လီဗာပူးအသင်းဟာ ဂိုးသမား ကားရီးယက်စ်ကို အသင်းမှာ ဆက်ထားမှာ မဟုတ်ဘဲ ဒီနွေမှာ သေချာပေါက် ရောင်းထုတ်မယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောလိက်ပါတယ်။

၂၀၁၆ ခုနှစ်မှာ မိန့်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ကားရီးယက်စ်ဟာ လီဗာပူးအတွက် ၄၉ ပွဲ ပါဝင်ကစားပေးထားပါတယ်။ သူဟာ တူရကီကလပ် ဘက်ဆစ်တက်ကို ၂ ရာသီ အငှားဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်တယ်။ တူရကီကလပ်ကို အပြီးသတ် ရောက်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့် လုပ်ခ ပေးချေမှုတွေမှာ ပြဿနာဖြစ်ခဲ့တဲ့နောက် ကားရီးယက်စ်ဟာ လီဗာပူးကို ပြန်လာရမှာဖြစ်ပါတယ်။

ဂျာမနီဂိုးသမားကို ခေါ်ယူဖို့ ပြင်သစ်ကလပ် မောင့်ပယ်လီယာအပြင် ဘွန်ဒက်လီဂါကလပ် အချို့က စိတ်ဝင်စားနေပါတယ်။ လီဗာပူးဘက်ကတော့ ဂိုးသမားကို ပေါင် ၅-၆ သန်း ဝန်းကျင်ဖြင့် ရောင်းချလိုနေတယ်လို့ သိရတယ်။

ဂျိမ်းပီရက်စ်က “ ကားရီးယက်စ် ထွက်ခွာလိမ့်မယ်။ လီဗာပူးက သူ့အတွက် အိမ်အသစ်ကို ရှာပေးပါလိမ်မယ်။ သူက လီဗာပူးအသင်းထံ ပြန်လာခွင့်ရမှာ မဟုတ်ဘဲ။ မောင့်ပယ်လီယာအပြင် ကလပ်အသင်း အချို့က သူ့ကို စိတ်ဝင်စားနေတယ်။ လီဗာပူးအသင်းဘက်က သူ့အတွက် ပေါင် ၅ သန်း ၆ သန်း ဝန်းကျင် ရလိုနေပါတယ်။

လီဗာပူးက သူ့ကို ဘက်ဆစ်တက်ထံ အပြီးသတ် စာချုပ်နဲ့ ရောင်းထုတ်နိုင်မယ်လို့ ခံစားခဲ့ရပေမယ့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ကားရီးယက်စ်ဟာ လီဗာပူးနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိနေပြီး လီဗာပူးကတော့ အသင်းမှာ အယ်လီဆန်ရဲ့ အရန်အဖြစ် အတ်ဒရီယန်ကိုပဲ ဆက်ထားလိုစိတ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဂိုးသမား ကားရီးယက္စ္ကို အသင္းမွာ ဆက္ထားမွာ မဟုတ္ဘဲ ဒီေႏြမွာ ေသခ်ာေပါက္ ေရာင္းထုတ္မယ္လို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ထုတ္ေျပာလိက္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ မိန္႔ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ကားရီးယက္စ္ဟာ လီဗာပူးအတြက္ ၄၉ ပြဲ ပါဝင္ကစားေပးထားပါတယ္။ သူဟာ တူရကီကလပ္ ဘက္ဆစ္တက္ကို ၂ ရာသီ အငွားျဖင့္ ေျပာင္းေရႊ႔ခဲ့သူျဖစ္တယ္။ တူရကီကလပ္ကို အျပီးသတ္ ေရာက္မယ္လို႔ ေမွ်ာ္လင့္ခဲ့ရေပမယ့္ လုပ္ခ ေပးေခ်မႈေတြမွာ ျပႆနာျဖစ္ခဲ့တဲ့ေနာက္ ကားရီးယက္စ္ဟာ လီဗာပူးကို ျပန္လာရမွာျဖစ္ပါတယ္။

ဂ်ာမနီဂိုးသမားကို ေခၚယူဖို႔ ျပင္သစ္ကလပ္ ေမာင့္ပယ္လီယာအျပင္ ဘြန္ဒက္လီဂါကလပ္ အခ်ိဳ႔က စိတ္ဝင္စားေနပါတယ္။ လီဗာပူးဘက္ကေတာ့ ဂိုးသမားကို ေပါင္ ၅-၆ သန္း ဝန္းက်င္ျဖင့္ ေရာင္းခ်လိုေနတယ္လို႔ သိရတယ္။

ဂ်ိမ္းပီရက္စ္က “ ကားရီးယက္စ္ ထြက္ခြာလိမ့္မယ္။ လီဗာပူးက သူ႔အတြက္ အိမ္အသစ္ကို ရွာေပးပါလိမ္မယ္။ သူက လီဗာပူးအသင္းထံ ျပန္လာခြင့္ရမွာ မဟုတ္ဘဲ။ ေမာင့္ပယ္လီယာအျပင္ ကလပ္အသင္း အခ်ို႔က သူ႔ကို စိတ္ဝင္စားေနတယ္။ လီဗာပူးအသင္းဘက္က သူ႔အတြက္ ေပါင္ ၅ သန္း ၆ သန္း ဝန္းက်င္ ရလိုေနပါတယ္။

လီဗာပူးက သူ႔ကို ဘက္ဆစ္တက္ထံ အျပီးသတ္ စာခ်ဳပ္နဲ႔ ေရာင္းထုတ္ႏုိင္မယ္လို႔ ခံစားခဲ့ရေပမယ့္ အေျပာင္းအေရႊ႔က မျဖစ္ေျမာက္ခဲ့ပါဘူး ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ကားရီးယက္စ္ဟာ လီဗာပူးနဲ႔ ၂၀၂၂ ခုႏွစ္ထိ စာခ်ဳပ္ရွိေနျပီး လီဗာပူးကေတာ့ အသင္းမွာ အယ္လီဆန္ရဲ႕ အရန္အျဖစ္ အတ္ဒရီယန္ကိုပဲ ဆက္ထားလိုစိတ္ ရွိေနတာ ျဖစ္ပါတယ္။