လာမယ့်ရာသီ ပထမဆုံးပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းမှာ လီဗာပူးရဲ့ ပြိုင်ဘက်အသင်းက ဥရောပပွဲတွေကြောင့် အပြောင်းအလဲ ရှိနိုင်တယ်လို့ The Times က ဖော်ပြပါတယ်။

အင်္ဂလန်ဘောလုံးလောကမှာ အဆင့်မြင့်တန်း အမှတ်ပေးချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ကို ရာသီအဖွင့်မှာ ပထမဆုံး တွေ့ဆုံစေမှုအဖြစ် ကွန်မြူနတီဒိုင်းကို ယှဉ်ပြိုင်စေတာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ ကိုဗစ်ကပ်ဘေး နောက်ဆက်တွဲ ဥရောပပွဲတွေကို ပြည်တွင်းပွဲတွေ အပြီးမှ ယှဉ်ပြိုင်စေမှာဖြစ်ခြင်းက ကွန်မြူနတီဒိုင်းအတွက်ပါ စဉ်းစားစရာ ဖြစ်လာစေပါတယ်။

ဥရောပပွဲတွေဟာ အမှတ်ပေးပွဲတွေထက် တစ်လဝန်းကျင် နောက်ကျပြီး သြဂုတ်လ အကုန်လောက်မှ အပြီးသတ်မှာပါ။ ဒီရာသီ အက်ဖ်အေအသင်း ဆီမီးဖိုင်နယ်ရောက် အသင်းလေးသင်းမှာ သုံးသင်းက ဥရောပပွဲတွေ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။

အက်ဖ်အေချန်ပီယံအသင်းဟာ ဥရောပမှာလည်း ဗိုလ်လုပွဲကို ရောက်သွားမယ်ဆိုရင် သြဂုတ်လထဲ ယှဉ်ပြိုင်ဖို့ ရည်မှန်းထားတဲ့ ကွန်မြူနတီဒိုင်းပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို ဖြစ်လာခဲ့ရင် အက်ဖ်အေက ချန်ပီယံရှစ် ချန်ပီယံကို ကွန်မြူနတီဒိုင်း ကစားပေးဖို့ ဖိတ်ခေါ်နိုင်ပါတယ်။

လက်ရှိမှာ ချန်ပီယံရှစ် ချန်ပီယံဖြစ်ဖို့ကို ဝက်ဘရွန်းနဲ့ လိဒ်တို့က အပြိုင်ဖြစ်နေတာပါ။ ပွဲစဉ် ၄ ပွဲပဲ ကစားဖို့ ကျန်ရာမှာ လိဒ်က ဝက်ဘရွန်းကို တစ်မှတ်အသာဖြစ် လိဂ်ကို ဦးဆောင်ထားပါတယ်။ အကယ်လို့ လိဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် မတိုင်ခင် အင်္ဂလန် အဆင့်မြင့်တန်းမှာ ပြိုင်ဘက်တွေဖြစ်ခဲ့သေးတဲ့ လိဒ်နဲ့ လီဗာပူးကြား ထိပ်တိုက်တွေ့မှု ဖြစ်လာမှာဖြစ်ပြီး ၉၀ ခုနှစ်က အမှတ်တရတွေကို ပြန်မြင်ရမှု ဖြစ်လာပါမယ်။

အဆင့်မြင့်တန်း သမိုင်းမှာ လီဗာပူးက အအောင်မြင်ဆုံး အသင်းအဖြစ် ချန်ပီယံ ၁၈ ကြိမ်ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်အဖြစ် မပြောင်းလဲခင် အဆင့်မြင့်တန်းရဲ့ နောက်ဆုံး ချန်ပီယံက လိဒ်အသင်း ဖြစ်ခဲ့ပါတယ်။

ZAWGYI

လာမယ့္ရာသီ ပထမဆံုးပြဲျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းမွာ လီဗာပူးရဲ႕ ျပိဳင္ဘက္အသင္းက ဥေရာပပြဲေတြေၾကာင့္ အေျပာင္းအလဲ ရွိႏုိင္တယ္လို႔ The Times က ေဖာ္ျပပါတယ္။

