လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဒဏ်ရာက ဒီရာသီ လက်ကျန်ပွဲတွေတင် မဟုတ်ဘဲ လာမယ့်ရာသီ အစောပိုင်းအထိပါ လွဲချော်သွားမယ့် အနေအထားမှာ ရှိနေပါတယ်။

လီဗာပူးသတင်းထောက် Dominic King က ဒေးလီးမေလ်းကနေ ဒီသတင်းကို ဖော်ပြခဲ့တာဖြစ်ပြီး အစောပိုင်းကပဲ မန်နေဂျာကလော့ပ်က ဟန်ဒါဆန်ရဲ့ ဒဏ်ရာ ပြင်းထန်နိုင်တယ်လို့ သတင်းပေးထားပါတယ်။ ဒီရာသီမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဟန်ဒါဆန်ကို ကာလဘယ်လောက်ကြာ လက်လွတ်ရမလဲကို လီဗာပူးအသင်းဘက်က သတင်းထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုကိုတောင် စိန်ခေါ်နိုင်မယ့်အထိ ဒီရာသီမှာ တောက်ပနေတဲ့ ဟန်ဒါဆန်ဟာ ပြိုင်ဘက် ကစားသမားနဲ့ ထိတွေ့မှုဖြစ်ရာက ဘယ်ဘက်ဒူးမှာ ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာကို စကန်ဖတ်ဖို့ကိုတော့ လုပ်ဆောင်နေပြီး အသေးစိတ် အနေအထားကို ထုတ်ပြန်ပေးဖို့ ကျန်နေသေးတာဖြစ်တယ်။

ဟန်ဒါဆန်ရတဲ့ ဒဏ်ရာမျိုးက ပုံမှန်အားဖြင့် အနည်းဆုံးတောင် ၈ ပတ်လောက်ထိ အနားယူရနိုင်တယ်လို့ သိရတယ်။ ဒါကြောင့် ဒီရာသီ လက်ကျန်ပွဲတွေအပြင် လာမယ့်ရာသီ စတင်နိုင်တဲ့ စက်တင်ဘာအထိပါ ဟန်ဒါဆန်က ဒဏ်ရာကြောင့် အနားယူရနိုင်ပါတယ်။

ဟန်ဒါဆန်အတွက်လည်း ဒါက သတင်းဆိုးတစ်ခုဖြစ်လာနိုင်ပြီး PFA အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေတဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟာ အသင်း ချန်ပီယံဖလား ကိုင်မြောက်မယ့် ဇူလိုင်လ ၂၂ ရက်နေ့ ချယ်ဆီးနဲ့ပွဲမှာ ကွင်းထဲမှာ ရှိနိုင်မလား၊ ဆေးရုံမှာပဲ ရှိနေမလားဆိုတာကို ဒီရက်ပိုင်း အသင်းရဲ့ သတင်းထုတ်ပြန်ချက်ကို စောင့်နားထောင်ရမှာပါ။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာက ဒီရာသီ လက္က်န္ပြဲေတြတင္ မဟုတ္ဘဲ လာမယ့္ရာသီ အေစာပိုင္းအထိပါ လြဲေခ်ာ္သြားမယ့္ အေနအထားမွာ ရွိေနပါတယ္။

လီဗာပူးသတင္းေထာက္ Dominic King က ေဒးလီးေမလ္းကေန ဒီသတင္းကို ေဖာ္ျပခဲ့တာျဖစ္ျပီး အေစာပိုင္းကပဲ မန္ေနဂ်ာကေလာ့ပ္က ဟန္ဒါဆန္ရဲ႕ ဒဏ္ရာ ျပင္းထန္ႏုိင္တယ္လို႔ သတင္းေပးထားပါတယ္။ ဒီရာသီမွာ စြမ္းေဆာင္ရည္ ေကာင္းေနတဲ့ ဟန္ဒါဆန္ကို ကာလဘယ္ေလာက္ၾကာ လက္လြတ္ရမလဲကို လီဗာပူးအသင္းဘက္က သတင္းထုတ္ျပန္ေပးျခင္း မရွိေသးပါဘူး။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးဆုကိုေတာင္ စိန္ေခၚႏုိင္မယ့္အထိ ဒီရာသီမွာ ေတာက္ပေနတဲ့ ဟန္ဒါဆန္ဟာ ျပိဳင္ဘက္ ကစားသမားနဲ႔ ထိေတြ႔မႈျဖစ္ရာက ဘယ္ဘက္ဒူးမွာ ဒဏ္ရာရခဲ့တာပါ။ ဒဏ္ရာကို စကန္ဖတ္ဖို႔ကိုေတာ့ လုပ္ေဆာင္ေနျပီး အေသးစိတ္ အေနအထားကို ထုတ္ျပန္ေပးဖို႔ က်န္ေနေသးတာျဖစ္တယ္။

ဟန္ဒါဆန္ရတဲ့ ဒဏ္ရာမ်ိဳးက ပံုမွန္အားျဖင့္ အနည္းဆံုးေတာင္ ၈ ပတ္ေလာက္ထိ အနားယူရႏုိင္တယ္လို႔ သိရတယ္။ ဒါေၾကာင့္ ဒီရာသီ လက္က်န္ပြဲေတြအျပင္ လာမယ့္ရာသီ စတင္ႏုိင္တဲ့ စက္တင္ဘာအထိပါ ဟန္ဒါဆန္က ဒဏ္ရာေၾကာင့္ အနားယူရႏုိင္ပါတယ္။

ဟန္ဒါဆန္အတြက္လည္း ဒါက သတင္းဆိုးတစ္ခုျဖစ္လာႏုိင္ျပီး PFA အေကာင္းဆံုး ကစားသမားဆုအတြက္ ေရပန္းစားေနတဲ့ လီဗာပူးအသင္းေခါင္းေဆာင္ဟာ အသင္း ခ်န္ပီယံဖလား ကိုင္ေျမာက္မယ့္ ဇူလိုင္လ ၂၂ ရက္ေန႔ ခ်ယ္ဆီးနဲ႔ပြဲမွာ ကြင္းထဲမွာ ရွိႏုိင္မလား၊ ေဆးရံုမွာပဲ ရွိေနမလားဆိုတာကို ဒီရက္ပိုင္း အသင္းရဲ႕ သတင္းထုတ္ျပန္ခ်က္ကို ေစာင့္နားေထာင္ရမွာပါ။