မန်နေဂျာယာဂင်ကလော့ပ်က အန်ဖီးကွင်းမှာ ဂိုးပေါက် ကာလရှည် ပျောက်ဆုံးနေတဲ့ ဖာမင်နိုနဲ့ ပက်သက်ပြီး ပွဲအပြီးမှာ ခုခံပြောဆိုမှု လပ်သွားခဲ့ပါတယ်။

၂၀၁၉ မတ်လနောက်ပိုင်း အန်ဖီးကွင်းမှာ ဂိုးမသွင်းနိုင်သေးတဲ့ ဖာမင်နိုဟာ မနေ့က ဘန်လေနဲ့ပွဲမှာလည်း ဂိုးပေါက် ပျောက်နေဆဲပါ။ ဘရာဇီးသား ဒီရာသီမှာ သွင်းယူထားတဲ့ သွင်းဂိုး ၈ ဂိုးဟာလည်း အဝေးကွင်း သွင်းဂိုးတွေသာ ဖြစ်ခဲ့ပါတယ်။ ဘန်လေနဲ့ပွဲမှာ ဂိုးရလောက်တဲ့ အခွင့်အရေးတွေကို သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေမယ့် အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားဘက်က ကလော့ပ်က ပြတ်ပြတ်သားသား ရပ်တည်သွားပါတယ်။

ကလော့ပ်က “ စိတ်ဓါတ်ရေးရာ ပြဿနာ မဟုတ်ပါဘူး။ ဒီနေ့မှာ ဘော်ဘီကစားတာ ကောင်းခဲ့ပြီး သူ့ကို ဝေဖန် အကဲဖြတ်မှုတွေ ကျနေ်ာတို့ လုပ်မှာ မဟုတ်ပါဘူး။ သူဂိုးတွေ မရဘူးဖြစ်နေတယ် ဆိုတဲ့အကြောင်း မစဉ်းစားပါဘူး။ ဂိုးဘယ်သူသွင်းတယ်ဆိုတာ အရေးမကြီးပါဘူး။ ကျနေ်ာတို့က ဘောဘီကို အခြားသော ကိစ္စတွေအတွက် လိုတာပါ။

ဒီကနေ့ သူလုပ်ပေးသွားတဲ့ နေရာလွတ်တွေအတွက် ဘော်ဘီကို အသင်းက လိုပါတယ်။ အခြားသော ကိစ္စတွေမှာ အသင်းဖော်တွေကို ချိတ်ဆက်ပေးမှုနဲ့ အခြားသော နေရာတွေအတွက်ပဲ ဘော်ဘီကို လိုတာဖြစ်တယ်။ ကျနေ်ာတို့ လိုတဲ့အတိုင်း ဒီနေ့မှာ ဘော်ဘီ ကစားသွားပါတယ်။

သူဂိုးသွင်းမှာပါ အဲ့တာက သံသယရှိစရာ မလိုပါဘူး။ ခြုံပြောရရင် သူနဲ့ ပက်သက်ပြီး ကျနေ်ာတို့ စိုးရိမ် ပူပန်နေတာ မရှိပါဘူး။ ဒီကနေ့မှာ သူကောင်းကောင်း ကစားခဲ့ပါတယ်။ အဆုံးအဖြတ် နေရာ အများအပြားမှာ သူပါဝင်ခဲ့တယ်။ အဆုံးမှာတော့ ရိုဘိုကလွဲရင် ဘယ်သူကမှ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့တာက ပြဿနာ မဟုတ်ပါဘူး။ ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အန္ဖီးကြင္းမွာ ဂိုးေပါက္ ကာလရွည္ ေပ်ာက္ဆံုးေနတဲ့ ဖာမင္ႏိုနဲ႔ ပက္သက္ျပီး ပြဲအျပီးမွာ ခုခံေျပာဆိုမႈ လပ္သြားခဲ့ပါတယ္။

၂၀၁၉ မတ္လေနာက္ပိုင္း အန္ဖီးကြင္းမွာ ဂိုးမသြင္းႏုိင္ေသးတဲ့ ဖာမင္ႏိုဟာ မေန႔က ဘန္ေလနဲ႔ပြဲမွာလည္း ဂိုးေပါက္ ေပ်ာက္ေနဆဲပါ။ ဘရာဇီးသား ဒီရာသီမွာ သြင္းယူထားတဲ့ သြင္းဂိုး ၈ ဂိုးဟာလည္း အေဝးကြင္း သြင္းဂိုးေတြသာ ျဖစ္ခဲ့ပါတယ္။ ဘန္ေလနဲ႔ပြဲမွာ ဂိုးရေလာက္တဲ့ အခြင့္အေရးေတြကို သြင္းဂိုးအျဖစ္ မေျပာင္းလဲႏုိင္ခဲ့ေပမယ့္ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမားဘက္က ကေလာ့ပ္က ျပတ္ျပတ္သားသား ရပ္တည္သြားပါတယ္။

ကေလာ့ပ္က “ စိတ္ဓါတ္ေရးရာ ျပႆနာ မဟုတ္ပါဘူး။ ဒီေန႔မွာ ေဘာ္ဘီကစားတာ ေကာင္းခဲ့ျပီး သူ႔ကို ေဝဖန္ အကဲျဖတ္မႈေတြ က်ေန္ာတို႔ လုပ္မွာ မဟုတ္ပါဘူး။ သူဂိုးေတြ မရဘူးျဖစ္ေနတယ္ ဆိုတဲ့အေၾကာင္း မစဥ္းစားပါဘူး။ ဂိုးဘယ္သူသြင္းတယ္ဆိုတာ အေရးမၾကီးပါဘူး။ က်ေန္ာတို႔က ေဘာဘီကို အျခားေသာ ကိစၥေတြအတြက္ လိုတာပါ။

ဒီကေန႔ သူလုပ္ေပးသြားတဲ့ ေနရာလြတ္ေတြအတြက္ ေဘာ္ဘီကို အသင္းက လိုပါတယ္။ အျခားေသာ ကိစၥေတြမွာ အသင္းေဖာ္ေတြကို ခ်ိတ္ဆက္ေပးမႈနဲ႔ အျခားေသာ ေနရာေတြအတြက္ပဲ ေဘာ္ဘီကို လိုတာျဖစ္တယ္။ က်ေန္ာတို႔ လိုတဲ့အတိုင္း ဒီေန႔မွာ ေဘာ္ဘီ ကစားသြားပါတယ္။

သူဂိုးသြင္းမွာပါ အဲ့တာက သံသယရွိစရာ မလိုပါဘူး။ ျခံဳေျပာရရင္ သူနဲ႔ ပက္သက္ျပီး က်ေန္ာတို႔ စိုးရိမ္ ပူပန္ေနတာ မရွိပါဘူး။ ဒီကေန႔မွာ သူေကာင္းေကာင္း ကစားခဲ့ပါတယ္။ အဆံုးအျဖတ္ ေနရာ အမ်ားအျပားမွာ သူပါဝင္ခဲ့တယ္။ အဆံုးမွာေတာ့ ရိုဘိုကလြဲရင္ ဘယ္သူကမွ ဂိုးမသြင္းႏုိင္ခဲ့ဘူး။ ဒါေပမယ့္ အဲ့တာက ျပႆနာ မဟုတ္ပါဘူး။ ” လို႔ ေျပာဆိုသြားပါတယ္။