လီဗာပူးအသင်းဟာ ဂိုးသမား ကားရီးယက်စ်ကို အသင်းမှာ ဆက်ထားမှာ မဟုတ်ဘဲ ဒီနွေမှာ သေချာပေါက် ရောင်းထုတ်မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောလိက်ပါတယ်။
The Athletic သတင်းမှာပဲ ဂျိမ်းပီရက်စ်က ” လီဗာပူးက ဘမ်ဝိုက်ကို အတော်လေး သဘောကျတယ်။ ဘမ်ဝိုက်က လိဒ်အသင်းမှာ သိပ်ကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားတယ်။ ဘရိုက်တန်က သူ့ကို ရောင်းထုတ်ပေးဖို့ အင်တင်တင် ဖြစ်နေဆဲဖြစ်ပါတယ် ” လို့ သတင်းပေးခဲ့ပါတယ်။
လီဗာပူးတိုက်စစ်သမား ဖာမင်နိုက ဂိုးသွင်းပြီးရင် ရီစရာကောင်းတဲ့ သူ့ရဲ့ အောင်ပွဲခံမှုတွေဟာ သူကိုယ်ပိုင် တီထွင်ထားတာဖြစ်ပြီး ကျော်ကြားတဲ့ မျက်လုံးတစ်ဖက်အုပ် အောင်ပွဲခံမှု၊ သေနတ်ပစ်သလို အောင်ပွဲခံမှုနဲ့ ကွန်ဖူးကစ်သလို အောင်ပွဲခံမှု အားလုံးက သူ့ကိုယ်ပိုင်တွေပါလို့ ပြောပါတယ်။
ပြင်သစ်သတင်းဌာနတွေက ကမ္ဘာအကောင်းဆုံး မန်နေဂျာက ပရီးမီးယားလိဂ်မှ ကလော့ပ်နဲ့ ဂွာဒီယိုလာ မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်မန်နေဂျာ ဒီဇန်းသာဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။
စတီဗင်ဂျရတ်က ၂၀၁၃ ခုနှစ်မှာ အာဆင်နယ်ကို မပြောင်းရလို့ ဆန္ဒပြခဲ့တဲ့ လူးဝစ်ဆွာရက်စ်ကို နှစ်ဦးတည်း သီးသန့် စကားပြောခဲ့ပြီး ဆွာရက်စ်ကို အသင်းမှာ တစ်နှစ် ဆက်နေဖို့ ကြိုးစား ညိနှိုင်းနိုင်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ခံစစ်မှူး မန်ဒီက ဘက်တစ်နဲ့ ၁ နှစ်ပဲ စာချုပ်ကျန်ကာ စာချုပ်မှာတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၃၀ ဖြစ်ပေမယ့် ယူရို ၁၁ သန်းဝန်းကျင်မှာ အပြောင်းအရွှေ့ လုပ်ခွင့်ရှိမယ်ဆိုတာကို လီဗာပူး ကစားသမားခေါ်ယူရေးအဖွဲ့က စုံစမ်းထားနိုင်ပါတယ်။
မန်နေဂျာယာဂင်ကလော့ပ်ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ စပွန်ဆာအဖြစ် နာမည်ကျော် အားကစားကုမ္ပဏီ Adidas နဲ့ လက်တွဲတဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လီဗာပူးကွင်းလယ်လူဟောင်း ကော်တင်ညိုကို အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ အတော်လေး ရေပန်းစားလာခဲ့ပါပြီ။
လီဗာပူးအသင်းဟာ ဘယ်အစွန်နေရာမှာ ရော်ဘတ်ဆန်ကို အားဖြည့်ပေးဖို့အတွက် ကစားသမားသစ် ရှာဖွေရာမှာ နော်ဝစ်အသင်းမှ လူငယ်ဘယ်အစွန်လူ အသက် ၂၂ နှစ်အရွယ် ဂျမယ် လူးဝစ်ကို ခေါ်ယူဖို့အား ကလော့ပ်နဲ့ လီဗာပူး ကစားသမားသစ် ခေါ်ယူရေး အဖွဲ့က သဘောညီခဲ့ကြတယ်လို့ သိရတယ်။
လီဗာပူးက ပီအက်ဂျီနဲ့ သတင်းကြီးနေတဲ့ ခံစစ်မှူး မာတစ်ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ကလပ်မှာ စီနီယာခံစစ်မှူး ၃ ဦးပဲ ရှိပါတယ်။ သူ့ကို ဆုံးရံှူးမယ်ဆိုရင် ဗန်ဒိုက်နဲ့ ဂိုးမက်စ် နှစ်ဦးပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။
ZAWGYI