လီဗာပူးဂန္တဝင်ကြီး ကာရေဂါက အသင်းသမိုင်းမှာ ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို အောင်မြင်ခဲ့ပြီဖြစ်ပေမယ့် ဆက်ပြီးလည်း ဆုဖလားတွေ အနိုင်ရဖို့ စီစဉ်မှုတွေ လုပ်စေလိုနေပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ပေမယ့် လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်ဖို့ ဈေးကွက်ထဲ ဝင်ဖို့မှာ အရမ်း စဉ်းစားမယ့် အနေအထားမှာ ရှိနေတာပါ။ ကာရေဂါက ကစားသမား နှစ်ဦးအဖြစ် တိုက်စစ်သမားနဲ့ ဘယ်အစွန်လူနေရာကို အင်အားဖြည့်ပေးဖို့ အသင်းကို တောင်းဆိုမှု လုပ်ခဲ့တာဖြစ်တယ်။

ကာရေဂါက ” နောက်တစ်ကြိမ် အနိုင်ရဖို့ကို ရည်မှန်းသင့်ပါတယ်။ အမှတ်ပေးဖလားတစ်လုံးက လုံလောက်ပြီလို့ ကျနော် မပြောနိုင်ပါဘူး။ လာမယ့်ရာသီမှာ အခြေအနေတွေ ပြောင်းလဲသွားပါမယ်။ လူတွေက ကစားသမားသစ်တွေ ခေါ်ယူမယ်၊ ကစားသမားတွေ ရောင်းထုတ်ကြမယ်။ ခြားနားတဲ့ လိဂ်ပြိုင်ပွဲ ထပ်ဖြစ်ပါမယ်။

လီဗာပူးက နွေဈေးကွက်ထဲ ဝင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ကျနော် မထင်ပါဘူး။ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းပြချက်တွေက အပြောင်းအရွှေ့ထဲ ဝင်ရောက်လုပ်ရှားဖို့ကို အခက်အခဲတွေဖြစ်စေတယ်။ ဒါပေမယ့် ကျနော်ကတော့ ဖြစ်နိုင်မယ်ဆိုရင် တိုက်စစ် သုံးယောက်ကို ဖိအားပေးမယ့် ကစားသမား နေရာကို အင်အားဖြည့်စေလိုပါတယ်။

ရော်ဘတ်ဆန်နေရာအတွက် အရန်ကစားသမားလည်း လိုပါတယ်။ ကွင်းလယ်နဲ့ ဗဟိုခံစစ်အတွက်ကတော့ ကစားသမားတွေ ရှိပါတယ်။ နီကိုးက ထရန့်နေရာ အစားဝင်နိုင်တယ်။ လယ်လာနာနဲ့ ရှာကွီရီ ပြောင်းရွှေ့နိုင်တာကြောင့် အပို တိုက်စစ်သမား လိုတယ်လို့ ထင်ပါတယ်။ ကစားသမား နှစ်ဦးလောက် ခေါ်ယူတာမျိုးပေါ့။

ဒါပေမယ့်လို့ ဒီရာသီမှာ လုပ်ပြခဲ့သလို လီဗာပူးက လာမယ့်ရာသီမှာ ဆက်ပြီး လုပ်ပြဖို့ကိုလည်း ကျနော် ယုံကြည်ချက် ရှိနေဆဲ ဖြစ်ပါတယ် ” ဆိုပြီး ပြောဆိုသွားပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ကာေရဂါက အသင္းသမိုင္းမွာ ပထမဆံုးေသာ ပရီးမီးယားလိဂ္ဖလားကို ေအာင္ျမင္ခဲ့ျပီျဖစ္ေပမယ့္ ဆက္ျပီးလည္း ဆုဖလားေတြ အႏုိင္ရဖို႔ စီစဥ္မႈေတြ လုပ္ေစလိုေနပါတယ္။

လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္လာခဲ့ေပမယ့္ လာမယ့္ရာသီအတြက္ ၾကိဳတင္ျပင္ဆင္ဖို႔ ေစ်းကြက္ထဲ ဝင္ဖို႔မွာ အရမ္း စဥ္းစားမယ့္ အေနအထားမွာ ရွိေနတာပါ။ ကာေရဂါက ကစားသမား ႏွစ္ဦးအျဖစ္ တိုက္စစ္သမားနဲ႔ ဘယ္အစြန္လူေနရာကို အင္အားျဖည့္ေပးဖို႔ အသင္းကို ေတာင္းဆိုမႈ လုပ္ခဲ့တာျဖစ္တယ္။

ကာေရဂါက ” ေနာက္တစ္ၾကိမ္ အႏုိင္ရဖို႔ကို ရည္မွန္းသင့္ပါတယ္။ အမွတ္ေပးဖလားတစ္လံုးက လံုေလာက္ျပီလို႔ က်ေနာ္ မေျပာႏုိင္ပါဘူး။ လာမယ့္ရာသီမွာ အေျခအေနေတြ ေျပာင္းလဲသြားပါမယ္။ လူေတြက ကစားသမားသစ္ေတြ ေခၚယူမယ္၊ ကစားသမားေတြ ေရာင္းထုတ္ၾကမယ္။ ျခားနားတဲ့ လိဂ္ျပိဳင္ပြဲ ထပ္ျဖစ္ပါမယ္။

လီဗာပူးက ေႏြေစ်းကြက္ထဲ ဝင္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လုိ႔ က်ေနာ္ မထင္ပါဘူး။ ဘ႑ာေရးဆုိင္ရာ အေၾကာင္းျပခ်က္ေတြက အေျပာင္းအေရႊ႔ထဲ ဝင္ေရာက္လုပ္ရွားဖို႔ကို အခက္အခဲေတြျဖစ္ေစတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ ျဖစ္ႏုိင္မယ္ဆိုရင္ တုိက္စစ္ သံုးေယာက္ကို ဖိအားေပးမယ့္ ကစားသမား ေနရာကို အင္အားျဖည့္ေစလိုပါတယ္။

ေရာ္ဘတ္ဆန္ေနရာအတြက္ အရန္ကစားသမားလည္း လိုပါတယ္။ ကြင္းလယ္နဲ႔ ဗဟိုခံစစ္အတြက္ကေတာ့ ကစားသမားေတြ ရွိပါတယ္။ နီကိုးက ထရန္႔ေနရာ အစားဝင္နုိင္တယ္။ လယ္လာနာနဲ႔ ရွာကီြရီ ေျပာင္းေရႊ႔ႏုိင္တာေၾကာင့္ အပို တိုက္စစ္သမား လိုတယ္လို႔ ထင္ပါတယ္။ ကစားသမား ႏွစ္ဦးေလာက္ ေခၚယူတာမ်ိဳးေပါ့။

ဒါေပမယ့္လို႔ ဒီရာသီမွာ လုပ္ျပခဲ့သလို လီဗာပူးက လာမယ့္ရာသီမွာ ဆက္ျပီး လုပ္ျပဖို႔ကိုလည္း က်ေနာ္ ယံုၾကည္ခ်က္ ရွိေနဆဲ ျဖစ္ပါတယ္ ” ဆိုျပီး ေျပာဆိုသြားပါတယ္။