အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲမှာတော့ ပရိသတ်တွေ မရှိပေမယ့်လည်း လီဗာပူးရဲ့ အန္တရာယ်ကြီးမှုက မလျော့သွားပါဘူးလို့ ဘန်လေမန်နေဂျာ ဒိုင်ချီက ထုတ်ပြောလိုက်ပါတယ်။

နှစ်သင်းဟာ အန်ဖီးမှာ ထိပ်တိုက်တွေ့မှာဖြစ်ပြီး လီဗာပူးက ချန်ပီယံဖြစ်ခဲ့ပြီဖြစ်ပေမယ့် မှတ်တမ်းတွေအတွက် ကစားမှာဖြစ်သလို ဘန်လေကလည်း ဥရောပဝင်ခွင့် တစ်နေရာစာအတွက် ဒီပွဲကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပွဲကြိုမှာတော့ နာမည်ကျော် အန်ဖီးကွင်းက အနီရောင် ပရိသတ်တွေ မရှိပေမယ့်လည်း လီဗာပူးက ရင်ဆိုင်ရ ခက်ခဲလွန်းပါတယ်လို့ ဘန်လေမန်နေဂျာက ပြောပါတယ်။

ဒိုင်ချီက “ အန်ဖီးမှာ ပရိသတ်တွေ ရှိဖို့လည်း မလိုပါဘူး။ ကျနော် ပြောချင်တာက သူတို့မှာ တိုက်စစ်သမားကောင်းတွေရှိတယ်။ ထိပ်တန်းကစားသမားတွေရှိတယ်။ သူတို့က ဆာလောင်လွန်းနေတယ်။ ဒီရာသီမှာ အခြားသော မှတ်တမ်းတွေလည်း ရချင်သေးတဲ့ ပုံပါပဲ။ အန်ဖီးကွင်းမှာ ပရိသတ်တွေ ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ လီဗာပူးက တကယ်ကို စိန်ခေါ်မှုကြီးပါပဲ။

လီဗာပူးမှာ ရှိနေတဲ့ ကစားသမားတွေ၊ မန်နေဂျာတွေနဲ့တောင် သူတို့က ရင်ဆိုင်ရ ခက်နေပါပြီ။ အရမ်းကို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပြထားတာကလည်း သိပ်ကို ခက်ခဲပါတယ်။ ဘယ်လို စိန်ခေါ်မှုပဲ ဖြစ်ပါစေ၊ ဆုဖလားကို အနိုင်ရဖို့ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ အားလုံးက ခက်ခဲတာပါပဲ။

လီဗာပူးရဲ့ ကစားဟန်နဲ့ သူတို့ရဲ့ အပြုအမှုကို ကျနော် တကကယ်ကို လေးစားပါတယ်။ လီဗာပူးက ထိပ်တန်း အသင်းကြီးပါ၊ ဒါကို ဘယ်သူမှ သံသယမဝင်အောင်လည်း သူတို့က လုပ်ပြထားပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ပြဲမွာေတာ့ ပရိသတ္ေတြ မရွိေပမယ့္လည္း လီဗာပူးရဲ႕ အႏၱရာယ္ၾကီးမႈက မေလ်ာ့သြားပါဘူးလို႔ ဘန္ေလမန္ေနဂ်ာ ဒိုင္ခ်ီက ထုတ္ေျပာလိုက္ပါတယ္။

ႏွစ္သင္းဟာ အန္ဖီးမွာ ထိပ္တိုက္ေတြ႔မွာျဖစ္ျပီး လီဗာပူးက ခ်န္ပီယံျဖစ္ခဲ့ျပီျဖစ္ေပမယ့္ မွတ္တမ္းေတြအတြက္ ကစားမွာျဖစ္သလို ဘန္ေလကလည္း ဥေရာပဝင္ခြင့္ တစ္ေနရာစာအတြက္ ဒီပြဲကို ယွဥ္ျပိဳင္သြားမွာ ျဖစ္ပါတယ္။ ပြဲၾကိဳမွာေတာ့ နာမည္ေက်ာ္ အန္ဖီးကြင္းက အနီေရာင္ ပရိသတ္ေတြ မရွိေပမယ့္လည္း လီဗာပူးက ရင္ဆိုင္ရ ခက္ခဲလြန္းပါတယ္လို႔ ဘန္ေလမန္ေနဂ်ာက ေျပာပါတယ္။

ဒိုင္ခ်ီက “ အန္ဖီးမွာ ပရိသတ္ေတြ ရွိဖို႔လည္း မလိုပါဘူး။ က်ေနာ္ ေျပာခ်င္တာက သူတို႔မွာ တိုက္စစ္သမားေကာင္းေတြရွိတယ္။ ထိပ္တန္းကစားသမားေတြရွိတယ္။ သူတို႔က ဆာေလာင္လြန္းေနတယ္။ ဒီရာသီမွာ အျခားေသာ မွတ္တမ္းေတြလည္း ရခ်င္ေသးတဲ့ ပံုပါပဲ။ အန္ဖီးကြင္းမွာ ပရိသတ္ေတြ ရွိသည္ျဖစ္ေစ မရွိဘူးျဖစ္ေစ လီဗာပူးက တကယ္ကို စိန္ေခၚမႈၾကီးပါပဲ။

လီဗာပူးမွာ ရွိေနတဲ့ ကစားသမားေတြ၊ မန္ေနဂ်ာေတြနဲ႔ေတာင္ သူတို႔က ရင္ဆိုင္ရ ခက္ေနပါျပီ။ အရမ္းကို တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ကို ထိန္းသိမ္းျပထားတာကလည္း သိပ္ကို ခက္ခဲပါတယ္။ ဘယ္လို စိန္ေခၚမႈပဲ ျဖစ္ပါေစ၊ ဆုဖလားကို အႏုိင္ရဖို႔ ပရီးမီးယားလိဂ္ကို တန္းတက္ဖို႔ အားလံုးက ခက္ခဲတာပါပဲ။

လီဗာပူးရဲ႕ ကစားဟန္နဲ႔ သူတို႔ရဲ႕ အျပဳအမႈကို က်ေနာ္ တကကယ္ကို ေလးစားပါတယ္။ လီဗာပူးက ထိပ္တန္း အသင္းၾကီးပါ၊ ဒါကို ဘယ္သူမွ သံသယမဝင္ေအာင္လည္း သူတို႔က လုပ္ျပထားပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။