လက်ရှိ ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတွေဟာ နွေဈေးကွက်တွေမှာ ကစားသမားကောင်းတွေကို ပြောင်းရွှေကြေး ကြီးကြီးနဲ့ ခေါ်ယူတတ်ပြီး ရွက်ပုန်းသီး ခေါ်ယူမှုတွေ နည်းပါးလာပါတယ်။

လီဗာပူးအသင်းကတော့ မန်နေဂျာယာဂင်ကလော့ပ် လက်ထက်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ကလပ်တွေထံက ကစားသမားတွေကို ဈေးချိုချိုနဲ့ ခေါ်ယူပြီး နေရာပေးမှုတွေ ရှိထားခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ လီဗာပူးကို ပြောင်းလာပြီးနောက်ပိုင်း ကလော့ပ်ဟာ တစ်နှစ်ကို တစ်ဦးနှုန်းဖြင့် တန်းဆင်းဇုန်အသင်းက ကစားသမားတွေကို ခေါ်ယူထားခဲ့တယ်။ အဆိုပါ ကစားသမားတွေအကြောင်းကို ဖော်ပြသွားပါမယ်။

၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ဘန်လေအသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ပါတယ်။ ထိုစဉ်တုန်းက ကလပ်မန်နေဂျာ ရော်ဂျာက ဘန်လေမှ ဒန်နီအင့်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆.၅ သန်း၊ ထပ်တိုး ပေါင် ၁.၅ သန်ဖြင့် ခေါ်ယူခဲ့တယ်။ ဒါပေမယ့်လို့ ရော်ဂျာကိုယ်တိုင်ကလည်း အင့်ကို နေရာပေးနိုင်ခဲ့ခြင်း မရှိဘဲ သူကိုယ်တိုင် လီဗာပူးကနေ ထွက်ခွာသွားရပါတယ်။

အဆိုပါနှစ် အောက်တိုဘာမှတော့ လီဗာပူးကို ကလော့ပ် ဝင်ရောက်လာခဲ့ကာ ရော်ဂျာချန်ခဲ့တဲ့ ကစားသမားတွေကို စီမံပေးခဲ့ရပြီး ဒန်နီအင့်ကလည်း ပါဝင်ခဲ့ပါတယ်။ ကြံ့ခိုင်မှုကြောင့် ကလော့ပ် လက်အောက်မှာ ပွဲအများကြီး မကစားခဲ့ရပေမယ့် ဂျာမနီမန်နေဂျာကြီး အကောင်းဆုံး စီမံပေးမှုမှာ အင့်ဟာ လီဗာပူးရဲ့ လေးစားခံ ကစားသမားအဖြစ် ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကစားသမားရဲ့ ဆန္ဒအရ သူ့ကို ဆောင်သမ်တန်အသင်းထံ ပေါင် ၁၈ သန်းဖြင့် လီဗာပူးက ပြန်လည် ရောင်းထုတ်နိုင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နွေမှာ ကွင်းလယ်လိုအပ်ချက်အရ ကလော့ပ်ဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကနေ ဂီနီကို ခေါ်ယူခဲ့ပါတယ်။ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၃ သန်း ထပ်တိုး ၂ သန်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး တိုက်စစ်အားသန် ကစားသမားဟာ ကလော့ပ် လက်အောက်မှာတော့ အဓိက ကွင်းလယ်လူအဖြစ် တိုးတက်လာခဲ့ကာ လီဗာပူးနဲ့ နယ်သာလန်အသင်းတွေမှာ စီနီယာခေါင်းဆောင်တစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ် နွေမှာ ဟူးစီးတီးကနေ ရော်ဘတ်ဆန်ကို ခေါ်ယူ ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ ကလော့ပ်ဟာ သူ့ရဲ့ နည်းစနစ်မှာ မိုရီနို အံ့မဝင်တာကြောင့် ဘယ်အစွန်လူသစ် ရှာဖွေခဲ့ပြီး ရော်ဘတ်ဆန်ကို သဘောကျခဲ့တာဖြစ်တယ်။ လှုပ်အားနဲ့ ဖြတ်တင်ဘော ကောင်းတာကလွဲရင် ထူးခြားချက်မရှိတဲ့ ကစားသမားလို မှတ်ချက်ပေးခဲ့ကြပေမယ့် ကလော့ပ်က အဆိုပါ နှစ်ချက်ကိုပဲ အဓိက အားပြုကာ ရော်ဘတ်ဆန်ကို ပရီးမီးယားလိဂ် အကောင်းဆုံး ဘယ်အစွန်လူဖြစ်လာစေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ စတုတ်ကနေ ရှာကွီရီကို ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ ရှာကွီရီရဲ့ ပထမရာသီက အတော်လေး စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။ မော်ရင်ညိုကို ရာထူးက ဖြုတ်ချခဲ့သူလို့ နာမည်ကျော်ခဲ့ပြီး သူဟာ ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ယူတဲ့ ချန်ပီယံလိဂ်ပွဲအတွက်ပါ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင်ပဲ ဖူလ်ဟမ်ကနေ အီလီယော့ကို ခေါ်ယူခဲ့ပါတယ်။ ကစားသမားလေး ကိုယ်တိုင်က လီဗာပူးအမာခံ ပရိသတ် ဖြစ်ခြင်းကြောင့်လည်း ခေါ်ယူဖို့ အရေးသာခဲ့တယ်လို့ ဆိုရမှာပါ။ အကယ်ဒမီကြေး ပေါင် ၇ သန်း ဝန်းကျင်ပေးရပြီး မနှစ်ကရာသီ ကာရာဘောင်း၊ အက်ဖ်အေပွဲတွေမှာ အရွယ်နဲ့မမျှတဲ့ ခြေစွမ်းကောင်းတွေ ပြသခဲ့ကာ လီဗာပူးရဲ့ အနာဂတ် ကြယ်ပွင့်အဖြစ် တင်စားခံထားရပါတယ်။

