ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးကပဲ ရပ်ဖိုဒ့်၊ ဂရင်းဝုဒ်နဲ့ မာရှယ်တို့ပါတဲ့ တိုက်စစ်က တောက်ပလာပေမယ့် လီဗာပူးရဲ့ တိုက်စစ်က ပိုမို ရင့်ကျက်က အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။

မာရှယ်၊ ဂရင်းဝုဒ်၊ ရပ်ဖိုဒ့်တို့က ငယ်ရွယ်သေးကာ တောက်ပတဲ့ အနာဂတ် ရှိနေပေမယ့် ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်ဖြစ်တဲ့ လီဗာပူးကို ယှဉ်ဖို့ဆိုရင် လိုအပ်နေဆဲလို့ သူမြင်တယ်။ ဒါကြောင့် လီဗာပူးကို ယှဉ်ပြိုင်နိုင်ဖို့အတွက် လူငယ်တိုက်စစ်သမားတွေအပြင် နေက်ထပ် တိုက်စစ်သမားသစ် ထပ်ခေါ်ရမယ်လို့ သူက ပြောပါတယ်။

နဗီးက ” ဆာလက်၊ ဖာမင်နို၊ မာနေးတို့က အတွေ့အကြံတွေ ရင့်ကျက်ကာ ပြည့်စုံနေတဲ့ တိုက်စစ်သမားတွေဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်သမားတွေက တွဲဘက်ညီညာမှုနဲ့တကွ ခိုင်မာတဲ့ တိုက်စစ်အတွဲဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ် သုံးယောက်တန်းဖြစ်တယ်။ ဒီနှစ်မှ မဟုတ်ဘဲ မန်စီးတီး အမှတ်ပေးဖလားရတဲ့ နှစ်ကလည်း လီဗာပူးတိုက်စစ် အရမ်းကောင်းတာကို ကျနော် ပြောခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ်တန်းက လီဗာပူးတိုက်စစ် သုံးယောက်တန်းရဲ့ အဆင့်မျိုးမှာ မရှိသေးပါဘူး။ ဒီလူငယ်တွေက ပိုမို ငယ်ရွယ်ပြီး အရည်အချင်းနဲ့ အလားအလာရှိပါတယ်။ ရပ်ဖိုဒ့်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့က ပိုပြီး ကောင်းလာမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီတော့ လီဗာပူးတိုက်စစ်က ပိုကောင်းပြီး ယူနိုက်တက် တိုက်စစ်ကတော့ အငယ်အရွယ် ငယ်ရွယ်မှုနဲ့အတူ စိတ်လှုပ်ရှားစရာ အနာဂတ်ကောင်းကို ပိုမို ပိုင်ဆိုင်ထားပါတယ်။ လူငယ် ကစားသမားတွေကို ယုံကြည်ပြီး နေရာပေးရင်တော့ သူတို့ရဲ့ အကောင်းဆုံး ကြိုးစားမှုကနေ တောက်ပလာမယ့် အနာဂတ်ရှိတဲ့ ဆုလာဘ်ကို ရမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ကစားသမားေဟာင္း ဂယ္ရီနဗီးကပဲ ရပ္ဖိုဒ့္၊ ဂရင္းဝုဒ္နဲ႔ မာရွယ္တို႔ပါတဲ့ တိုက္စစ္က ေတာက္ပလာေပမယ့္ လီဗာပူးရဲ႕ တိုက္စစ္က ပိုမို ရင့္က်က္က အေကာင္းဆံုး အေျခအေနမွာ ရွိေနတယ္လို႔ ဝန္ခံလုိက္ပါတယ္။

မာရွယ္၊ ဂရင္းဝုဒ္၊ ရပ္ဖိုဒ့္တို႔က ငယ္ရြယ္ေသးကာ ေတာက္ပတဲ့ အနာဂတ္ ရွိေနေပမယ့္ ပရီးမီးယားလိဂ္ အေကာင္းဆံုး တိုက္စစ္ျဖစ္တဲ့ လီဗာပူးကို ယွဥ္ဖို႔ဆိုရင္ လိုအပ္ေနဆဲလို႔ သူျမင္တယ္။ ဒါေၾကာင့္ လီဗာပူးကို ယွဥ္ျပိဳင္ႏုိင္ဖို႔အတြက္ လူငယ္တိုက္စစ္သမားေတြအျပင္ ေနက္ထပ္ တိုက္စစ္သမားသစ္ ထပ္ေခၚရမယ္လို႔ သူက ေျပာပါတယ္။

နဗီးက ” ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔က အေတြ႔အၾကံေတြ ရင့္က်က္ကာ ျပည့္စံုေနတဲ့ တိုက္စစ္သမားေတြျဖစ္ပါတယ္။ လီဗာပူးတိုက္စစ္သမားေတြက တြဲဘက္ညီညာမႈနဲ႔တကြ ခုိင္မာတဲ့ တိုက္စစ္အတြဲျဖစ္ျပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး တိုက္စစ္ သံုးေယာက္တန္းျဖစ္တယ္။ ဒီႏွစ္မွ မဟုတ္ဘဲ မန္စီးတီး အမွတ္ေပးဖလားရတဲ့ ႏွစ္ကလည္း လီဗာပူးတိုက္စစ္ အရမ္းေကာင္းတာကို က်ေနာ္ ေျပာခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ တိုက္စစ္တန္းက လီဗာပူးတိုက္စစ္ သံုးေယာက္တန္းရဲ႕ အဆင့္မ်ိဳးမွာ မရွိေသးပါဘူး။ ဒီလူငယ္ေတြက ပိုမို ငယ္ရြယ္ျပီး အရည္အခ်င္းနဲ႔ အလားအလာရွိပါတယ္။ ရပ္ဖိုဒ့္၊ မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔က ပိုျပီး ေကာင္းလာမလားဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီေတာ့ လီဗာပူးတိုက္စစ္က ပိုေကာင္းျပီး ယူႏုိက္တက္ တိုက္စစ္ကေတာ့ အငယ္အရြယ္ ငယ္ရြယ္မႈနဲ႔အတူ စိတ္လႈပ္ရွားစရာ အနာဂတ္ေကာင္းကို ပိုမို ပိုင္ဆုိင္ထားပါတယ္။ လူငယ္ ကစားသမားေတြကို ယံုၾကည္ျပီး ေနရာေပးရင္ေတာ့ သူတို႔ရဲ႕ အေကာင္းဆံုး ၾကိဳးစားမႈကေန ေတာက္ပလာမယ့္ အနာဂတ္ရွိတဲ့ ဆုလာဘ္ကို ရမွာပါ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။