လီဗာပူးတိုက်စစ်သမား မာနေးက သူပါဝင်တဲ့ တိုက်စစ်သုံးယောက်တန်းက သွင်းဂိုး ၂၅၀ ပြည့်သွားတဲ့အတွက် ကျေနပ်ပေမယ့် နောက်ထပ် သွင်းဂိုး ၂၅၀ ကို အတူတွဲပြီး ကြိုးစားကြမယ်လို့ စိန်ခေါ်လိုက်ပါတယ်။

မာနေးကတော့ လီဗာပူးမှာ ဆာလက်၊ ဖာမင်နိုတို့နဲ့ တွဲကစားရမယ်ဆိုရင် ဘယ် ကစားသမားမဆို အကောင်းဆုံး ကစားနိုင်မယ်လို့ ထုတ်ပြောလိုက်ပြီး အသင်းဖော်တွေကို ချီးကျူးမှုလည်း လုပ်သွားခဲ့ပါတယ်။

မာနေးက ” ကျနေ်ာတို့ရဲ့ ပစ်မှတ်က နောက်ထပ် သွင်းဂိုး ၂၅၀ နဲ့တကွ လီဗာပူးအတွက် ဆုဖလားတွေ ရယူပေးဖို့ပါ။ ဒီလောက် ဂိုးတွေ ရယူပေးနိုင်ခဲ့တာက မယုံနိုင်လောက်အောင်ပါပဲ။ အင်္ဂလန်မှာ ဂိုး ဒီလောက်များများ သွင်းနိုင်ဖို့ဆိုတာက မလွယ်ပါဘူး။

ဒီမှာက ခံစစ်သမားတွေကလည်း သိပ်ကို သန်မာလွန်းတာကြောင့် ဂိုးတွေ အများကြီး သွင်းဖို့ဆိုတာ မလွယ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျနေ်ာတို့ အမြဲတမ်း အပတ်တကုပ် ကြိုးစားပြီး အသင်းအတွက် ပိုကောင်းသည်ထက် ပိုကောင်းလာဖို့ လုပ်ဆောင်ကြပါတယ်။ ဆာလက်၊ ဖာမင်နိုတို့နဲ့ တွဲကစားရတာက ကျနော်တင် မဟုတ်ဘဲ ဘယ်လို ကစားသမားမဆို သူတို့ နှစ်ဦးနဲ့ ကောင်းကောင်းကြီး တွဲဘက်နိုင်ပါလိမ့်မယ်။

ဒါကြောင့် သူတို့နဲ့ တွဲဘက်ပြီး ကစားဖို့က ကိုယ်က ကြံ့ခိုင်နေဖို့သာ လိုပါတယ်။ ဘာလို့လည်းဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် သူတို့နဲ့ တွဲကစားရမယ်ဆိုရင် အားလုံးက လွယ်ကူသွားမှာ ဖြစ်လို့ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

မာနေးဟာ ကုန်ခဲ့တဲ့ သုံးရာသီမှာ လီဗာပူးအတွက် တစ်ရာသီ အနည်းဆုံး ဂိုး ၂၀ သွင်းယူထားသူပါ။ သူဟာ ဒီရာသီမှာလည်း လီဗာပူးအတွက် သွင်းဂိုး ၂၀ သွင်းပေးထားပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးက သူပါဝင္တဲ့ တိုက္စစ္သံုးေယာက္တန္းက သြင္းဂိုး ၂၅၀ ျပည့္သြားတဲ့အတြက္ ေက်နပ္ေပမယ့္ ေနာက္ထပ္ သြင္းဂိုး ၂၅၀ ကို အတူတြဲျပီး ၾကိဳးစားၾကမယ္လို႔ စိန္ေခၚလိုက္ပါတယ္။

မာေနးကေတာ့ လီဗာပူးမွာ ဆာလက္၊ ဖာမင္ႏိုတို႔နဲ႔ တြဲကစားရမယ္ဆိုရင္ ဘယ္ ကစားသမားမဆို အေကာင္းဆံုး ကစားႏုိင္မယ္လို႔ ထုတ္ေျပာလိုက္ျပီး အသင္းေဖာ္ေတြကို ခ်ီးက်ဴးမႈလည္း လုပ္သြားခဲ့ပါတယ္။

မာေနးက ” က်ေန္ာတို႔ရဲ႕ ပစ္မွတ္က ေနာက္ထပ္ သြင္းဂိုး ၂၅၀ နဲ႔တကြ လီဗာပူးအတြက္ ဆုဖလားေတြ ရယူေပးဖို႔ပါ။ ဒီေလာက္ ဂိုးေတြ ရယူေပးႏုိင္ခဲ့တာက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ အဂၤလန္မွာ ဂိုး ဒီေလာက္မ်ားမ်ား သြင္းႏုိင္ဖို႔ဆိုတာက မလြယ္ပါဘူး။

ဒီမွာက ခံစစ္သမားေတြကလည္း သိပ္ကို သန္မာလြန္းတာေၾကာင့္ ဂိုးေတြ အမ်ားၾကီး သြင္းဖို႔ဆိုတာ မလြယ္တဲ့ ကိစၥ ျဖစ္ပါတယ္။ က်ေန္ာတို႔ အျမဲတမ္း အပတ္တကုပ္ ၾကိဳးစားျပီး အသင္းအတြက္ ပိုေကာင္းသည္ထက္ ပိုေကာင္းလာဖို႔ လုပ္ေဆာင္ၾကပါတယ္။ ဆာလက္၊ ဖာမင္ႏိုတို႔နဲ႔ တြဲကစားရတာက က်ေနာ္တင္ မဟုတ္ဘဲ ဘယ္လို ကစားသမားမဆို သူတို႔ ႏွစ္ဦးနဲ႔ ေကာင္းေကာင္းၾကီး တြဲဘက္ႏုိင္ပါလိမ့္မယ္။

ဒါေၾကာင့္ သူတို႔နဲ႔ တြဲဘက္ျပီး ကစားဖို႔က ကိုယ္က ၾကံ႕ခိုင္ေနဖို႔သာ လိုပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဘယ္သူပဲျဖစ္ျဖစ္ သူတို႔နဲ႔ တြဲကစားရမယ္ဆိုရင္ အားလံုးက လြယ္ကူသြားမွာ ျဖစ္လို႔ပါပဲ ” လို႔ ေျပာဆိုခဲ့ပါတယ္။

မာေနးဟာ ကုန္ခဲ့တဲ့ သံုးရာသီမွာ လီဗာပူးအတြက္ တစ္ရာသီ အနည္းဆံုး ဂိုး ၂၀ သြင္းယူထားသူပါ။ သူဟာ ဒီရာသီမွာလည္း လီဗာပူးအတြက္ သြင္းဂိုး ၂၀ သြင္းေပးထားျပီျဖစ္ပါတယ္။