လီဗာပူး ဒီရာသီ ရယူထားတဲ့ ရမှတ် ၉၂ မှတ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ယူနိုက်တက် သမိုင်းတစ်လျှောက် ရဖူးတဲ့ အမြင့်ဆုံး ရမှတ်ဖြစ်တဲ့ ၁၉၉၉-၂၀ ခုနှစ်က ၉၁ မှတ်ကို ကျော်လွန်ခဲ့ပြီဖြစ်သလို၊ အာဆင်နယ်ရဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်က ရမှတ် ၉၀ ကိုလည်း ကျော်ဖြတ်ထားခဲ့ပါပြီ။

ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးကပဲ ရပ်ဖိုဒ့်၊ ဂရင်းဝုဒ်နဲ့ မာရှယ်တို့ပါတဲ့ တိုက်စစ်က တောက်ပလာပေမယ့် လီဗာပူးရဲ့ တိုက်စစ်က ပိုမို ရင့်ကျက်က အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။

လီဗာပူးအစွန်လူ ထရန့်ကတော့ ဆာလက်ရဲ့ ဦးတည်ချက်က ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ထိန်းသိမ်းနိုင်ဖို့ဖြစ်ကြောင်းနဲ့ အသင်းဖော်တွေကလည်း သူ့ကို ကူညီးကြမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒိုဟာ ဘရိုက်တန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ ဘောလုံးကစားနိုင်တော့မှာ မဟုတ်ဘဲ အနားယူရတော့မှာဖြစ်ပါတယ်။

လာမယ့်ရာသီ ပထမဆုံးပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းမှာ လီဗာပူးရဲ့ ပြိုင်ဘက်အသင်းက ဥရောပပွဲတွေကြောင့် အပြောင်းအလဲ ရှိနိုင်ပြီး အက်ဖ်အေဘက်က ချန်ပီယံရှစ် ချန်ပီယံအသင်းကို ကွန်မြူနတီဒိုင်း ပြိုင်ဘက်အဖြစ် ဖိတ်ခေါ်နိုင်တယ်လို့ The Times က ဖော်ပြပါတယ်။

ဘုန်းမောက်အသင်း တိုက်စစ်သမား အိုင်ဘ်က လီဗာပူးအသင်းက သူ့ကို ဘုန်းမောက်ထံ ရောင်းချခဲ့စဉ်မှာ ပြန်လည် ဝယ်ယူခွင့် သဘောတူညီမှု ပါဝင်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အာဆင်နယ်၊ ချယ်ဆီး၊ ဘာစီလိုနာ၊ မိုနာကို အသင်းတွေအတွက် ကိုယ်စားပြုခဲ့သလို စပိန် အကျော်အမော်ဟောင်းလည်းဖြစ်တဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ်က သူ့ဘဝမှာ မြင်ဖူးသမျှထဲ အကြိုက်ဆုံးပွဲအဖြစ် လီဗာပူးအသင်း ချန်ပီယံဖြစ်တဲ့ တူရကီက အင်စတမ်ဘူးလ်ပွဲကို ရွေးချယ်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ကီရာဘီ လေ့ကျင့်ရေးကွင်း ပြင်ဆင်နေမှုက အဆုံးသတ်ပိုင်းကို ရောက်လာပြီဖြစ်ပြီး ကွင်းအနီးနား ပြင်ဆင်မှု အချိုကအတွက် ဒေသခံ အာဏာပိုင်တွေထံ ခွင့်ပြုမိန့်ကိုပါ ရယူနေပါပြီ။

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် အိမ်ကွင်းဂျာစီကို အရင်ဆုံး ထုတ်ပြမှာဖြစ်ပြီး ပြီးရင်တော့ အဝေးကွင်းနဲ့ တတိယဂျာစီတွေကို အစဉ်အလိုက် ထုတ်ပြမှာဖြစ်ကာ သြဂုတ်လ ၁ ရက်နေ့ထက် ပိုစောပြီးတော့ ထုတ်ပြမှာတော့ မဟုတ်ပါဘူး။

ZAWGYI








