတြကို ပိုင္ဆိုင္လာခဲ့ပါတယ္။

ေခတ္သစ္ ပရိသတ္ေတြက လီဗာပူးက သမိုင္းေၾကာင္း ဘယ္ေလာက္ထိ ၾကီးမားသလဲဆိုတာကို သိပ္ဂရုမစိုက္ပါဘူး။ လီဗာပူး၊ ယူႏုိက္တက္တို႔ကို အမာခံအားေပးတဲ့ ေရွးရိုးဆန္ ပရိသတ္ အေနအထားကေန ခြဲထြက္လာျပီး သူတို႔က မန္စီးတီးနဲ႔ ခ်ယ္ဆီးလို ေအာင္ျမင္မႈေတြကို တည္ေဆာက္ေပးတာကိုပဲ လိုခ်င္ပါတယ္။ FSG က ဒီအခ်က္ကို နားလည္လာခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ ပံုစံေျပာင္းမႈေတြကို စတင္လာခဲ့ပါတယ္။

လီဗာပူးအသင္းက အသင္းရဲ႕ ေအာင္ျမင္မႈေတြမွာ အေရးပါလွတဲ့ New Balance နဲ႔ ဆက္လက္ လက္တြဲလိုျပီး New Balance ထံကရတဲ့ စာခ်ဳပ္သစ္ကလည္း သိပ္ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ကလပ္အသင္း လိုအပ္တာက ေကာင္းမြန္တဲ့ စာခ်ဳပ္ မဟုတ္ပါဘူး။ ေျပာင္းလဲလာတဲ့ မ်ိဳးဆက္ေတြနဲ႔အတူ အသင္း ေရရွည္ ရပ္တည္ႏုိင္ဖို႔ အေကာင္းဆံုးဆိုတဲ့ စာခ်ဳပ္ေတြ လိုလာခဲ့တယ္။ ဒီအေျခအေနမွာ Nike က New Balance ထက္ ပိုေကာင္းတဲ့ မက္လံုးေတြ ေပးလာျခင္းေၾကာင့္ လီဗာပူးက အေျပာင္းအလဲကို လုပ္ေဆာင္လာခဲ့တာျဖစ္တယ္။

ထိပ္တန္း ကစားသမားေတြ ေခၚယူေရးမွာလည္း လက္မတြန္႔ေတာ့တဲ့ လီဗာပူးက စပြန္ဆာ ကုမၸဏီေတြကို သစၥာရွိစြာ လက္တြဲမႈထက္ ကလပ္ကို အက်ိဳးျဖစ္မယ့္ လက္တြဲမႈေတြကို ေျပာင္းလဲလာခဲ့တယ္။ အၾကီးမားဆံုး အေျပာင္းအလဲထဲမွာေတာ့ Electronic Arts ကုမၸဏီမွ စီအီးအိုျဖစ္ျပီး လီဗာပူး အမာခံပရိသတ္ျဖစ္တဲ့ ပီတာမိုးကို လီဗာပူးအတြက္ ေခၚယူခဲ့ျခင္းလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ လီဗာပူးအသင္းက လြတ္လပ္ေသာ လီဗာပူးအမာခံ ပရိသတ္အဖြဲ႔ေတြျဖစ္တဲ့ Redmen TV (တီဗီပရိုဂရမ္) နဲ႔ Empire of the Kop (ဖန္းဝဘ္ဆိုဒ္) ေတြကိုပါ ေထာက္ပံ့မႈေတြ ေပးခဲ့ပါတယ္။

ဒါ့အျပင္ လီဗာပူးအမာခံ ပရိသတ္ေတြျဖစ္ျပီး ကိုယ္ပိုင္ ရပ္တည္ခ်က္ေတြရွိတဲ့ Jamie Webster နဲ႔ သူ႔ရဲ႕ BOSS Night အဖြဲ႔ကို လီဗာပူးအသင္းက ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြနဲ႔ အားေပးေထာက္ခံမႈေတြ လုပ္ခဲ့ပါတယ္။ ၂၀၁၉ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာေတာ့ လီဗာပူးအသင္းက ေနာက္ခံေပးမႈနဲ႔အတူ BOSS Night ဟာ မက္ဒရစ္မွာ လုပ္တဲ့ events ေတြမွာ လီဗာပူးဂႏၱဝင္ေတြပါ ပါဝင္လာခဲ့တယ္။

လီဗာပူးတာဝန္ရွိသူေတြ နားလည္လာတာက ငယ္ရြယ္တဲ့ လူငယ္ပရိသတ္ေတြကို ဆြဲေဆာင္ထားျပီး အသင္းကို သူတို႔ စြန္႔ခြာမသြားဖို႔ ၾကိဳးစားရမွာျဖစ္တယ္။ ထိုနည္းတူ ေစ်းကြက္သစ္ေတြကိုလည္း ခ်ဲ႔ထြင္းသြားရပါမယ္။ ဒါေၾကာင့္လည္း ဟိုဂန္ ဦးေဆာင္တဲ့ စီပြားေရး ဌာနခြဲက တရုတ္၊ အိႏၵိယနဲ႔ အေမရိကန္တို႔မွာ လီဗာပူးအသင္းအတြက္ ေစ်းကြက္ခ်ဲ႔ဖို႔ ၾကိဳးစားလာေနတာ ျဖစ္ျပီး ဒီအတြက္လည္း အစီအစဥ္ေတြ ဆြဲလာရတယ္လို႔ ဟိုဂန္က ေျပာျပခဲ့တယ္။

ကမၻာလံုးဆိုင္ရာ အမွတ္အသားေတြျဖစ္တဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္လို အသင္းေတြနဲ႔ ရင္ေဘာင္တန္းလာဖို႔ လီဗာပူးက စီမံကိန္းေတြ ခ်မွတ္လာပါတယ္။ အခုခ်ိန္ထိေတာ့ လီဗာပူးက ထိပ္ဆံုးအဆင့္ေတြကို ခိုင္ခိုင္မာမာ မေရာက္ေသးပါဘူး။ ဒါေပမယ့္ ကေလာ့ပ္နဲ႔အတူ ေအာင္ျမင္မႈေတြကို ဆက္ထိန္းထားႏုိင္မယ္ဆိုရင္ မၾကာခင္ ႏွစ္ေတြမွာ လီဗာပူးအမွတ္တံဆိပ္ဟာ ကမၻာလံုးဆုိင္ရာ အေနအထားမွာ ျမဲျမဲျမံျမံ ရပ္တည္လာႏုိင္မွာပဲ ျဖစ္ပါတယ္။

ေရးသားသူ – ဟန္သာ

(The Athletic မွ ေဆာင္းပါးရွင္ Matt Slater ရဲ႕ လီဗာပူးရဲ႕ စီးပြားေရးဆုိင္ရာ ေျခလွမ္းအေျပာင္းအလဲ သံုးသပ္ခ်က္ကို ကိုးကား ေရးသားပါသည္။)