မနေ့တုန်းကတော့ ထူးထူးခြားခြားအဖြစ် တစ်ရက်တည်း ကစားတဲ့ ပွဲသုံးပွဲမှာ VAR ဆုံးဖြတ်ချက်က သုံးပွဲလုံး အမှားတွေ ထွက်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က ဝန်ခံသွားပါတယ်။

ကလော့ပ်ကတော့ အဆိုပါ အမှားတွေအတွက် စိတ်ပျက်နေပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ ကိစ္စတွေမှာ ဘယ်သူမှန်းမသိတဲ့ စတူဒီယိုခန်းထဲက ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက် ဆိုတာကို နာခံလိုက်ရတာကို မနှစ်သက်တဲ့အကြောင်း ထုတ်ပြောလိုက်ပါတယ်။

ကလော့ပ်က “ အရင်အပတ်လောက်ကပဲ ထင်တယ်၊ မော်ရင်ညိုက ပွဲအပြီးမှာ ဆုံးဖြတ်ချက်တွေက စတူဒီယိုခန်းထဲက လူတွေကနေ လာနေတယ်လို့ ပြောခဲ့တယ်။ အခု အခြားသော အခြေအနေ ဖြစ်သင့်တဲ့ ဆုံးဖြတ်ချက် သုံးခုက ပွဲနေ့ တစ်ရက်တည်းမှာ ဖြစ်သွားခဲ့ပါတယ်။

ဒန်းစမစ်က မနေ့က ရလဒ်နဲ့ပက်သက်ပြီး လက်ခံရ ခက်ခဲမယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဘယ်လိုလုပ်ပြီး အဲ့လို ရလဒ်မျိုး ထွက်ခဲ့သလဲ ကျနော် မသိတော့ဘူး။ ဒါ ရိုးရိုးသားသား ပြောတာပါ။ ဒီဆုံးဖြတ်ချက်ကို ဘယ်သူ လုပ်သလဲ၊ နှစ်ယောက်ကလား သုံးယောက်ကလား ဆိုတာထက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ထွက်ရမှာပါ။

ကျနော် နားမလည်နိုင်တာက ရှင်းရှင်းလင်းလင်းကို ဆုံးဖြတ်ပေးရမယ့် ကိစ္စကို အာဏာသုံးပြီး ရှုပ်ထွေးအောင် လုပ်နေတဲ့ ကိစ္စပါ။ အားလုံးလည်း မြင်နေတဲ့ ကိစ္စပါ ဒါပေမယ့် ဒိုင်လူကြီးကို ဘာလို့ ဒီလို ဆုံးဖြတ်ချက် ထုတ်ရလဲ မေးနေရတယ်။ အဲ့တာက တကယ်ကို ခက်ခဲပါတယ်။ မနေ့ကတုန်းက အခြေအနေက အရမ်းလည်း ခက်နေတာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်က မမှန်သလို မကောင်းဘူးလို့ ကျနော် ထင်ပါတယ်။

ဆုံးဖြတ်ချက်ကို ချဖို့ ပုဂ္ဂိုလ် သုံးဦးက ကြည့်နေတာဖြစ်ပြီး သူတို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်သင့်တယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

မေန႔တုန္းကေတာ့ ထူးထူးျခားျခားအျဖစ္ တစ္ရက္တည္း ကစားတဲ့ ပြဲသံုးပြဲမွာ VAR ဆံုးျဖတ္ခ်က္က သံုးပြဲလံုး အမွားေတြ ထြက္ခဲ့တယ္လို႔ ပရီးမီးယားလိဂ္က ဝန္ခံသြားပါတယ္။

ကေလာ့ပ္ကေတာ့ အဆိုပါ အမွားေတြအတြက္ စိတ္ပ်က္ေနျပီး ရွင္းရွင္းလင္းလင္း ျမင္ႏုိင္တဲ့ ကိစၥေတြမွာ ဘယ္သူမွန္းမသိတဲ့ စတူဒီယိုခန္းထဲက ပုဂၢိဳလ္ေတြရဲ႕ ဆံုးျဖတ္ခ်က္ ဆိုတာကို နာခံလိုက္ရတာကို မႏွစ္သက္တဲ့အေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

ကေလာ့ပ္က “ အရင္အပတ္ေလာက္ကပဲ ထင္တယ္၊ ေမာ္ရင္ညိဳက ပြဲအျပီးမွာ ဆံုးျဖတ္ခ်က္ေတြက စတူဒီယိုခန္းထဲက လူေတြကေန လာေနတယ္လို႔ ေျပာခဲ့တယ္။ အခု အျခားေသာ အေျခအေန ျဖစ္သင့္တဲ့ ဆံုးျဖတ္ခ်က္ သံုးခုက ပြဲေန႔ တစ္ရက္တည္းမွာ ျဖစ္သြားခဲ့ပါတယ္။

ဒန္းစမစ္က မေန႔က ရလဒ္နဲ႔ပက္သက္ျပီး လက္ခံရ ခက္ခဲမယ္ဆိုတာ က်ေနာ္ နားလည္ပါတယ္။ ဘယ္လိုလုပ္ျပီး အဲ့လို ရလဒ္မ်ိဳး ထြက္ခဲ့သလဲ က်ေနာ္ မသိေတာ့ဘူး။ ဒါ ရိုးရိုးသားသား ေျပာတာပါ။ ဒီဆံုးျဖတ္ခ်က္ကို ဘယ္သူ လုပ္သလဲ၊ ႏွစ္ေယာက္ကလား သံုးေယာက္ကလား ဆိုတာထက္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ထြက္ရမွာပါ။

က်ေနာ္ နားမလည္ႏုိင္တာက ရွင္းရွင္းလင္းလင္းကို ဆံုးျဖတ္ေပးရမယ့္ ကိစၥကို အာဏာသံုးျပီး ရႈပ္ေထြးေအာင္ လုပ္ေနတဲ့ ကိစၥပါ။ အားလံုးလည္း ျမင္ေနတဲ့ ကိစၥပါ ဒါေပမယ့္ ဒိုင္လူၾကီးကို ဘာလို႔ ဒီလို ဆံုးျဖတ္ခ်က္ ထုတ္ရလဲ ေမးေနရတယ္။ အဲ့တာက တကယ္ကို ခက္ခဲပါတယ္။ မေန႔ကတုန္းက အေျခအေနက အရမ္းလည္း ခက္ေနတာ မဟုတ္ပါဘူး။ ဆံုးျဖတ္ခ်က္က မမွန္သလို မေကာင္းဘူးလို႔ က်ေနာ္ ထင္ပါတယ္။

ဆံုးျဖတ္ခ်က္ကို ခ်ဖို႔ ပုဂၢိဳလ္ သံုးဦးက ၾကည့္ေနတာျဖစ္ျပီး သူတို႔ ခ်ခဲ့တဲ့ ဆံုးျဖတ္ခ်က္က မွန္သင့္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ ေျပာဆိုသြားပါတယ္။