ZAWGYI

လက္ရွိ ပရီးမီးယားလိဂ္က ထိပ္တန္းအသင္းေတြဟာ ေႏြေစ်းကြက္ေတြမွာ ကစားသမားေကာင္းေတြကို ေျပာင္းေရႊေၾကး ၾကီးၾကီးနဲ႔ ေခၚယူတတ္ျပီး ရြက္ပုန္းသီး ေခၚယူမႈေတြ နည္းပါးလာပါတယ္။

လီဗာပူးအသင္းကေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ထက္မွာ ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားတဲ့ ကလပ္ေတြထံက ကစားသမားေတြကို ေစ်းခ်ိဳခ်ိဳနဲ႔ ေခၚယူျပီး ေနရာေပးမႈေတြ ရွိထားခဲ့တယ္။ ၂၀၁၅ ခုႏွစ္မွာ လီဗာပူးကို ေျပာင္းလာျပီးေနာက္ပိုင္း ကေလာ့ပ္ဟာ တစ္ႏွစ္ကို တစ္ဦးႏႈန္းျဖင့္ တန္းဆင္းဇုန္အသင္းက ကစားသမားေတြကို ေခၚယူထားခဲ့တယ္။ အဆိုပါ ကစားသမားေတြအေၾကာင္းကို ေဖာ္ျပသြားပါမယ္။

၂၀၁၄-၂၀၁၅ ေဘာလံုးရာသီမွာ ဘန္ေလအသင္းဟာ ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ပါတယ္။ ထိုစဥ္တုန္းက ကလပ္မန္ေနဂ်ာ ေရာ္ဂ်ာက ဘန္ေလမွ ဒန္နီအင့္ကို ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၆.၅ သန္း၊ ထပ္တိုး ေပါင္ ၁.၅ သန္ျဖင့္ ေခၚယူခဲ့တယ္။ ဒါေပမယ့္လို႔ ေရာ္ဂ်ာကိုယ္တိုင္ကလည္း အင့္ကို ေနရာေပးႏုိင္ခဲ့ျခင္း မရွိဘဲ သူကိုယ္တိုင္ လီဗာပူးကေန ထြက္ခြာသြားရပါတယ္။

