လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒိုဟာ ဘရိုက်တန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ ဘောလုံးကစားနိုင်တော့မှာ မဟုတ်ဘဲ အနားယူရတော့မှာဖြစ်တယ်။

မန်နေဂျာကလော့ပ်က ခွဲစိတ်မှု မလုပ်ရတာကိုပဲ ကံကောင်းနေပြီလို့ ပြောဆိုခဲ့သလို အသင်းချန်ပီယံဖြစ်တဲ့ပွဲမှာ ဟန်ဒိုက ဆုဖလား ကိုင်မြောက်ပေးပါမယ်လို့ ထုတ်ပြောခဲ့တယ်။ ဟန်ဒိုကိုယ်တိုင်ကတော့ ဒဏ်ရာနဲ့ ပက်သက်ပြီး ပရိသတ်တွေကို အကြောင်းကြားစာ ထုတ်ပြန်ပေးသွားသလို အသင်းဖော်တွေကို အားပေးနေမယ်လို့လည်း ဖွင့်ပြောသွားပါတယ်။

ဟန်ဒိုက ” ကံမကောင်းစွာပဲ ဘရိုက်တန်နဲ့ပွဲမှာ ရလိုက်တဲ့ ဒူးဒဏ်ရာကြောင့် ကျနော် အသင်းရဲ့ လက်ကျန် ပွဲတွေကို လွဲပါတော့မယ်။ ဒါပေမယ့် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို စတင်နေပါပြီ။ လာမယ့်ရာသီ အစမှာပဲ အဆင်သင့်ဖြစ်နေဖို့ သီတင်းပတ်တွေအတွင်း ကြံ့ခိုင်မှု အပြည့်အဝ ပြန်ကောင်းလာအောင် ကြိုးစားသွားမှာပါ။

ပုဂ္ဂိုလ်ရေးအရ ဒါက ဒီရာသီကို ကျနော် အဆုံးသတ်လိုတဲ့ နည်းလမ်းတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အသင်းတစ်သင်းအနေနဲ့ ကျနေ်ာတို့က မယုံနိုင်လောက်တဲ့ ဘောလုံးရာသီကို ကျော်ဖြတ်လာခဲ့တယ်။ နောက်ဆုံးပွဲအထိ အသင်းဖော်တွေကို အားပေး ထောက်ပံ့မှု လုပ်နိုင်ဖို့ စည်းပြင်ဘက်မှာ ကျနော် လုပ်နိုင်တာအားလုံး လုပ်သွားပါမယ်။ ကောင်လေးတွေက ဒီရာသီကို အမြင့်ဆုံးနဲ့ အဆုံးသတ်အောင် သေချာပေါက် လုပ်နိုင်မယ်လို့ ကျနော် ယုံကြည်တယ်။

ကျနော်ကို ပို့ပေးခဲ့ကြတဲ့ အားပေးစကားတွေအတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်သလောက် ကွင်းထဲကို အမြန်ဆုံး ပြန်လည် ခြေချနိုင်ဖို့ ကျနော်ကလည်း စိတ်ပိုင်းဖြတ်ထားပါတယ် YNWA! ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒိုဟာ ဘရိုက္တန္နဲ႔ပြဲမွာ ရခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ရာသီကုန္ထိ ေဘာလံုးကစားႏုိင္ေတာ့မွာ မဟုတ္ဘဲ အနားယူရေတာ့မွာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္က ခြဲစိတ္မႈ မလုပ္ရတာကိုပဲ ကံေကာင္းေနျပီလို႔ ေျပာဆိုခဲ့သလို အသင္းခ်န္ပီယံျဖစ္တဲ့ပြဲမွာ ဟန္ဒိုက ဆုဖလား ကိုင္ေျမာက္ေပးပါမယ္လို႔ ထုတ္ေျပာခဲ့တယ္။ ဟန္ဒိုကိုယ္တိုင္ကေတာ့ ဒဏ္ရာနဲ႔ ပက္သက္ျပီး ပရိသတ္ေတြကို အေၾကာင္းၾကားစာ ထုတ္ျပန္ေပးသြားသလို အသင္းေဖာ္ေတြကို အားေပးေနမယ္လို႔လည္း ဖြင့္ေျပာသြားပါတယ္။

ဟန္ဒိုက ” ကံမေကာင္းစြာပဲ ဘရိုက္တန္နဲ႔ပြဲမွာ ရလိုက္တဲ့ ဒူးဒဏ္ရာေၾကာင့္ က်ေနာ္ အသင္းရဲ႕ လက္က်န္ ပြဲေတြကို လြဲပါေတာ့မယ္။ ဒါေပမယ့္ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းေတြကို စတင္ေနပါျပီ။ လာမယ့္ရာသီ အစမွာပဲ အဆင္သင့္ျဖစ္ေနဖို႔ သီတင္းပတ္ေတြအတြင္း ၾကံ႕ခိုင္မႈ အျပည့္အဝ ျပန္ေကာင္းလာေအာင္ ၾကိဳးစားသြားမွာပါ။

ပုဂၢိဳလ္ေရးအရ ဒါက ဒီရာသီကို က်ေနာ္ အဆံုးသတ္လိုတဲ့ နည္းလမ္းေတာ့ မဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္ အသင္းတစ္သင္းအေနနဲ႔ က်ေန္ာတို႔က မယံုႏုိင္ေလာက္တဲ့ ေဘာလံုးရာသီကို ေက်ာ္ျဖတ္လာခဲ့တယ္။ ေနာက္ဆံုးပြဲအထိ အသင္းေဖာ္ေတြကို အားေပး ေထာက္ပံ့မႈ လုပ္ႏုိင္ဖို႔ စည္းျပင္ဘက္မွာ က်ေနာ္ လုပ္ႏုိင္တာအားလံုး လုပ္သြားပါမယ္။ ေကာင္ေလးေတြက ဒီရာသီကို အျမင့္ဆံုးနဲ႔ အဆံုးသတ္ေအာင္ ေသခ်ာေပါက္ လုပ္နုိင္မယ္လို႔ က်ေနာ္ ယံုၾကည္တယ္။

က်ေနာ္ကို ပို႔ေပးခဲ့ၾကတဲ့ အားေပးစကားေတြအတြက္ လူတိုင္းကို ေက်းဇူးတင္ပါတယ္။ ျဖစ္ႏုိင္သေလာက္ ကြင္းထဲကို အျမန္ဆံုး ျပန္လည္ ေျခခ်ႏုိင္ဖို႔ က်ေနာ္ကလည္း စိတ္ပိုင္းျဖတ္ထားပါတယ္ YNWA! ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။