လီဗာပူးရဲ့ ဘယ်အစွန်လူသစ် ရှာပုံတော်နဲ့ ပက်သက်လို့ The Athletic က သတင်းထောက် James Pearce ရဲ့ ဖော်ပြချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် နော်ဝစ်အသင်းဟာ ၎င်းတို့အသင်းမှ ကြိုက်တဲ့ ကစားသမားကို ခေါ် အနည်းဆုံး ပေါင် သန်း ၂၀ ကနေ စမှ ဖုန်းကိုင်မယ်လို့ ခပ်တင်းတင်း ထုတ်ပြောထားပါတယ်။

၂၀၁၈ ခုနှစ်မှာ နော်ဝစ်ဟာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမှ မကစားဖူးတဲ့ ၎င်းတို့အသင်း ကွင်းလယ်လူ မတ်ဒီဆန်ကို ကနဦးကြေး ပေါင် ၂၁ သန်း ထပ်တိုး ပေါင် ၃ သန်းဖြင့် လက်စတာထံ ရောင်းချခဲ့တယ်။ ဒီအပြောင်းအရွှေ့ဟာ နော်ဝစ်အတွက် ကလပ်စံချိန်တင် ရောင်းချမှုဖြစ်ကာ လူးဝစ်က ပရီးမီးယားလိဂ်ပွဲ ၂၈ ပွဲတောင် ကစားထားတာဖြစ်တယ်။

လီဗာပူးဘက်က မန်နေဂျာယာဂင်ကလော့ပ်နဲ့ ကစားသမားခေါ်ယူရေးအဖွဲ့က မီးစိမ်းပြတဲ့နောက် အားကစားဒါရိုက်တာ အတ်ဝတ်ဟာ နော်ဝစ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု ဝင်ပါမယ်။ လီဗာပူးဘက်က ကနဦး ပေါင် ၈ သန်းနဲ့ ထပ်တိုး ပေါင် ၂ သန်းအဖြစ် ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းမှာဖြစ်တယ်။

လူးဝစ်ရဲ့ အေဂျင်စီက ထရန့်၊ ရော်ဘတ်ဆန်တို့နဲ့ တူညီနေတာက လီဗာပူးအတွက် အားသာချက်တစ်ခုဖြစ်တယ်။ နော်ဝစ်ဘက်ကလည်း လူးဝစ်ကိုယ်တိုင်က လီဗာပူးကို ပြောင်းလိုတယ်ဆိုရင် သူတို့ရဲ့ ပေါင် သန်း ၂၀ တောင်းဆိုမှုကို လျောချပေးရမှာဖြစ်တယ်။ နော်ဝစ်က လူးဝစ်နေရာ အစားထိုးဖို့ ဇန်နဝါရီကတည်းက ကိုဗင်ထရီကနေ လူငယ်တစ်ဦး ခေါ်ထားသေးသလို လီဗာပူးကနေ လာရိုစီကိုလည်း ပြန်ခေါ်လိုသေးတာဖြစ်တယ်။

၂၀၁၈ ခုနှစ်တုန်းက ရိုးမားဟာ အယ်လီဆန်အတွက် ပေါင် သန်း ၉၀ တောင်းခံခဲ့ပြီး အတ်ဝတ်က ပေါင် ၆၅ သန်းနဲ့ ပြတ်အောင် ဖြတ်ပေးနိုင်ခဲ့တယ်။ အတ်ဝတ်ဟာ လူးဝစ်အတွက်လည်း မှန်ကန်တဲ့ ဈေးကို ညိနှိုင်းပေးနိုင်မယ်လို့ ကလပ်ဘက်က ယုံကြည်ထားတယ်။

လူးဝစ်ကို ခေါ်ယူဖို့ ပဲလေစ့်ဘက်ကလည်း စိတ်ဝင်စားနေသေးတဲ့ အနေအထား ဖြစ်သလို အကယ်လို့ အိုင်ယာလန်သားကို ဈေးချပြီး ရောင်းရမယ်ဆိုရင် အခြားသော လူငယ်တွေဖြစ်တဲ့ ဂေါ့ဖရေ၊ ကန့်ဝဲလ်၊ အာရွန်တို့ကိုတော့ ဘယ်လိုမှ ဈေးချရောင်းတော့မှာ မဟုတ်ပါဘူး။

