ဒီကနေ့ည မြန်မာစံတော်ချိန် ၈း၃၀ နာရီ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ ဘန်လေပွဲအတွက် လော်ရိုး၊ အိုဝင်၊ ချာလီတို့ရဲ့ ခန့်မှန်းရလဒ်တွေ ဖြစ်ပါတယ်။

လီဗာပူး V ဘန်လေ

ပွဲချိန်။ ။ ဇူလိုင် ၁၁ ရက်၊ စနေနေ့ ည ၈း၃၀ နာရီ။

လော်ရိုးက ” နောက်ဆုံး ကစားထားတဲ့ လေးပွဲမှာ ဘန်လေက သုံးပွဲ နိုင် တစ်ပွဲ သရေ ရထားလို့ သူတို့ အကောင်းဆုံး လုပ်ထားနိုင်ပါတယ်။ ဆန်ဒိုက်ရဲ့ လူစာရင်းက အင်အားနည်းတော့ ပုံစံကောင်းက အန်ဖီးမှာ အဆုံးသတ်သွားနိုင်တယ်။ ဘန်လေက လီဗာပူးအတွက် ဘရိုက်တန်ထက်တော့ ပိုခက်မယ့် အသင်းပါ။ ဒါပေမယ့် အဆုံးသတ်မှာ လီဗာပူးအနိုင်ပဲ ရှိပါတယ်။ ” လို့ ခန့်မှန်းခဲ့တယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၀ ဘန်လေ

မိုင်ကယ်အိုဝင်က ” လီဗာပူးအတွက် ဘရိုက်တန်က ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ရလဒ်က ၃-၁ ဖြစ်ခဲ့ပေမယ့် ပွဲကတော့ ရလဒ်လို မလွယ်ခဲ့ပါဘူး။ လီဗာပူးက ရာသီစကလို ပုံစံကောင်းတွေမှာ မရှိသေးဘူး။ ဒါပေမယ့် နိုင်ပွဲတွေ ရယူနေဆဲဖြစ်တယ်။

ဘန်လေက ပုံစံကောင်းမှာ ရှိနေသလို ဥရောပဝင်ခွင့် တစ်နေရာအတွက် စိန်ခေါ်နိုင်ဖို့ ရှိနေတယ်။ သူတို့က လီဗာပူးနဲ့ ရင်ဆိုင်ထားတဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲထိကို အရေးနိမ့်ထားပါတယ်။ လီဗာပူးကတော့ လက်ကျန် အိမ်ကွင်း ၂ ပွဲကိုလည်း ဆက်အနိုင်ယူလိုဦးမှာပါ။ လက်ကျန် ၂ ပွဲကို နိုင်မယ်ဆိုရင် တစ်ရာသီအတွင်း နိုင်ပွဲအားလုံး အနိုင်ရတဲ့ ပထမဆုံး အသင်းလည်း ဖြစ်လာဖို့ ရှိပါတယ်။ ” လို့ ခန့်မှန်းပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ မာနေး ဂိုးသွင်းပြီး လီဗာပူး ၂-၀ နဲ့ အနိုင်။

ချာလီ နီကိုးလက်စ်က ” လီဗာပူးအတွက် ရလဒ်ကလွဲလို့ ဘာမှ အရေးမကြီးပါဘူး။ မန်နေဂျာကလော့ပ်က လူငယ်တွေ ထုတ်မလား၊ ရလဒ်တွေ ယူဖို့ ကြိုးစားမလားဆိုတာပါပဲ။ အရင်အပတ်က ကာတစ်ဂျုံး ဂိုးသွင်းပေမယ့် မီနာမီနိုကလည်း ပွဲချိန် လိုပါတယ်။ လီဗာပူးက သက်သောင့်သက်သာနဲ့ပဲ အနိုင်ကစားမှာပါ။ ” လို့ ဆိုတယ်။

ချာလီ နီကိုးလက်စ်း ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၀ ဘန်လေ

ZAWGYI

ဒီကေန႔ည ျမန္မာစံေတာ္ခ်ိန္ ၈း၃၀ နာရီ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ လီဗာပူးနဲ႔ ဘန္ေလပြဲအတြက္ ေလာ္ရိုး၊ အိုဝင္၊ ခ်ာလီတို႔ရဲ႕ ခန္႔မွန္းရလဒ္ေတြ ျဖစ္ပါတယ္။

