စီးတီးကွင်းလယ်သမား ဘာနာဒိုဆေးလ်ဗားက ဘရိုက်တန်နဲ့ ပွဲမှာ အနိုင်ယူပြီး နှစ်ရာသီဆက် ပရီးမီးယားလိဂ် ဗိုလ်စွဲတဲ့ မှတ်တမ်းကောင်း ရေးထိုးမယ့် မန်စီးတီးအသင်းကို အစွမ်းကုန် ကူညီသွားဖို့ စိတ် ပိုင်းဖြတ်ထားပါတယ်။

ဖာနန်ဒင်ဟို ကတော့ ဒူးဒဏ်ရာ ကုသမှု အခြေအနေ ကောင်းနေပြီး ဘရိုက်တန်နဲ့ ပွဲမှာ ပါဝင်ဖို့တော့ မရှိပါဘူး။ ဖာနန်ဒင်ဟိုဟာ အမှတ်ပေးပွဲ နောက်ဆုံးအပတ်ပွဲကို မပါနိုင်ပေမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပါဝင်လာမယ်လို့ ဂွာဒီယိုလာက အတည်ပြုပေးခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ပွဲကြို အင်တာဗျူးမှာတော့ ဂွာဒီယိုလာက ကွင်းလယ်လူ ဒီဘရိုင်းဟာ ဘရိုက်တန်ပွဲအတွက် အဆင်သင့်ဖြစ်နေမယ်လို့ ပြောပါတယ်။ ပွဲထွက်နေရာ အာမခံချက် မပေးခဲ့ပေမယ့် ဒီဘရိုင်းဟာ အသင်းနဲ့ လေ့ကျင့်နေတာ နှစ်ရက်ရှိပါပြီလို့ သတင်းကောင်းပေးခဲ့တာပါ။

ဂွာဒီယိုလာက အက်သလက်တီကိုအသင်းမှ ကွင်းလယ်လူ ရိုဒရီနဲ့ လိုင်ယွန်အသင်းမှ အန်ဒွမ်ဘီလီ (သို့) ဟိုစမ် အိုရေးကို အဓိက ခေါ်ယူမှုတွေအဖြစ် စောင့်ကြည့်နေပါတယ်။

မန်စီးတီးဟာ ဂေါ်ဒိုဂမ်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို စောင့်နားထောင်ပေးနေပါတယ်။ ဂျာမနီသားဟာ မန်စီးတီးကို စွန့်ခွာမယ်ဆိုရင် အပြောင်းအရွှေ့မှာ မန်စီးတီးက ကွင်းလယ်အဖျက်နေရာအတွက် သေချာပေါက် ပြောင်းရွှေ့ကြေး ကြီးကြီးမားမားတွေ အသုံးပြုသွားမှာပါ။

စီးတီး ခံစစ်မှူး မန်ဒီဟာ ဒူးဒဏ်ရာ နောက်ဆက်တွဲ ပြဿနာများနဲ့ ရုန်းကန်နေရတာကြောင့် စစ်ဆေးကုသမှု ခံယူရန် ဘာစီလိုနာသို့ ရောက်ရှိနေပါတယ်။

ဂွာဒီယိုလာဟာ ကွင်းလယ်အတွက် အဖျက်အတွက်ကော တိုက်စစ်အတွက်ပါ ဖာနန်ဒက်စ်၊ ရိုဒရီ၊ ဖီလစ်၊ အန်ဒွမ်ဘီလီ၊ ဟိုစမ်အိုရေး အစရှိတဲ့ ငါးဦးကို အဓိက ပစ်မှတ်တွေအဖြစ် ရည်ရွယ်ထားပြီး အနည်းဆုံး သုံးဦးလောက်ထိကို နွေအပြောင်းအရွှေ့မှာ ကလပ်အသင်း အင်အားဖြည့်ဖို့ ခေါ်ယူသွားမှာဖြစ်တယ်။

မန်စီးတီးအသင်းဟာ လက်ရှိ ဘရာဇီးသား တိုက်စစ်မှူး ဂျီဆုကို ရောင်းချနိုင်ပါက ဘင်ဖီကာမှ ပေါ်တူဂီသား လူငယ်တိုက်စစ်သမား ဂျာအို ဖိလစ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။