အဆိုပါႏွစ္ ေအာက္တိုဘာမွေတာ့ လီဗာပူးကို ကေလာ့ပ္ ဝင္ေရာက္လာခဲ့ကာ ေရာ္ဂ်ာခ်န္ခဲ့တဲ့ ကစားသမားေတြကို စီမံေပးခဲ့ရျပီး ဒန္နီအင့္ကလည္း ပါဝင္ခ့ဲပါတယ္။ ၾကံ႕ခိုင္မႈေၾကာင့္ ကေလာ့ပ္ လက္ေအာက္မွာ ပြဲအမ်ားၾကီး မကစားခဲ့ရေပမယ့္ ဂ်ာမနီမန္ေနဂ်ာၾကီး အေကာင္းဆံုး စီမံေပးမႈမွာ အင့္ဟာ လီဗာပူးရဲ႕ ေလးစားခံ ကစားသမားအျဖစ္ ရပ္တည္ခဲ့တယ္။ ေနာက္ပိုင္းမွာေတာ့ ကစားသမားရဲ႕ ဆႏၵအရ သူ႔ကို ေဆာင္သမ္တန္အသင္းထံ ေပါင္ ၁၈ သန္းျဖင့္ လီဗာပူးက ျပန္လည္ ေရာင္းထုတ္ႏုိင္ခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ေႏြမွာ ကြင္းလယ္လိုအပ္ခ်က္အရ ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္ကေန ဂီနီကို ေခၚယူခဲ့ပါတယ္။ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၃ သန္း ထပ္တိုး ၂ သန္းျဖင့္ ေခၚယူခဲ့တာျဖစ္ျပီး တိုက္စစ္အားသန္ ကစားသမားဟာ ကေလာ့ပ္ လက္ေအာက္မွာေတာ့ အဓိက ကြင္းလယ္လူအျဖစ္ တိုးတက္လာခဲ့ကာ လီဗာပူးနဲ႔ နယ္သာလန္အသင္းေတြမွာ စီနီယာေခါင္းေဆာင္တစ္ဦးပါ ျဖစ္လာခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ ေႏြမွာ ဟူးစီးတီးကေန ေရာ္ဘတ္ဆန္ကုိ ေခၚယူ ေျပာင္းေရႊ႔ေၾကး ေပါင္ ၈ သန္းျဖင့္ ေခၚယူခဲ့ပါတယ္။ ကေလာ့ပ္ဟာ သူ႔ရဲ႕ နည္းစနစ္မွာ မိုရီႏို အံ့မဝင္တာေၾကာင့္ ဘယ္အစြန္လူသစ္ ရွာေဖြခဲ့ျပီး ေရာ္ဘတ္ဆန္ကို သေဘာက်ခဲ့တာျဖစ္တယ္။ လႈပ္အားနဲ႔ ျဖတ္တင္ေဘာ ေကာင္းတာကလြဲရင္ ထူးျခားခ်က္မရွိတဲ့ ကစားသမားလို မွတ္ခ်က္ေပးခဲ့ၾကေပမယ့္ ကေလာ့ပ္က အဆိုပါ ႏွစ္ခ်က္ကိုပဲ အဓိက အားျပဳကာ ေရာ္ဘတ္ဆန္ကို ပရီးမီးယားလိဂ္ အေကာင္းဆံုး ဘယ္အစြန္လူျဖစ္လာေစခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာေတာ့ စတုတ္ကေန ရွာကီြရီကို ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၃ သန္းျဖင့္ ေခၚယူခဲ့ပါတယ္။ ရွာကီြရီရဲ႕ ပထမရာသီက အေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းခဲ့ပါတယ္။ ေမာ္ရင္ညိဳကို ရာထူးက ျဖဳတ္ခ်ခဲ့သူလို႔ နာမည္ေက်ာ္ခဲ့ျပီး သူဟာ ဘာစီလိုနာကို ၄-၀ နဲ႔ အႏုိင္ယူတဲ့ ခ်န္ပီယံလိဂ္ပြဲအတြက္ပါ အေရးပါတဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔အျပိဳင္ပဲ ဖူလ္ဟမ္ကေန အီလီေယာ့ကို ေခၚယူခဲ့ပါတယ္။ ကစားသမားေလး ကိုယ္တုိင္က လီဗာပူးအမာခံ ပရိသတ္ ျဖစ္ျခင္းေၾကာင့္လည္း ေခၚယူဖို႔ အေရးသာခဲ့တယ္လို႔ ဆိုရမွာပါ။ အကယ္ဒမီေၾကး ေပါင္ ၇ သန္း ဝန္းက်င္ေပးရျပီး မႏွစ္ကရာသီ ကာရာေဘာင္း၊ အက္ဖ္ေအပြဲေတြမွာ အရြယ္နဲ႔မမွ်တဲ့ ေျခစြမ္းေကာင္းေတြ ျပသခဲ့ကာ လီဗာပူးရဲ႕ အနာဂတ္ ၾကယ္ပြင့္အျဖစ္ တင္စားခံထားရပါတယ္။