မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ်မှာ လီဗာပူးနောက် ဒုတိယနေရာမှာ ရပ်တည်ရတာက အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား နှစ်လုံးရတာထက် ပိုကောင်းတဲ့ ဆုလာဘ်ပါလို ထုတ်ပောလိုက်ပါတယ်။

လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာတဲ့နောက် မန်စီးတီးဟာ အမြင့်ဆုံးအားဖြင့် လိဂ်မှာ ဒုတိယနေရာအတွက်ပဲ မျှော်လင့်နိုင်တော့တာပါ။ လက်ရှိမှာ ကာရာဘောင်းကို အနိုင်ရထားပြီး အက်ဖ်အေဖလားလည်း ယှဉ်ပြိုင်ဖို့ ရှိနေသေးပေမယ့် အသင်းကောင်း ၁၈ သင်းရဲ့ အထက်မှာ နေရတဲ့ လိဂ်အဆင့်ရပ်တည်မှုက သူ့ကို ပိုကျေနပ်စေတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

ပပ် ဂွာဒီယိုလာက ” အသင်းကတော့ ဆုဖလားတွေကို အနိုင်ရလိုတာပါ။ အခုက ပြီးပြည့်စုံနေတဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ရဲ့ ပြိုင်ဘက်ကလည်း ပရီးမီးယားလိဂ်မှာ သိပ်ကောင်းနေပြီး ကျနေ်ာတို့ကတော့ အဲ့လို အနေအထားမှာ ရှိမနေခဲ့ပါဘူး။

လိဂ်မှာ ဒုတိယနေရာက နေရတာက အက်ဖ်အေဖလားနဲ့ ကာရာဘောင်း အနိုင်ရတာထက် ပိုကောင်းတယ်ဆိုတာကို ကျနေ်ာတို့ မငြင်းပါဘူး။ နောက်ပြီး ဒီနေရာက လူတိုင်း အနိုင်ရလိုတဲ့ ချန်ပီယံလိဂ်ဖလားအတွက် အရည်အချင်း အောင်မြင်မှုကိုလည်း ပေးပါတယ်။

ကျနေ်ာတို့က အကောင်းဆုံးအသင်း မဟုတ်ဘဲ အခြားအသင်းက ပိုကောင်းခဲ့တယ်။ ဒါပေမယ့် ကျနေ်ာတို့က နောက်ထပ် ၁၈ သင်းထက်တော့ ပိုကောင်းပါသေးတယ်။ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာက ရာသီသိမ်းဖို့က ကျနေ်ာတို့ရဲ့ ပစ်မှတ် ဖြစ်ပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ပရီးမီးယားလိဂ္မွာ လီဗာပူးေနာက္ ဒုတိယေနရာမွာ ရပ္တည္ရတာက အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလား ႏွစ္လံုးရတာထက္ ပိုေကာင္းတဲ့ ဆုလာဘ္ပါလို ထုတ္ေပာလိုက္ပါတယ္။

လီဗာပူးအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လာတဲ့ေနာက္ မန္စီးတီးဟာ အျမင့္ဆံုးအားျဖင့္ လိဂ္မွာ ဒုတိယေနရာအတြက္ပဲ ေမွ်ာ္လင့့္ႏုိင္ေတာ့တာပါ။ လက္ရွိမွာ ကာရာေဘာင္းကို အႏုိင္ရထားျပီး အက္ဖ္ေအဖလားလည္း ယွဥ္ျပိဳင္ဖို႔ ရွိေနေသးေပမယ့္ အသင္းေကာင္း ၁၈ သင္းရဲ႕ အထက္မွာ ေနရတဲ့ လိဂ္အဆင့္ရပ္တည္မႈက သူ႔ကို ပိုေက်နပ္ေစတယ္လို႔ ဂြာဒီယိုလာက ေျပာပါတယ္။

ပပ္ ဂြာဒီယိုလာက ” အသင္းကေတာ့ ဆုဖလားေတြကို အႏုိင္ရလိုတာပါ။ အခုက ျပီးျပည့္စံုေနတဲ့ အေျခအေန မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔ရဲ႕ ျပိဳင္ဘက္ကလည္း ပရီးမီးယားလိဂ္မွာ သိပ္ေကာင္းေနျပီး က်ေန္ာတို႔ကေတာ့ အဲ့လို အေနအထားမွာ ရွိမေနခဲ့ပါဘူး။

လိဂ္မွာ ဒုတိယေနရာက ေနရတာက အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္း အႏုိုင္ရတာထက္ ပိုေကာင္းတယ္ဆိုတာကို က်ေန္ာတို႔ မျငင္းပါဘူး။ ေနာက္ျပီး ဒီေနရာက လူတိုင္း အႏုိင္ရလိုတဲ့ ခ်န္ပီယံလိဂ္ဖလားအတြက္ အရည္အခ်င္း ေအာင္ျမင္မႈကိုလည္း ေပးပါတယ္။

က်ေန္ာတို႔က အေကာင္းဆံုးအသင္း မဟုတ္ဘဲ အျခားအသင္းက ပိုေကာင္းခဲ့တယ္။ ဒါေပမယ့္ က်ေန္ာတို႔က ေနာက္ထပ္ ၁၈ သင္းထက္ေတာ့ ပိုေကာင္းပါေသးတယ္။ ပရီးမီးယားလိဂ္မွာ အဆင့္ ၂ ေနရာက ရာသီသိမ္းဖို႔က က်ေန္ာတို႔ရဲ႕ ပစ္မွတ္ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။