စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဥရောပအဆင့်ကို ပြန်တက်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ကလပ် တာဝန်ရှိသူတွေက လီဗာပူးအသင်းရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာမှုတွေ ပြုလုပ်နေပါတယ်။

တစ်ချိန်က ချန်ပီယံလိဂ်ကို အမြဲတမ်း စိန်ခေါ်နိုင်တဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်ခဲ့တဲ့ အေစီမီလန်ဟာ ဥရောပအဆင့်တွေကို ပြန်မရောက်လာတာ ကြာခဲ့ပြီဖြစ်တယ်။ ဥရောပရဲ့ ချန်ပီယံလိဂ် ဒုတိယအအောင်မြင်ဆုံး ကလပ်ဟာ လီဗာပူးထံက ဘယ်လို အတုယူရမလဲဆိုတာကို မာဆေးဆိုဒ်အသင်း တာဝန်ရှိသူတွေနဲ့ပါ စကားပြောမှုတွေ လုပ်နေပါတယ်။

အေစီမီလန် အကြီးအကဲတစ်ဦးဖြစ်သူ Casper Stylsvig က “ ကျနေ်ာတို့ လီဗာပူးအသင်းနဲ့ စကားပြောနေပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့အသင်းကလည်း ကျနေ်ာတို့ လက်ရှိ ကျော်ဖြတ်နေရတဲ့ အနေအထားကို ရင်ဆိုင်ခဲ့ရတဲ့ အသင်းဖြစ်လို့ပါပဲ။ အရင် လေး ငါးနှစ်လောက်က လီဗာပူး အနေအထားနဲ့ အခု အခြေအနေကို ကြည့်လို့ရပါတယ်။

သူတို့က ဆွဲဆောင်မှုရှိတဲ့ ဘောလုံးကို ကစားနေတယ်။ ဆုဖလားတွေ အနိုင်ရတယ်၊ မန်နေဂျာကောင်းရှိပြီး အသင်းကောင်းတစ်သင်းလည်း ရှိတယ်။ အခုချိန်မှာ သူတို့က စီးပွားရေး ရှုထောင့်ကနေကြည့်ရင်လည်း အံဝင်နေတဲ့ အသင်းဖြစ်တယ်။ အချိန်ယူခဲ့ရပေမယ့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေက အလုပ်ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

အေစီမီလန်ဟာ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ချန်ပီယံလိဂ်ကို နောက်ဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ အက်သလက်တီကိုအား အရေးနိမ့်ခဲ့တာပါ။ နောက်ပိုင်း ၆ ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် ပြင်ပမှာပဲ ရပ်တည်ခဲ့သလို ဒီရာသီမှာလည်း အဆင့် ၇ နေရာမှာ ရှိနေကာ အဆင့်လေးနေရာနဲ့ ၁၆ မှတ်ထိ ပြတ်ကျန်နေပါတယ်။

ဥရောပချန်ပီယံလိဂ်ဖလားကို ၇ ကြိမ်ထိ အနိုင်ရထားတဲ့ အေစီမီလန်က သူတို့ရဲ့ အသွင်ပြောင်းမှုကို စတင်ဖို့ ကြိုးစားမှာဖြစ်ပြီး လီဗာပူးအသင်း ဘယ်လို ခြေလှမ်းတွေ လှမ်းခဲ့တယ်ဆိုတာကို စိစစ်မှုတွေပါ လုပ်သွားဖို့ ရှိနေပါတယ်။

ZAWGYI

စီးရီးေအကလပ္ ေအစီမီလန္အသင္းဟာ ဥေရာပအဆင့္ကို ျပန္တက္ႏုိင္ဖို႔ ပစ္မွတ္ထားေနျပီး ကလပ္ တာဝန္ရွိသူေတြက လီဗာပူးအသင္းရဲ႕ တိုးတက္ျဖစ္ထြန္းမႈေတြကို ေလ့လာမႈေတြ ျပဳလုပ္ေနပါတယ္။

တစ္ခ်ိန္က ခ်န္ပီယံလိဂ္ကို အျမဲတမ္း စိန္ေခၚႏုိင္တဲ့ အေကာင္းဆံုး အသင္းတစ္သင္းျဖစ္ခဲ့တဲ့ ေအစီမီလန္ဟာ ဥေရာပအဆင့္ေတြကို ျပန္မေရာက္လာတာ ၾကာခဲ့ျပီျဖစ္တယ္။ ဥေရာပရဲ႕ ခ်န္ပီယံလိဂ္ ဒုတိယအေအာင္ျမင္ဆံုး ကလပ္ဟာ လီဗာပူးထံက ဘယ္လို အတုယူရမလဲဆိုတာကို မာေဆးဆိုဒ္အသင္း တာဝန္ရွိသူေတြနဲ႔ပါ စကားေျပာမႈေတြ လုပ္ေနပါတယ္။

ေအစီမီလန္ အၾကီးအကဲတစ္ဦးျဖစ္သူ Casper Stylsvig က “ က်ေန္ာတို႔ လီဗာပူးအသင္းနဲ႔ စကားေျပာေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔အသင္းကလည္း က်ေန္ာတို႔ လက္ရွိ ေက်ာ္ျဖတ္ေနရတဲ့ အေနအထားကို ရင္ဆိုင္ခဲ့ရတဲ့ အသင္းျဖစ္လို႔ပါပဲ။ အရင္ ေလး ငါးႏွစ္ေလာက္က လီဗာပူး အေနအထားနဲ႔ အခု အေျခအေနကို ၾကည့္လို႔ရပါတယ္။

သူတို႔က ဆြဲေဆာင္မႈရွိတဲ့ ေဘာလံုးကို ကစားေနတယ္။ ဆုဖလားေတြ အႏုိင္ရတယ္၊ မန္ေနဂ်ာေကာင္းရွိျပီး အသင္းေကာင္းတစ္သင္းလည္း ရွိတယ္။ အခုခ်ိန္မွာ သူတို႔က စီးပြားေရး ရႈေထာင့္ကေနၾကည့္ရင္လည္း အံဝင္ေနတဲ့ အသင္းျဖစ္တယ္။ အခ်ိန္ယူခဲ့ရေပမယ့္ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြက အလုပ္ျဖစ္ပါတယ္ ” လို႔ ေျပာပါတယ္။

ေအစီမီလန္ဟာ ၂၀၁၃-၂၀၁၄ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ကို ေနာက္ဆံုး ပါဝင္ယွဥ္ျပိဳင္ခဲ့ျပီး ၁၆ သင္းအဆင့္မွာ အက္သလက္တီကိုအား အေရးနိမ့္ခဲ့တာပါ။ ေနာက္ပိုင္း ၆ ရာသီဆက္တိုက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပင္ပမွာပဲ ရပ္တည္ခဲ့သလို ဒီရာသီမွာလည္း အဆင့္ ၇ ေနရာမွာ ရွိေနကာ အဆင့္ေလးေနရာနဲ႔ ၁၆ မွတ္ထိ ျပတ္က်န္ေနပါတယ္။

ဥေရာပခ်န္ပီယံလိဂ္ဖလားကို ၇ ၾကိမ္ထိ အႏုိင္ရထားတဲ့ ေအစီမီလန္က သူတို႔ရဲ႕ အသြင္ေျပာင္းမႈကို စတင္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး လီဗာပူးအသင္း ဘယ္လို ေျခလွမ္းေတြ လွမ္းခဲ့တယ္ဆိုတာကို စိစစ္မႈေတြပါ လုပ္သြားဖို႔ ရွိေနပါတယ္။