ဘုန်းမောက်အသင်း တိုက်စစ်သမား အိုင်ဘ်က လီဗာပူးအသင်းက သူ့ကို ဘုန်းမောက်ထံ ရောင်းချခဲ့စဉ်မှာ ပြန်လည် ဝယ်ယူခွင့် သဘောတူညီမှု ပါဝင်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဘုန်းမောက်ဟာ ကလပ်စံချိန်တင်ကြေးနဲ့အတူ လီဗာပူးကနေ အိုဘ်အတွက် ပေါင် ၁၅ သန်း ပေးပြီး ခေါ်ယူခဲ့တာဖြစ်တယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ မန်နေဂျာကလော့ပ် လီဗာပူးကို ရောက်လာပြီးနောက်ပိုင်း အိုဘ်ကို နေရာပေးခဲ့ပေမယ့် နွေမှာတော့ ရောင်းထုတ်ခဲ့တာဖြစ်တယ်။

ဘုန်းမောက်က မျှော်လင့်ချက်ကြီးစွာဖြင့် ခေါ်ယူခြင်း ခံခဲ့ရပေမယ့်လည်း စိတ်ဓါတ်ပိုင်းမှာ အားနည်းမှုနဲ့အတူ အသက် ၂၄ နှစ်အရွယ် ကစားသမားက ဒီနွေမှာ ဘုန်းမောက်က ထွက်ခွာသွားဖို့ ရှိနေပါတယ်။

အိုင်ဘ်က “ ကျနော် ကလော့ပ်နဲ့ ဆွေးနွေးခဲ့ပြီး တောင်ပံနေရာက ကျနော်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ကျနေ်ာတို့ ဘုန်းမောက်နဲ့ စာချုပ် ချုပ်ခဲ့ရာမှာ လီဗာပူးက အလိုရှိရင် ပြန်လည် ခေါ်ယူခွင့် ထည့်သွင်းခဲ့တယ်။

ကလော့ပ်က မာနေးကို ဝယ်ယူခဲ့တာကြောင့် ကျနော် အနေနဲ့ ကွင်းထဲမှာ ခြေစွမ်းပြဖို့ ပိုပြီး အချိန်လိုတယ်လို့ ယူဆခဲ့တယ်။ အဲ့နောက် ဆာလက်ကိုလည်း သူတို့ ခေါ်ယူခဲ့တယ်။ ကျနော်က လီဗာပူးကနေ ထွက်ခွာပြီး အသင်းသစ်မှာ အဓိက ကစားသမား ဖြစ်လာနိုင်တယ်လို့ တွေးမိခဲ့တယ် ” လို့ ပြောပြခဲ့တယ်။

ကလော့ပ်က သူ့ကို အငှားချမယ့်သဘောတွေ လုပ်ခဲ့သေးပေမယ့် လေ့ကျင့်ရေးမှာ ခြေစွမ်းပြနိုင်လို့ ပွဲထွက်ခွင့်တွေ ပေးခဲ့ကြောင်းကိုလည်း အိုင်ဘ်က ဆက်ပြောပါတယ်။

“ အပြောင်းအလဲ အနည်းငယ် ဖြစ်လာခဲ့ပြီး ပထမအသင်းကို ပုံစံ ပိုကောင်းလာဖို့ ကျနော် အပါအဝင် လူငယ်ကစားသမား အချို့ကို အငှားချလိုခဲ့တယ်။ လေ့ကျင့်ရေးမှာ ကျနော် စွမ်းဆောင်မှုတွေ ကောင်းခဲ့တာကြောင့် ကလော့ပ်က ကျနော်ကို ယုံကြည်လာခဲ့တယ်။

သူက ကျနော်ကို ယုံကြည်မှုတွေ ပေးခဲ့ပြီး ဖခင်တစ်ဦးလိုပါပဲ။ ကျနော် ကစားပုံ ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ ကျနော်ရဲ့ ဦးလေးတစ်ယောက်လို ကျနော် ခေါင်းကို ပုပ်ပြီး နှစ်သိမ့်ပေးဆဲဖြစ်ပါတယ် ” လို့ အိုဘ်က ပြောဆိုသွားပါတယ်။

