လီဗာပူးအစွန်လူ ထရန့်ကတော့ ဆာလက်ရဲ့ ဦးတည်ချက်က ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ထိန်းသိမ်းနိုင်ဖို့ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ရိုးမားကနေ လီဗာပူးကို ပြောင်းလာပြီးတည်းက ဆာလက်က နှစ်တိုင်းမှာ ရွှေဖိနပ်ဆု ရထားတာဖြစ်တယ်။ ဒီရာသီဟာ ဆာလက်အတွက် လီဗာပူးကစားသမားဘဝ သုံးရာသီမြောက်ဖြစ်ပြီး အီဂျစ်သားဟာ ရွှေဖိနပ်ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးက ဗာဒီနောက် ၃ ဂိုးအကွာမှာ ရှိနေဆဲဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးရခဲ့တဲ့ ဆာလက်က တစ်ကိုယ်ကောင်းဆန်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့ပေမယ့် မန်နေဂျာနဲ့ အသင်းဖော်ကတော့ ဆာလက်ကဘက်က ကာကွယ်လိုက်ပြီး သွင်းဂိုးတွေအတွက် ဆက်လက်က ဆက်လက် တုန့်ပြန်လာဦးမယ်လို့ ပြောလာကြတာဖြစ်တယ်။

ထရန့်က ” ဆာလက်မှာ သူ့ရဲ့ ပစ်မှတ်ရှိပါတယ်။ အဲ့တာက ရွှေဖိနပ်ဆုပါပဲ။ သူက ရွှေဖိနပ်ဆုကို ဆက်ပြီး ထိန်းသိမ်းလိုပါတယ်။ သူက ကျနေ်ာတို့အတွက် ဂိုးတွေ အများကြီး သွင်းယူပေးနိုင်တဲ့ ကမ္ဘာအဆင့် ကစားသမားပါ။ သူ ရွှေဖိနပ်ဆုရဖို့ ကျနေ်ာတို့ကလည်း ဖြစ်နိုင်သလောက် ကူညီပေးသွားမှာပါ ” လို့ ပြောပြခဲ့တယ်။

လီဗာပူးကစားသမားဘဝ ပထမဆုံးရာသီမှာ သွင်းဂိုး ၃၂ ဂိုးထိ သွင်းခဲ့တဲ့ ဆာလက်ဟာ မနှစ်ကတော့ သွင်းဂိုး ၂၂ ဂိုး ရခဲ့ပါတယ်။ သူဟာ ဒီရာသီမှာလည်း သွင်းဂိုး ၁၉ ဂိုးထိ ရထားပြီး လက်ကျန်ပွဲ ၄ ပွဲ ကစားဖို့ ကျန်ရှိနေပါတယ်။

ZAWGYI

လီဗာပူးအစြန္လူ ထရန္႔ကေတာ့ ဆာလက္ရဲ႕ ဦးတည္ခ်က္က ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ထိန္းသိမ္းႏုိင္ဖို႔ျဖစ္ေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ရိုးမားကေန လီဗာပူးကို ေျပာင္းလာျပီးတည္းက ဆာလက္က ႏွစ္တိုင္းမွာ ေရႊဖိနပ္ဆု ရထားတာျဖစ္တယ္။ ဒီရာသီဟာ ဆာလက္အတြက္ လီဗာပူးကစားသမားဘဝ သံုးရာသီေျမာက္ျဖစ္ျပီး အီဂ်စ္သားဟာ ေရႊဖိနပ္ျပိဳင္ဆုိင္မႈမွာ ထိပ္ဆံုးက ဗာဒီေနာက္ ၃ ဂိုးအကြာမွာ ရွိေနဆဲျဖစ္ပါတယ္။

ဘရိုက္တန္နဲ႔ပြဲမွာ သြင္းဂိုး ၂ ဂိုးရခဲ့တဲ့ ဆာလက္က တစ္ကိုယ္ေကာင္းဆန္တယ္လို႔ ေဝဖန္မႈေတြ ထြက္ေပၚေနခဲ့ေပမယ့္ မန္ေနဂ်ာနဲ႔ အသင္းေဖာ္ကေတာ့ ဆာလက္ကဘက္က ကာကြယ္လိုက္ျပီး သြင္းဂိုးေတြအတြက္ ဆက္လက္က ဆက္လက္ တုန္႔ျပန္လာဦးမယ္လို႔ ေျပာလာၾကတာျဖစ္တယ္။

ထရန္႔က ” ဆာလက္မွာ သူ႔ရဲ႕ ပစ္မွတ္ရွိပါတယ္။ အဲ့တာက ေရႊဖိနပ္ဆုပါပဲ။ သူက ေရႊဖိနပ္ဆုကို ဆက္ျပီး ထိန္းသိမ္းလိုပါတယ္။ သူက က်ေန္ာတုိ႔အတြက္ ဂိုးေတြ အမ်ားၾကီး သြင္းယူေပးႏုိင္တဲ့ ကမၻာအဆင့္ ကစားသမားပါ။ သူ ေရႊဖိနပ္ဆုရဖို႔ က်ေန္ာတို႔ကလည္း ျဖစ္ႏုိင္သေလာက္ ကူညီေပးသြားမွာပါ ” လို႔ ေျပာျပခဲ့တယ္။

လီဗာပူးကစားသမားဘဝ ပထမဆံုးရာသီမွာ သြင္းဂိုး ၃၂ ဂိုးထိ သြင္းခဲ့တဲ့ ဆာလက္ဟာ မႏွစ္ကေတာ့ သြင္းဂိုး ၂၂ ဂိုး ရခဲ့ပါတယ္။ သူဟာ ဒီရာသီမွာလည္း သြင္းဂိုး ၁၉ ဂိုးထိ ရထားျပီး လက္က်န္ပြဲ ၄ ပြဲ ကစားဖို႔ က်န္ရွိေနပါတယ္။