အာဆင်နယ်၊ ချယ်ဆီး၊ ဘာစီလိုနာ၊ မိုနာကို အသင်းတွေအတွက် ကိုယ်စားပြုခဲ့သလို စပိန် အကျော်အမော်ဟောင်းလည်းဖြစ်တဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ်က သူ့ဘဝမှာ မြင်ဖူးသမျှထဲ အကြိုက်ဆုံးပွဲအဖြစ် လီဗာပူးအသင်း ချန်ပီယံဖြစ်တဲ့ တူရကီကပွဲကို ရွေးချယ်ခဲ့ပါတယ်။

ဘီဘီစီက ကစားသမားဘဝ ကြည့်ခဲ့သမျှ ဘောလုံးပွဲတွေထဲ အကောင်းဆုံးပွဲကို မေးခံရရမှာ ဖာဘရီဂတ်စ်က ” ကျနော် စိတ်ထဲမှာ ရှိတဲ့ ပွဲက ၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက အေစီမီလန်ကို ရင်ဆိုင်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ အရည်အချင်းတင် မဟုတ်ဘဲ စိတ်လှုပ်ရှားဖို့လည်း သိပ်ကောင်းပါတယ်။

ဒုတိယပိုင်း အစမှာတင် လီဗာပူးက ကွင်းထဲ ခပ်စောစော ပြန်လာခဲ့သလို သူတို့ရဲ့ ပရိသတ်တွေလည်း ကွင်းထဲ ပြန်ရောက်လာခဲ့တယ်။ နောက်ပြီး ရလဒ်ကိုလည်း ပြန်ယူပြခဲ့တယ်။ အဲ့ပွဲကိုကြည့်ပြီး ဘယ်လိုပွဲလဲကွာ၊ ဘာတွေဖြစ်ကုန်တာလဲ?” လို့ အံ့အားသင့်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

ဖာဘရီဂတ်စ်ပြောတာ မမှားပါဘူး။ ၂၀၀၅ ခုနှစ်မှာ ၆ မိနစ်နဲ့တင် အေစီမီလန်ကို ၃ ဂိုး ပြတ်သွင်းခဲ့တဲ့ လီဗာပူးရဲ့ စိတ်ပြင်းပြမှုက ကမ္ဘာဘောလုံးလောကကိုလည်း တုန်လှုပ်စေခဲ့တာပါ။ အဆိုပါ ဗိုလ်လုပွဲမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းသားတွေဟာဆိုရင် ဂန္တဝင်တွေအဖြစ် မှတ်ယူခံခဲ့ရတာဖြစ်တယ်။

ချန်ပီယံလိဂ်သမိုင်းမှာတော့ အကောင်းဆုံးသော ဗိုလ်လုပွဲအဖြစ် မဲပေးတဲ့အခါတိုင်း ၂၀၀၅ ခုနှစ် အင်စတမ်ဘူးလ် ချန်ပီယံလိဂ်ပွဲဟာ အခုချိန်ထိကို ထိပ်ဆုံးက မဲပေးခံနေရဆဲဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္၊ ခ်ယ္ဆီး၊ ဘာစီလိုနာ၊ မိုနာကို အသင္းေတြအတြက္ ကိုယ္စားျပဳခဲ့သလို စပိန္ အေက်ာ္အေမာ္ေဟာင္းလည္းျဖစ္တဲ့ ကြင္းလယ္လူ ဖာဘရီဂတ္စ္က သူ႔ဘဝမွာ ျမင္ဖူးသမွ်ထဲ အၾကိဳက္ဆံုးပြဲအျဖစ္ လီဗာပူးအသင္း ခ်န္ပီယံျဖစ္တဲ့ တူရကီကပြဲကို ေရြးခ်ယ္ခဲ့ပါတယ္။

ဘီဘီစီက ကစားသမားဘဝ ၾကည့္ခ့ဲသမွ် ေဘာလံုးပြဲေတြထဲ အေကာင္းဆံုးပြဲကို ေမးခံရရမွာ ဖာဘရီဂတ္စ္က ” က်ေနာ္ စိတ္ထဲမွာ ရွိတဲ့ ပြဲက ၂၀၀၅ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ လီဗာပူးက ေအစီမီလန္ကို ရင္ဆိုင္ခဲ့တဲ့ပြဲ ျဖစ္ပါတယ္။ အရည္အခ်င္းတင္ မဟုတ္ဘဲ စိတ္လႈပ္ရွားဖို႔လည္း သိပ္ေကာင္းပါတယ္။

ဒုတိယပိုင္း အစမွာတင္ လီဗာပူးက ကြင္းထဲ ခပ္ေစာေစာ ျပန္လာခဲ့သလို သူတို႔ရဲ႕ ပရိသတ္ေတြလည္း ကြင္းထဲ ျပန္ေရာက္လာခဲ့တယ္။ ေနာက္ျပီး ရလဒ္ကိုလည္း ျပန္ယူျပခဲ့တယ္။ အဲ့ပြဲကိုၾကည့္ျပီး ဘယ္လိုပြဲလဲကြာ၊ ဘာေတြျဖစ္ကုန္တာလဲ?” လို႔ အ့ံအားသင့္ခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။

ဖာဘရီဂတ္စ္ေျပာတာ မမွားပါဘူး။ ၂၀၀၅ ခုႏွစ္မွာ ၆ မိနစ္နဲ႔တင္ ေအစီမီလန္ကို ၃ ဂိုး ျပတ္သြင္းခဲ့တဲ့ လီဗာပူးရဲ႕ စိတ္ျပင္းျပမႈက ကမၻာေဘာလံုးေလာကကိုလည္း တုန္လႈပ္ေစခဲ့တာပါ။ အဆိုပါ ဗိုလ္လုပြဲမွာ ကစားခဲ့တဲ့ လီဗာပူးအသင္းသားေတြဟာဆိုရင္ ဂႏၱဝင္ေတြအျဖစ္ မွတ္ယူခံခဲ့ရတာျဖစ္တယ္။

ခ်န္ပီယံလိဂ္သမိုင္းမွာေတာ့ အေကာင္းဆံုးေသာ ဗိုလ္လုပြဲအျဖစ္ မဲေပးတဲ့အခါတိုင္း ၂၀၀၅ ခုႏွစ္ အင္စတမ္ဘူးလ္ ခ်န္ပီယံလိဂ္ပြဲဟာ အခုခ်ိန္ထိကို ထိပ္ဆံုးက မဲေပးခံေနရဆဲျဖစ္ပါတယ္။