ZAWGYI

ဘုန္းေမာက္အသင္း တိုက္စစ္သမား အိုင္ဘ္က လီဗာပူးအသင္းက သူ႔ကို ဘုန္းေမာက္ထံ ေရာင္းခ်ခဲ့စဥ္မွာ ျပန္လည္ ဝယ္ယူခြင့္ သေဘာတူညီမႈ ပါဝင္ခဲ့တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ ဘုန္းေမာက္ဟာ ကလပ္စံခ်ိန္တင္ေၾကးနဲ႔အတူ လီဗာပူးကေန အိုဘ္အတြက္ ေပါင္ ၁၅ သန္း ေပးျပီး ေခၚယူခဲ့တာျဖစ္တယ္။ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမွာ မန္ေနဂ်ာကေလာ့ပ္ လီဗာပူးကို ေရာက္လာျပီးေနာက္ပိုင္း အိုဘ္ကို ေနရာေပးခဲ့ေပမယ့္ ေႏြမွာေတာ့ ေရာင္းထုတ္ခဲ့တာျဖစ္တယ္။

ဘုန္းေမာက္က ေမွ်ာ္လင့္ခ်က္ၾကီးစြာျဖင့္ ေခၚယူျခင္း ခံခဲ့ရေပမယ့္လည္း စိတ္ဓါတ္ပိုင္းမွာ အားနည္းမႈနဲ႔အတူ အသက္ ၂၄ ႏွစ္အရြယ္ ကစားသမားက ဒီေႏြမွာ ဘုန္းေမာက္က ထြက္ခြာသြားဖို႔ ရွိေနပါတယ္။

အိုင္ဘ္က “ က်ေနာ္ ကေလာ့ပ္နဲ႔ ေဆြးေႏြးခဲ့ျပီး ေတာင္ပံေနရာက က်ေနာ္အတြက္ အေကာင္းဆံုးျဖစ္မယ္လို႔ ထင္ခဲ့ပါတယ္။ က်ေန္ာတို႔ ဘုန္းေမာက္နဲ႔ စာခ်ဳပ္ ခ်ဳပ္ခဲ့ရာမွာ လီဗာပူးက အလိုရွိရင္ ျပန္လည္ ေခၚယူခြင့္ ထည့္သြင္းခဲ့တယ္။

ကေလာ့ပ္က မာေနးကို ဝယ္ယူခဲ့တာေၾကာင့္ က်ေနာ္ အေနနဲ႔ ကြင္းထဲမွာ ေျခစြမ္းျပဖို႔ ပိုျပီး အခ်ိန္လိုတယ္လို႔ ယူဆခဲ့တယ္။ အဲ့ေနာက္ ဆာလက္ကိုလည္း သူတို႔ ေခၚယူခဲ့တယ္။ က်ေနာ္က လီဗာပူးကေန ထြက္ခြာျပီး အသင္းသစ္မွာ အဓိက ကစားသမား ျဖစ္လာႏုိင္တယ္လို႔ ေတြးမိခဲ့တယ္ ” လို႔ ေျပာျပခဲ့တယ္။

ကေလာ့ပ္က သူ႔ကို အငွားခ်မယ့္သေဘာေတြ လုပ္ခဲ့ေသးေပမယ့္ ေလ့က်င့္ေရးမွာ ေျခစြမ္းျပႏုိင္လို႔ ပြဲထြက္ခြင့္ေတြ ေပးခဲ့ေၾကာင္းကိုလည္း အိုင္ဘ္က ဆက္ေျပာပါတယ္။

“ အေျပာင္းအလဲ အနည္းငယ္ ျဖစ္လာခဲ့ျပီး ပထမအသင္းကို ပံုစံ ပိုေကာင္းလာဖို႔ က်ေနာ္ အပါအဝင္ လူငယ္ကစားသမား အခ်ိဳ႔ကို အငွားခ်လိုခဲ့တယ္။ ေလ့က်င့္ေရးမွာ က်ေနာ္ စြမ္းေဆာင္မႈေတြ ေကာင္းခဲ့တာေၾကာင့္ ကေလာ့ပ္က က်ေနာ္ကို ယံုၾကည္လာခဲ့တယ္။

သူက က်ေနာ္ကို ယံုၾကည္မႈေတြ ေပးခဲ့ျပီး ဖခင္တစ္ဦးလိုပါပဲ။ က်ေနာ္ ကစားပံု ေကာင္းသည္ျဖစ္ေစ၊ ညံ့သည္ျဖစ္ေစ က်ေနာ္ရဲ႕ ဦးေလးတစ္ေယာက္လို က်ေနာ္ ေခါင္းကို ပုပ္ျပီး ႏွစ္သိမ့္ေပးဆဲျဖစ္ပါတယ္ ” လို႔ အိုဘ္က ေျပာဆိုသြားပါတယ္။