ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေဆဲဆိုတဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ထားတဲ့ မာနေးက သူဟာ လီဗာပူးမှာ ရှိနေရတာကို အရမ်း ပျော်ရွှင် ဂုဏ်ယူတယ်လို့ ပြောဆိုသွားပါတယ်။

မာနေးဟာ ၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်ကနေ လီဗာပူးကို ရောက်လာခဲ့သူဖြစ်ပြီး မန်နေဂျာကလော့ပ် လက်အောက်မှာ တိုးတက်လာသူပါ။ အစောပိုင်းမှာတုန်းက ခြေစွမ်းမတည်ငြိမ်မတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ စွမ်းဆောင်ရည် တည်ငြိမ်မှုတွေကြောင့် လိဂ်အကောင်းဆုံး ကစားသမားအဖြစ်ကော ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးအဖြစ်ပါ သက်မှတ်ခံထားရတယ်။

မာနေးကပဲ “ ဒီထက် ပိုပျော်နိုင်စရာ မရှိတော့သလို လီဗာပုး ကစားသမားတစ်ဦးဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ဒီရာသီက ရာသီကောင်း တစ်ခုဆိုတာ သေချာပါတယ်။ ကျနော်အတွက် ကောင်းမွန်တဲ့ လေးနှစ်တာ ကာလလည်း ဖြစ်ပါတယ်။ အသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ အားလုံးနဲ့ အတူရှိရတာကို အရမ်း ပျော်ရွှင်ပါတယ်။ လီဗာပူးမှာ ရှိရတာကို ပျော်ရွှင်ပြီး ဂုဏ်ယူပါတယ် ” လို့ ဆိုခဲ့တာပါ။

အသင်းဖော် ဟန်ဒိုဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ ဘောလုံး ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ မာနေးက ဟန်ဒိုက အသင်းကို အကောင်းဆုံး ဦးဆောင်ပေးပြီး ပေးဆပ်ကစားသူဖြစ်ကာ အသင်းသားတွေက သူ့အတွက် အတူရှိပေးကြမယ်လို့လည်း ပြောပြပါသေးတယ်။

မာနေးက ဆက်ပြီး “ ဟန်ဒို အသင်းလူစာရင်းမှာ ရှိနေတာကို ကျနေ်ာတို့ မြတ်နိုးရတယ်။ ကွင်းပြင်ပမှာ ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်ဖြစ်သလို ကွင်းထဲမှာဆိုရင်တော့ သူက ခေါင်းဆောင်ကောင်းတစ်ဦးပါ။ သူက အသင်းအတွက်နဲ့ ပွဲအတွက် အမြဲတမ်း ရာနှုန်းပြည့် ပေးဆပ်ထားသူပါ။ စိတ်ဓါတ်ပိုင်းတွေကို အားပေးမှုလုပ်ဖို့နဲ့ သူနဲ့အတူ အကောင်းမြင်ဖို့ ကျနေ်ာတို့ကလည်း အတူရှိနေပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

ရီးရဲလ္မက္ဒရစ္က စိတ္ဝင္စားေနဆဲဆိုတဲ့ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေပၚထားတဲ့ မာေနးက သူဟာ လီဗာပူးမွာ ရွိေနရတာကို အရမ္း ေပ်ာ္ရႊင္ ဂုဏ္ယူတယ္လို႔ ေျပာဆိုသြားပါတယ္။

မာေနးဟာ ၂၀၁၆ ခုႏွစ္မွာ ေဆာက္သမ္တန္ကေန လီဗာပူးကို ေရာက္လာခဲ့သူျဖစ္ျပီး မန္ေနဂ်ာကေလာ့ပ္ လက္ေအာက္မွာ တိုးတက္လာသူပါ။ အေစာပိုင္းမွာတုန္းက ေျခစြမ္းမတည္ျငိမ္မေတြ ရွိခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ စြမ္းေဆာင္ရည္ တည္ျငိမ္မႈေတြေၾကာင့္ လိဂ္အေကာင္းဆံုး ကစားသမားအျဖစ္ေကာ ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦးအျဖစ္ပါ သက္မွတ္ခံထားရတယ္။

မာေနးကပဲ “ ဒီထက္ ပိုေပ်ာ္ႏုိင္စရာ မရွိေတာ့သလို လီဗာပုး ကစားသမားတစ္ဦးျဖစ္ရတာကို ဂုဏ္ယူပါတယ္။ ဒီရာသီက ရာသီေကာင္း တစ္ခုဆိုတာ ေသခ်ာပါတယ္။ က်ေနာ္အတြက္ ေကာင္းမြန္တဲ့ ေလးႏွစ္တာ ကာလလည္း ျဖစ္ပါတယ္။ အသင္းေဖာ္ေတြ၊ ဝန္ထမ္းေတြ၊ အားလံုးနဲ႔ အတူရွိရတာကို အရမ္း ေပ်ာ္ရႊင္ပါတယ္။ လီဗာပူးမွာ ရွိရတာကို ေပ်ာ္ရႊင္ျပီး ဂုဏ္ယူပါတယ္ ” လို႔ ဆိုခဲ့တာပါ။

အသင္းေဖာ္ ဟန္ဒိုဟာ ဒူးဒဏ္ရာေၾကာင့္ ရာသီကုန္ထိ ေဘာလံုး ကစားႏုိင္ေတာ့မွာ မဟုတ္ပါဘူး။ မာေနးက ဟန္ဒိုက အသင္းကို အေကာင္းဆံုး ဦးေဆာင္ေပးျပီး ေပးဆပ္ကစားသူျဖစ္ကာ အသင္းသားေတြက သူ႔အတြက္ အတူရွိေပးၾကမယ္လို႔လည္း ေျပာျပပါေသးတယ္။

မာေနးက ဆက္ျပီး “ ဟန္ဒို အသင္းလူစာရင္းမွာ ရွိေနတာကို က်ေန္ာတို႔ ျမတ္ႏိုးရတယ္။ ကြင္းျပင္ပမွာ ေကာင္းမြန္တဲ့ လူပုဂၢိဳလ္ျဖစ္သလို ကြင္းထဲမွာဆိုရင္ေတာ့ သူက ေခါင္းေဆာင္ေကာင္းတစ္ဦးပါ။ သူက အသင္းအတြက္နဲ႔ ပြဲအတြက္ အျမဲတမ္း ရာနႈန္းျပည့္ ေပးဆပ္ထားသူပါ။ စိတ္ဓါတ္ပိုင္းေတြကို အားေပးမႈလုပ္ဖို႔နဲ႔ သူနဲ႔အတူ အေကာင္းျမင္ဖို႔ က်ေန္ာတို႔ကလည္း အတူရွိေနပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။