အဂၤလန္ေဘာလံုးေလာကမွာ အဆင့္ျမင့္တန္း အမွတ္ေပးခ်န္ပီယံနဲ႔ အက္ဖ္ေအဖလား ခ်န္ပီယံတို႔ကို ရာသီအဖြင့္မွာ ပထမဆံုး ေတြ႔ဆံုေစမႈအျဖစ္ ကြန္ျမဴနတီဒိုင္းကို ယွဥ္ျပိဳင္ေစတာပါ။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ကိုဗစ္ကပ္ေဘး ေနာက္ဆက္တြဲ ဥေရာပပြဲေတြကို ျပည္တြင္းပြဲေတြ အျပီးမွ ယွဥ္ျပိဳင္ေစမွာျဖစ္ျခင္းက ကြန္ျမဴနတီဒိုင္းအတြက္ပါ စဥ္းစားစရာ ျဖစ္လာေစပါတယ္။

ဥေရာပပြဲေတြဟာ အမွတ္ေပးပြဲေတြထက္ တစ္လဝန္းက်င္ ေနာက္က်ျပီး ၾသဂုတ္လ အကုန္ေလာက္မွ အျပီးသတ္မွာပါ။ ဒီရာသီ အက္ဖ္ေအအသင္း ဆီမီးဖိုင္နယ္ေရာက္ အသင္းေလးသင္းမွာ သံုးသင္းက ဥေရာပပြဲေတြ ကစားရဖို႔ ရွိေနတာျဖစ္ပါတယ္။

အက္ဖ္ေအခ်န္ပီယံအသင္းဟာ ဥေရာပမွာလည္း ဗိုလ္လုပြဲကို ေရာက္သြားမယ္ဆိုရင္ ၾသဂုတ္လထဲ ယွဥ္ျပိဳင္ဖို႔ ရည္မွန္းထားတဲ့ ကြန္ျမဴနတီဒိုင္းပြဲကို ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ ဒီလို ျဖစ္လာခဲ့ရင္ အက္ဖ္ေအက ခ်န္ပီယံရွစ္ ခ်န္ပီယံကို ကြန္ျမဴနတီဒိုင္း ကစားေပးဖို႔ ဖိတ္ေခၚႏုိင္ပါတယ္။

လက္ရွိမွာ ခ်န္ပီယံရွစ္ ခ်န္ပီယံျဖစ္ဖို႔ကို ဝက္ဘရြန္းနဲ႔ လိဒ္တို႔က အျပိဳင္ျဖစ္ေနတာပါ။ ပြဲစဥ္ ၄ ပြဲပဲ ကစားဖို႔ က်န္ရာမွာ လိဒ္က ဝက္ဘရြန္းကို တစ္မွတ္အသာျဖစ္ လိဂ္ကို ဦးေဆာင္ထားပါတယ္။ အကယ္လို႔ လိဒ္အသင္းနဲ႔ ယွဥ္ျပိဳင္ရမယ္ဆိုရင္ ပရီးမီးယားလိဂ္ မတိုင္ခင္ အဂၤလန္ အဆင့္ျမင့္တန္းမွာ ျပိဳင္ဘက္ေတြျဖစ္ခဲ့ေသးတဲ့ လိဒ္နဲ႔ လီဗာပူးၾကား ထိပ္တိုက္ေတြ႔မႈ ျဖစ္လာမွာျဖစ္ျပီး ၉၀ ခုႏွစ္က အမွတ္တရေတြကို ျပန္ျမင္ရမႈ ျဖစ္လာပါမယ္။

အဆင့္ျမင့္တန္း သမိုင္းမွာ လီဗာပူးက အေအာင္ျမင္ဆံုး အသင္းအျဖစ္ ခ်န္ပီယံ ၁၈ ၾကိမ္ျဖစ္ခဲ့သလို ပရီးမီးယားလိဂ္အျဖစ္ မေျပာင္းလဲခင္ အဆင့္ျမင့္တန္းရဲ႕ ေနာက္ဆံုး ခ်န္ပီယံက လိဒ္အသင္း ျဖစ္ခဲ့ပါတယ္။