ကစားသမားဘက်က သတင်းအဖြစ်တော့ လူးဝစ်ဟာ လီဗာပူးမှာ အရန်အဖြစ်ပဲ နေရမယ်ဆိုတာ သိပေမယ့် ကလော့ပ်နဲ့ လက်တွဲလိုစိတ်ရှိတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ ရာသီလုံး ၄ ပွဲပဲ မကစားနိုင်ဖြစ်ခဲ့တဲ့ ရော်ဘတ်ဆန်နေရာကို လုဖို့ဆိုတာ သိပ်ကို ခက်ခဲမယ့် စိန်ခေါ်မှုဆိုတာကို နားလည်တယ်။

မနှစ်တုန်းက လီဗာပူးဟာ ဘရစ္စတိုစီးတီးက လွိုက်ကယ်လီကို ချိတ်ဆက်ခဲ့ပေမယ့် သူက ဘုန်းမောက်ကို ပေါင် ၁၃ သန်းဖြင့် ပြောင်းသွားခဲ့တယ်။ ကလပ်နဲ့ အဆင်ပြေပြေ ညိနှိုင်းထားမှုကို ဖောက်ဖျက်ပြီး ဘုန်းမောက်ကို ရောင်းထုတ်လိုက်တဲ့ ကစားသမားရဲ့ အေဂျင်စီကို လီဗာပူးဘက်က ဒေါသမပြေသေးတာကြောင့် သူ့ကိုတော့ ကမ်းလှမ်းမှာ မဟုတ်ဘူး။

လူးဝစ်ကို ခေါ်ယူမှု မအောင်မြင်ရင် အိုလံပီယာကိုစ့်က ကိုစတက်စ် တာစီမီကတ်စ်ကို ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ လီဗာပူးဘက်က ရွေးချယ်ထားပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ဘယ္အစြန္လူသစ္ ရွာပံုေတာ္နဲ႔ ပက္သက္လို႔ The Athletic က သတင္းေထာက္ James Pearce ရဲ႕ ေဖာ္ျပခ်က္က ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ေနာ္ဝစ္အသင္းဟာ ၄င္းတို႔အသင္းမွ ၾကိဳက္တဲ့ ကစားသမားကို ေခၚ အနည္းဆံုး ေပါင္ သန္း ၂၀ ကေန စမွ ဖုန္းကိုင္မယ္လို႔ ခပ္တင္းတင္း ထုတ္ေျပာထားပါတယ္။

၂၀၁၈ ခုႏွစ္မွာ ေနာ္ဝစ္ဟာ ပရီးမီးယားလိဂ္ပြဲ တစ္ပြဲမွ မကစားဖူးတဲ့ ၄င္းတို႔အသင္း ကြင္းလယ္လူ မတ္ဒီဆန္ကို ကနဦးေၾကး ေပါင္ ၂၁ သန္း ထပ္တိုး ေပါင္ ၃ သန္းျဖင့္ လက္စတာထံ ေရာင္းခ်ခဲ့တယ္။ ဒီအေျပာင္းအေရႊ႔ဟာ ေနာ္ဝစ္အတြက္ ကလပ္စံခ်ိန္တင္ ေရာင္းခ်မႈျဖစ္ကာ လူးဝစ္က ပရီးမီးယားလိဂ္ပြဲ ၂၈ ပြဲေတာင္ ကစားထားတာျဖစ္တယ္။

လီဗာပူးဘက္က မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ ကစားသမားေခၚယူေရးအဖြဲ႔က မီးစိမ္းျပတဲ့ေနာက္ အားကစားဒါရိုက္တာ အတ္ဝတ္ဟာ ေနာ္ဝစ္တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးမႈ ဝင္ပါမယ္။ လီဗာပူးဘက္က ကနဦး ေပါင္ ၈ သန္းနဲ႔ ထပ္တိုး ေပါင္ ၂ သန္းအျဖစ္ ေပါင္ ၁၀ သန္းနဲ႔ ကမ္းလွမ္းမွာျဖစ္တယ္။

