လီဗာပူးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ရမှတ် ၉၂ မှတ် ရထားပြီဖြစ်လို့ ပြိုင်ဘက်ဟောင်းတွေရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲ ၃၄ ပွဲ ကစားထားပြီဖြစ်တဲ့ လီဗာပူးဟာ လက်ကျန် ၄ ပွဲမှာတော့ တစ်ရာသီ ရမှတ်အများဆုံး ချန်ပီယံ၊ တစ်ရာသီ အိမ်ကွင်းနိုင်ပွဲ အားလုံးရ ချန်ပီယံ၊ တစ်ရာသီ နိုင်ပွဲအများဆုံးရ ချန်ပီယံနဲ့ ဒုတိယနေရာက အသင်းကို ရမှတ်အဖြတ်နိုင်ဆုံး ချန်ပီယံဆိုတ့ စံချိန်ကောင်းတွေအတွက် ဆက်လက် ယှဉ်ပြိုင်နေတာဖြစ်တယ်။

မန်နေဂျာကလော့ပ်ရဲ့ အသင်းဟာ တည်ငြိမ်မှုတွေ ရှိနေဆဲဖြစ်ပြီး ရလဒ်တွေ ဆက်လက် ရယူနိုင်တာကြောင့် ဒီစံချိန်တွေကို ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ရတယ်။ လီဗာပူးအတွက် အဓိက စိန်ခေါ်မှုကတော့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ မန်စီးတီးအသင်း တင်ရှိထားတဲ့ အင်္ဂလန်ဘောလုံးသမိုင်း အဆင့်မြင့်တန်းမှာ ရမှတ် ၁၀၀ ဖြင့် အမှတ်အများဆုံး ယူနိုင်တဲ့ ချန်ပီယံစံချိန်ကို ချျိုးဖျက်ဖို့ ဖြစ်ပါတယ်။

လီဗာပူး ဒီရာသီ ရယူထားတဲ့ ရမှတ် ၉၂ မှတ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ယူနိုက်တက် သမိုင်းတစ်လျှောက် ရဖူးတဲ့ အမြင့်ဆုံး ရမှတ်ဖြစ်တဲ့ ၁၉၉၉-၂၀ ခုနှစ်က ၉၁ မှတ်ကို ကျော်လွန်ခဲ့ပြီဖြစ်သလို၊ အာဆင်နယ်ရဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်က ရမှတ် ၉၀ ကိုလည်း ကျော်ဖြတ်ထားခဲ့ပါပြီ။

မကြာခင်မှာ ချယ်ဆီးရဲ့ ၂၀၀၄-၂၀၀၅ ခုနှစ်က တင်ရှိထားတဲ့ ၉၅ မှတ် စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ရှိနေပြီး ရမှတ် ၁၀၀ ကို ကျော်ဖို့ကတော့ လက်ကျန် ၄ ပွဲအတွင်း အနည်းဆုံး ၃ ပွဲနိုင်ရင် အောင်မြင်မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ရမွတ္ ၉၂ မွတ္ ရထားျပီျဖစ္လို႔ ျပိဳင္ဘက္ေဟာင္းေတြရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ပြဲ ၃၄ ပြဲ ကစားထားျပီျဖစ္တဲ့ လီဗာပူးဟာ လက္က်န္ ၄ ပြဲမွာေတာ့ တစ္ရာသီ ရမွတ္အမ်ားဆံုး ခ်န္ပီယံ၊ တစ္ရာသီ အိမ္ကြင္းႏိုင္ပြဲ အားလံုးရ ခ်န္ပီယံ၊ တစ္ရာသီ ႏုိင္ပြဲအမ်ားဆံုးရ ခ်န္ပီယံနဲ႔ ဒုတိယေနရာက အသင္းကို ရမွတ္အျဖတ္ႏုိင္ဆံုး ခ်န္ပီယံဆိုတ့ စံခ်ိန္ေကာင္းေတြအတြက္ ဆက္လက္ ယွဥ္ျပိဳင္ေနတာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္ရဲ႕ အသင္းဟာ တည္ျငိမ္မႈေတြ ရွိေနဆဲျဖစ္ျပီး ရလဒ္ေတြ ဆက္လက္ ရယူႏုိင္တာေၾကာင့္ ဒီစံခ်ိန္ေတြကို ခ်ိဳးဖ်က္ႏုိင္မယ္လို႔ ယံုၾကည္ရတယ္။ လီဗာပူးအတြက္ အဓိက စိန္ေခၚမႈကေတာ့ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာ မန္စီးတီးအသင္း တင္ရွိထားတဲ့ အဂၤလန္ေဘာလံုးသမိုင္း အဆင့္ျမင့္တန္းမွာ ရမွတ္ ၁၀၀ ျဖင့္ အမွတ္အမ်ားဆံုး ယူႏုိင္တဲ့ ခ်န္ပီယံစံခ်ိန္ကို ခ််ိဳးဖ်က္ဖို႔ ျဖစ္ပါတယ္။

လီဗာပူး ဒီရာသီ ရယူထားတဲ့ ရမွတ္ ၉၂ မွတ္ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ယူႏုိက္တက္ သမိုင္းတစ္ေလွ်ာက္ ရဖူးတဲ့ အျမင့္ဆံုး ရမွတ္ျဖစ္တဲ့ ၁၉၉၉-၂၀ ခုႏွစ္က ၉၁ မွတ္ကို ေက်ာ္လြန္ခဲ့ျပီျဖစ္သလို၊ အာဆင္နယ္ရဲ႕ ၂၀၀၃-၂၀၀၄ ခုႏွစ္က ရမွတ္ ၉၀ ကိုလည္း ေက်ာ္ျဖတ္ထားခဲ့ပါျပီ။

မၾကာခင္မွာ ခ်ယ္ဆီးရဲ႕ ၂၀၀၄-၂၀၀၅ ခုႏွစ္က တင္ရွိထားတဲ့ ၉၅ မွတ္ စံခ်ိန္ကို ေက်ာ္ျဖတ္ႏုိင္ဖို႔ ရွိေနျပီး ရမွတ္ ၁၀၀ ကို ေက်ာ္ဖို႔ကေတာ့ လက္က်န္ ၄ ပြဲအတြင္း အနည္းဆံုး ၃ ပြဲႏုိင္ရင္ ေအာင္ျမင္မွာ ျဖစ္ပါတယ္။