လီဗာပူး V ဘန္ေလ

ပြဲခ်ိန္။ ။ ဇူလိုင္ ၁၁ ရက္၊ စေနေန႔ ည ၈း၃၀ နာရီ။

ေလာ္ရိုးက ” ေနာက္ဆံုး ကစားထားတဲ့ ေလးပြဲမွာ ဘန္ေလက သံုးပြဲ နုိင္ တစ္ပြဲ သေရ ရထားလို႔ သူတို႔ အေကာင္းဆံုး လုပ္ထားႏုိင္ပါတယ္။ ဆန္ဒိုက္ရဲ႕ လူစာရင္းက အင္အားနည္းေတာ့ ပံုစံေကာင္းက အန္ဖီးမွာ အဆံုးသတ္သြားႏုိင္တယ္။ ဘန္ေလက လီဗာပူးအတြက္ ဘရိုက္တန္ထက္ေတာ့ ပိုခက္မယ့္ အသင္းပါ။ ဒါေပမယ့္ အဆံုးသတ္မွာ လီဗာပူးအႏုိင္ပဲ ရွိပါတယ္။ ” လို႔ ခန္႔မွန္းခဲ့တယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၂-၀ ဘန္ေလ

မိုင္ကယ္အိုဝင္က ” လီဗာပူးအတြက္ ဘရိုက္တန္က ခက္ခဲတဲ့ ျပိဳင္ဘက္ ျဖစ္ခဲ့ပါတယ္။ ရလဒ္က ၃-၁ ျဖစ္ခဲ့ေပမယ့္ ပြဲကေတာ့ ရလဒ္လို မလြယ္ခဲ့ပါဘူး။ လီဗာပူးက ရာသီစကလို ပံုစံေကာင္းေတြမွာ မရွိေသးဘူး။ ဒါေပမယ့္ ႏုိင္ပြဲေတြ ရယူေနဆဲျဖစ္တယ္။

ဘန္ေလက ပံုစံေကာင္းမွာ ရွိေနသလို ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္ စိန္ေခၚႏုိင္ဖို႔ ရွိေနတယ္။ သူတို႔က လီဗာပူးနဲ႔ ရင္ဆိုင္ထားတဲ့ ေနာက္ဆံုး ၁၁ ပြဲမွာ ၉ ပြဲထိကို အေရးနိမ့္ထားပါတယ္။ လီဗာပူးကေတာ့ လက္က်န္ အိမ္ကြင္း ၂ ပြဲကိုလည္း ဆက္အႏုိင္ယူလိုဦးမွာပါ။ လက္က်န္ ၂ ပြဲကို ႏုိင္မယ္ဆိုရင္ တစ္ရာသီအတြင္း ႏုိင္ပြဲအားလံုး အႏုိင္ရတဲ့ ပထမဆံုး အသင္းလည္း ျဖစ္လာဖို႔ ရွိပါတယ္။ ” လို႔ ခန္႔မွန္းပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ မာေနး ဂိုးသြင္းျပီး လီဗာပူး ၂-၀ နဲ႕ အနုိင္။

ခ်ာလီ နီကိုးလက္စ္က ” လီဗာပူးအတြက္ ရလဒ္ကလြဲလို႔ ဘာမွ အေရးမၾကီးပါဘူး။ မန္ေနဂ်ာကေလာ့ပ္က လူငယ္ေတြ ထုတ္မလား၊ ရလဒ္ေတြ ယူဖို႔ ၾကိဳးစားမလားဆိုတာပါပဲ။ အရင္အပတ္က ကာတစ္ဂ်ံဳး ဂိုးသြင္းေပမယ့္ မီနာမီႏိုကလည္း ပြဲခ်ိန္ လိုပါတယ္။ လီဗာပူးက သက္ေသာင့္သက္သာနဲ႔ပဲ အႏုိင္ကစားမွာပါ။ ” လို႔ ဆိုတယ္။

ခ်ာလီ နီကိုးလက္စ္း ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၂-၀ ဘန္ေလ