လီဗာပူးတိုက်စစ်သမား ဖာမင်နိုက ဂိုးသွင်းပြီးရင် သူ့ရဲ့ အောင်ပွဲခံမှုတွေနဲ့အတူ အဆိုပါ အောင်ပွဲခံမှုတွေက ဘယ်ကနေ ဆင်းတက်လာသလဲဆိုတာကို ထုတ်ပြောလိုက်ပါတယ်။
ဖာမင်နိုဟာ ဂိုးသွင်းပြီးတိုင်း ထူးထူးဆန်းဆန်း အောင်ပွဲခံတတ်သလို သူ့ရဲ့ အောင်ပွဲခံမှုတွေကို မာနေးက တုပ အောင်ပွဲခံလေ့ရှိတာပါ။ ဖာမင်နိုကတော့ ရီစရာကောင်းတဲ့ သူ့ရဲ့ အောင်ပွဲခံမှုတွေဟာ သူကိုယ်ပိုင် တီထွင်ထားတာဖြစ်ပြီး ကျော်ကြားတဲ့ မျက်လုံးတစ်ဖက်အုပ် အောင်ပွဲခံမှု၊ သေနတ်ပစ်သလို အောင်ပွဲခံမှုနဲ့ ကွန်ဖူးကစ်သလို အောင်ပွဲခံမှု အားလုံးက သူ့ကိုယ်ပိုင်တွေပါလို့ ပြောပါတယ်။
ဆက်ပြီးလည်း ဖာမင်နိုက “ ကျနော်ရဲ့ အောင်ပွဲခံမှုတွေက ရူးကြောင်ကြောင်နိုင်ပါတယ်။ ဒါတွေအားလုံးကို ကိုယ်ဘာသာပဲ ဖန်တီးခဲ့တာပါ။ ကျနော်ရဲ့ အောင်ပွဲခံမှုတွေက ကိုယ်ပိုင်ဟန်တွေ ဖြစ်ဖို့ တတ်နိုင်သလောက် ကြိုးစားထားတာပါ။ ကျနော် ဂိုးသွင်းနိုင်ခဲ့ရင် အဲ့တာက ကျနော်အတွက်လည်း စပယ်ရှယ်ပါပဲ။ အမြဲတမ်း ကောင်းမွန်ပြီး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေကို လုပ်ဖို့ ကြိုးစားပါတယ်။
ဂိုးသွင်းနိုင်တိုင်းမှာ ကျနော် ပျော်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဖလားလို့ ကျနော် အရမ်းပျော်တယ်။ ပရိသတ်တွေကို ပရီးမီးယားလိဂ်ဖလား အနိုင်ယူပေးနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ အဲ့အတွက်လည်း သိပ်ပျော်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
ဖာမင်နိုက မြူးဇစ်နဲ့ ပက်သက်ပြီး သူ့ရဲ့ နားလည်နိုင်စွမ်းကို ကိုယ်ဘာသာ ဂုဏ်ယူသလိုပဲ အသင်းဖော်တွေထဲမှာလည်း သူ့လို ဂီတကို ခံစားနိုင်စွမ်းမြင့်တဲ့ ကစားသမားတွေ ရှိပါတယ်လို့ ပြောဆိုပါတယ်။
“ အသင်းမှာ မြူးဇစ်ပိုင်းကို ဝါသနာပါတဲ့ အသင်းဖော်တွေ အများကြီးရှိပါတယ်။ ဆာဒီယို တစ်ဦးတည်းမှ မဟုတ်ပါဘူး။ ဆာဒီယိုကလည်း မြူးဇစ်အပေါ် သက်ဝင်ခံစားမှု ကောင်းပါတယ်။ သူက အဝတ်လဲခန်းမှာ သူ့ကိုယ်ပိုင် ဂီတတွေ လုပ်လေ့ရှိတယ်။ အားကစားရုံမှာကောပါပဲ။ သူ့ရဲ့ မြူးဇစ်တွေကို ကျနော် ကြိုက်ပါတယ်။ ဂီနီလည်း အတူတူပါပဲ။ သူတို့ နှစ်ယောက်ကို ကျနော် သဘောတွေ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI