လီဗာပူးဂန္တဝင်ကြီး ကာရေဂါက အသင်းသမိုင်းမှာ ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို အောင်မြင်ခဲ့ပြီဖြစ်ပေမယ့် ဆက်ပြီးလည်း ဆုဖလားတွေ အနိုင်ရဖို့ နွေမှာ တိုက်စစ်သမားတစ်ဦးနဲ့ ဘယ်အစွန်လူသစ် တစ်ဦးကို ခေါ်စေလိုနေပါတယ်။

ချယ်ဆီးအသင်းက မနှစ်က အပြောင်းအရွှေ့ ပိတ်ခံထားရစဉ် ဟာဇက်၊ မိုရာတာ ရောင်းထုတ်မှုက ပေါင် သန်း ၁၅၀ လောက် ရထားပြီး လီဗာပူးကတော့ အသင်းရဲ့ ဘဏ္ဍာရေးကနေပဲ ပုံမှန်အတိုင်း လည်ပတ်လိုတာကြောင့် ဈေးကွက်ထဲ ဝင်ရောက်လှုပ်ရှားမှုတွေ ကွာဟနေရခြင်းလို့ သတင်းထောက် ဂျိမ်းပီရက်စ်က ပြောပါတယ်။

စပါးမန်နေဂျာ မော်ရင်ညိုက အာဆင်နယ်ပွဲ သွားကစားရမယ့် ပွဲကြိုမှာ တစ်ချိန်က လီဗာပူးအတွက် ယာဂင်ကလော့ပ် ပေးခဲ့တဲ့ ကတိစကားအတိုင်း သုံးနှစ်အတွင်း ဆုဖလား ရယူပေးမယ်လို့ ထုတ်ပြောသွားပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်က ဘန်လေပွဲမှာ သူ့ကို ပြစ်ဒဏ် ကျူးလွန်ခဲ့မှုကို ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုမှုကို အတော်လေး ဒေါသထွက်ခဲ့တာကြောင့် ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ကို ကွင်းထဲမှာ ဘာလုပ်ဖို့ ရှိနေခဲ့တာလဲလို့ သွားရောက် စောဒဂ တက်ခဲ့ပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့ တစ်သင်းနဲ့ နစ်ပုပ် တစ်ဦးတည်း ရင်ဆိုင်ကစားခဲ့တဲ့ပွဲပါ။ စုဖွဲ့မှုကောင်းတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ပြီး အခွင့်အရေး ဖန်တီးဖို့က ခက်ခဲပေမယ့် ကျနေ်ာတို့ တကယ်ကို အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်။ ကျနေ်ာတို့ကို ရပ်တန့်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က နစ်ပုပ်ပါပဲ။ ” လို့ မှတ်ချက်ပေးပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က ကွင်းလယ်ဒိုင် ဒေးဗစ်ကိုတီကို သွားပြီး စကားပြောခဲ့တာက ဂိုးသမား အယ်လီဆန်ကို ပြိုင်ဘက်တွေ ပိတ်ကာမှုမှာ ကာကွယ်မှုမပေးခဲ့ဘဲ မျက်နှာလွဲထားခဲ့တဲ့ ကိစ္စကို ဖြစ်ပါတယ်။

၂၀၁၉ မတ်လနောက်ပိုင်း အန်ဖီးကွင်းမှာ ဂိုးမသွင်းနိုင်သေးတဲ့ ဖာမင်နိုဟာ မနေ့က ဘန်လေနဲ့ပွဲမှာလည်း ဂိုးပေါက် ပျောက်နေပေမယ့် ဘရာဇီးသားရဲ့ တာဝန်က ဂိုးသွင်းပေးဖို့ မဟုတ်ဘူးဘဲ လီဗာပူးတိုက်စစ်ကို ဦးဆောင်ဖို့လို့ ကလော့ပ်က ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပါတယ်။

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဥရောပအဆင့်ကို ပြန်တက်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ကလပ် တာဝန်ရှိသူတွေက လီဗာပူးအသင်းရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာမှုတွေ ပြုလုပ်နေပါတယ်။

ပရီးမီးယားလိဂ် စည်းမျဉ်းအရ ချန်ပီယံဆုဖလား ရနိုင်တဲ့ ကစားသမားဟာ လီဗာပူးမှာ ၂၅ ဦးထိ ရှိနေပြီဖြစ်ပြီး နီကိုးကလည်း ဆုရနိုင်သူထဲ ပါဝင်သွားခဲ့ကာ ကာတစ်ဂျုံးကတော့ တစ်ပွဲ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

အန်ဖီးကွင်းက The Kop ပွဲကြည့်စင်က ပရိသတ်တွေ တပ်ဆင်ထားတဲ့ အလံတွေကို စတင်ဖယ်ရှားမှုတွေ လုပ်နေပါပြီ။ ချယ်ဆီးနဲ့ ကစားရမယ့် ပွဲမှာ ချန်ပီယံဆုပေးပွဲ တစိတ်တဒေသအတွက် ဖြစ်တယ်လို့ သိထားရပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ကာေရဂါက အသင္းသမိုင္းမွာ ပထမဆံုးေသာ ပရီးမီးယားလိဂ္ဖလားကို ေအာင္ျမင္ခဲ့ျပီျဖစ္ေပမယ့္ ဆက္ျပီးလည္း ဆုဖလားေတြ အႏုိင္ရဖို႔ ေႏြမွာ တိုက္စစ္သမားတစ္ဦးနဲ႔ ဘယ္အစြန္လူသစ္ တစ္ဦးကို ေခၚေစလိုေနပါတယ္။