လူးဝစ္ရဲ႕ ေအဂ်င္စီက ထရန္႔၊ ေရာ္ဘတ္ဆန္တို႔နဲ႔ တူညီေနတာက လီဗာပူးအတြက္ အားသာခ်က္တစ္ခုျဖစ္တယ္။ ေနာ္ဝစ္ဘက္ကလည္း လူးဝစ္ကိုယ္တုိင္က လီဗာပူးကို ေျပာင္းလိုတယ္ဆိုရင္ သူတို႔ရဲ႕ ေပါင္ သန္း ၂၀ ေတာင္းဆိုမႈကို ေလ်ာခ်ေပးရမွာျဖစ္တယ္။ ေနာ္ဝစ္က လူးဝစ္ေနရာ အစားထိုးဖို႔ ဇန္နဝါရီကတည္းက ကိုဗင္ထရီကေန လူငယ္တစ္ဦး ေခၚထားေသးသလို လီဗာပူးကေန လာရိုစီကိုလည္း ျပန္ေခၚလိုေသးတာျဖစ္တယ္။

၂၀၁၈ ခုႏွစ္တုန္းက ရိုးမားဟာ အယ္လီဆန္အတြက္ ေပါင္ သန္း ၉၀ ေတာင္းခံခဲ့ျပီး အတ္ဝတ္က ေပါင္ ၆၅ သန္းနဲ႔ ျပတ္ေအာင္ ျဖတ္ေပးႏုိင္ခဲ့တယ္။ အတ္ဝတ္ဟာ လူးဝစ္အတြက္လည္း မွန္ကန္တဲ့ ေစ်းကို ညိႏိႈင္းေပးႏုိင္မယ္လို႔ ကလပ္ဘက္က ယံုၾကည္ထားတယ္။

လူးဝစ္ကို ေခၚယူဖို႔ ပဲေလစ့္ဘက္ကလည္း စိတ္ဝင္စားေနေသးတဲ့ အေနအထား ျဖစ္သလို အကယ္လို႔ အိုင္ယာလန္သားကို ေစ်းခ်ျပီး ေရာင္းရမယ္ဆိုရင္ အျခားေသာ လူငယ္ေတြျဖစ္တဲ့ ေဂါ့ဖေရ၊ ကန္႔ဝဲလ္၊ အာရြန္တို႔ကိုေတာ့ ဘယ္လိုမွ ေစ်းခ်ေရာင္းေတာ့မွာ မဟုတ္ပါဘူး။

ကစားသမားဘက္က သတင္းအျဖစ္ေတာ့ လူးဝစ္ဟာ လီဗာပူးမွာ အရန္အျဖစ္ပဲ ေနရမယ္ဆိုတာ သိေပမယ့္ ကေလာ့ပ္နဲ႔ လက္တြဲလိုစိတ္ရွိတယ္။ သူဟာ ျပီးခဲ့တဲ့ ၂ ရာသီလံုး ၄ ပြဲပဲ မကစားႏိုင္ျဖစ္ခဲ့တဲ့ ေရာ္ဘတ္ဆန္ေနရာကို လုဖို႔ဆိုတာ သိပ္ကို ခက္ခဲမယ့္ စိန္ေခၚမႈဆိုတာကို နားလည္တယ္။

မႏွစ္တုန္းက လီဗာပူးဟာ ဘရစၥတိုစီးတီးက လိြဳက္ကယ္လီကို ခ်ိတ္ဆက္ခဲ့ေပမယ့္ သူက ဘုန္းေမာက္ကို ေပါင္ ၁၃ သန္းျဖင့္ ေျပာင္းသြားခဲ့တယ္။ ကလပ္နဲ႔ အဆင္ေျပေျပ ညိႏိႈင္းထားမႈကို ေဖာက္ဖ်က္ျပီး ဘုန္းေမာက္ကို ေရာင္းထုတ္လိုက္တဲ့ ကစားသမားရဲ႕ ေအဂ်င္စီကို လီဗာပူးဘက္က ေဒါသမေျပေသးတာေၾကာင့္ သူ႔ကိုေတာ့ ကမ္းလွမ္းမွာ မဟုတ္ဘူး။

လူးဝစ္ကို ေခၚယူမႈ မေအာင္ျမင္ရင္ အိုလံပီယာကိုစ့္က ကိုစတက္စ္ တာစီမီကတ္စ္ကို ေပါင္ ၁၀ သန္း ဝန္းက်င္နဲ႔ ေခၚယူဖို႔ လီဗာပူးဘက္က ေရြးခ်ယ္ထားပါတယ္။