ခ်ယ္ဆီးအသင္းက မႏွစ္က အေျပာင္းအေရႊ႔ ပိတ္ခံထားရစဥ္ ဟာဇက္၊ မိုရာတာ ေရာင္းထုတ္မႈက ေပါင္ သန္း ၁၅၀ ေလာက္ ရထားျပီး လီဗာပူးကေတာ့ အသင္းရဲ႕ ဘ႑ာေရးကေနပဲ ပံုမွန္အတိုင္း လည္ပတ္လိုတာေၾကာင့္ ေစ်းကြက္ထဲ ဝင္ေရာက္လႈပ္ရွားမႈေတြ ကြာဟေနရျခင္းလို႔ သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ေျပာပါတယ္။

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက အာဆင္နယ္ပြဲ သြားကစားရမယ့္ ပြဲၾကိဳမွာ တစ္ခ်ိန္က လီဗာပူးအတြက္ ယာဂင္ကေလာ့ပ္ ေပးခဲ့တဲ့ ကတိစကားအတိုင္း သံုးႏွစ္အတြင္း ဆုဖလား ရယူေပးမယ္လို႔ ထုတ္ေျပာသြားပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ဘန္ေလပြဲမွာ သူ႔ကို ျပစ္ဒဏ္ က်ဴးလြန္ခဲ့မႈကို ကြင္းလယ္ဒိုင္က မ်က္ကြယ္ျပဳမႈကို အေတာ္ေလး ေဒါသထြက္ခဲ့တာေၾကာင့္ ပြဲအျပီးမွာ ကြင္းလယ္ဒိုင္ကို ကြင္းထဲမွာ ဘာလုပ္ဖို႔ ရွိေနခဲ့တာလဲလို႔ သြားေရာက္ ေစာဒဂ တက္ခဲ့ပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔ တစ္သင္းနဲ႔ နစ္ပုပ္ တစ္ဦးတည္း ရင္ဆိုင္ကစားခဲ့တဲ့ပြဲပါ။ စုဖြဲ႔မႈေကာင္းတဲ့ အသင္းတစ္သင္းကို ရင္ဆိုင္ျပီး အခြင့္အေရး ဖန္တီးဖို႔က ခက္ခဲေပမယ့္ က်ေန္ာတို႔ တကယ္ကို အခြင့္အေရးေကာင္းေတြ ဖန္တီးႏုိင္ခ့ဲတယ္။ က်ေန္ာတို႔ကို ရပ္တန္႔ခဲ့တဲ့ တစ္ဦးတည္းေသာ ပုဂၢိဳလ္က နစ္ပုပ္ပါပဲ။ ” လို႔ မွတ္ခ်က္ေပးပါတယ္။

ပြဲအျပီးမွာ ကေလာ့ပ္က ကြင္းလယ္ဒိုင္ ေဒးဗစ္ကိုတီကို သြားျပီး စကားေျပာခ့ဲတာက ဂိုးသမား အယ္လီဆန္ကို ျပိဳင္ဘက္ေတြ ပိတ္ကာမႈမွာ ကာကြယ္မႈမေပးခဲ့ဘဲ မ်က္ႏွာလြဲထားခဲ့တဲ့ ကိစၥကို ျဖစ္ပါတယ္။

၂၀၁၉ မတ္လေနာက္ပိုင္း အန္ဖီးကြင္းမွာ ဂိုးမသြင္းႏုိင္ေသးတဲ့ ဖာမင္ႏိုဟာ မေန႔က ဘန္ေလနဲ႔ပြဲမွာလည္း ဂိုးေပါက္ ေပ်ာက္ေနေပမယ့္ ဘရာဇီးသားရဲ႕ တာဝန္က ဂိုးသြင္းေပးဖို႔ မဟုတ္ဘူးဘဲ လီဗာပူးတိုက္စစ္ကို ဦးေဆာင္ဖို႔လို႔ ကေလာ့ပ္က ျပတ္ျပတ္သားသား ထုတ္ေျပာလိုက္ပါတယ္။

စီးရီးေအကလပ္ ေအစီမီလန္အသင္းဟာ ဥေရာပအဆင့္ကို ျပန္တက္ႏုိင္ဖို႔ ပစ္မွတ္ထားေနျပီး ကလပ္ တာဝန္ရွိသူေတြက လီဗာပူးအသင္းရဲ႕ တိုးတက္ျဖစ္ထြန္းမႈေတြကို ေလ့လာမႈေတြ ျပဳလုပ္ေနပါတယ္။

ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ ခ်န္ပီယံဆုဖလား ရႏုိင္တဲ့ ကစားသမားဟာ လီဗာပူးမွာ ၂၅ ဦးထိ ရွိေနျပီျဖစ္ျပီး နီကိုးကလည္း ဆုရႏုိင္သူထဲ ပါဝင္သြားခဲ့ကာ ကာတစ္ဂ်ံဳးကေတာ့ တစ္ပြဲ လိုအပ္ဦးမွာ ျဖစ္ပါတယ္။

အန္ဖီးကြင္းက The Kop ပြဲၾကည့္စင္က ပရိသတ္ေတြ တပ္ဆင္ထားတဲ့ အလံေတြကို စတင္ဖယ္ရွားမႈေတြ လုပ္ေနပါျပီ။ ခ်ယ္ဆီးနဲ႔ ကစားရမယ့္ ပြဲမွာ ခ်န္ပီယံဆုေပးပြဲ တစိတ္တေဒသအတြက္ ျဖစ္တယ္လို႔ သိထားရပါတယ္။