၂၀၁၃-၂၀၁၄ ဘောလုံးရာသီ အစမှာတော့ ဆွာရက်စ်ဟာ အာဆင်နယ်ကို ပြောင်းလိုတာကြောင့် လီဗာပူးအသင်းကို ဆန့်ကျင်မှုတွေ လုပ်ခဲ့ပါတယ်။

ထိုစဉ်တုန်းကတော့ အာဆင်နယ်ဟာ ကစားသမားကောင်းတွေ စတင်ခေါ်ယူနေပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေတာပါ။ လီဗာပူးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ကာလရှည် ဝေးကွာလာမှုကြောင့် အင်အားလျော့နည်းလာခဲ့တာဖြစ်တယ်။

ဆွာရက်စ်ကို ပေါင် သန်း ၄၀ ကိုမှ နောက်ထပ် ၁ ပေါင် ပိုပေးပြီး အာဆင်နယ်ဘက်က ကမ်းလှမ်းမှုက လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီကို ဒေါသထွက်စေခဲ့တယ်။ ဆွာရက်စ်ကို လုံးဝ မရောင်းဘူးလို့ ကြေညာခဲ့ပြီး ချန်ပီယံလိဂ် ကစားလိုတဲ့ ဆွာရက်စ်ကလည်း အသင်းပြောင်းလိုတာကြောင့် နောက်ဆုံးမှာ ဆွာရက်စ်ကို တစ်ဦးထဲ လေ့ကျင့်ရေးဆင်းဖို့ ထိုစဉ် လီဗာပူးမန်နေဂျာ ဘရန်ဒန်ရော်ဂျာက အမိန့်ထုတ်ခဲ့ပါတယ်။

ဂျရတ်က ” ဒီကိစ္စမှာ နောက်ကွယ်က အမှန်တရားတွေ ရှိတာပေါ့။ ရှုပ်ထွေးမှုတွေလည်း ရှိခဲ့တာပေါ့။ လူးဝစ်က ကတိခံမှုတွေ ရခဲ့တာတွေရှိတယ်။ အကယ်လို့ ချန်ပီယံလိဂ် ဝင်ခွင့်မရရင် (သို့) မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရမယ်ဆိုရင် အခြား အသင်းတွေနဲ့ စကားပြောခွင့် ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်တာပေါ့။

ဘရန်ဒန်ရော်ဂျာက သူ့ကို တစ်ယောက်ထဲ လေ့ကျင့်ရေးဆင်းဖို့ အမိန့်ပေးခဲ့တုန်းက သူ ခံစားခ့ရတယ်။ ဒီတော့ ဒီအခြေအနေအတွက် ကျနော်က ကြားဝင် စေ့စပ်ပေးမှုတွေ လုပ်ဖို့ လိုတယ်လို့ ထင်ခဲ့တာပေါ့။ ကျနော်က လီဗာပူးအတွက်ဆိုရင် ဘာမဆို အကောင်းဆုံး ဖြစ်စေချင်တယ်လေဗျာ။

ကမ္ဘာအဆင့် ကစားသမားတစ်ဦးက တစ်ယောက်ထဲ လေ့ကျင့်နေရတာကို ကျနော် သဘောမကျဘူး။ ဒီတော့ ကလပ် အသင်းခေါင်းဆောင်အဖြစ်၊ အဝတ်လဲခန်းက သြဇာရှိ ကစားသမားတစ်ဦးအဖြစ် ကျနော် ပါဝင်ခဲ့ရတဲ့ ကိစ္စ ရှိခဲ့တာပေါ့ ” လို့ ရှင်းပြခဲ့တယ်။

အဲ့တုန်းက စတီဗင်ဂျရတ်နဲ့ လူးဝစ်ဆွာရက်စ်တို့ နှစ်ဦးတည်း သီးသန့် စကားပြောခဲ့ကြပြီး စတီဗင်ရဲ့ ဆွဲဆောင်မှုကြောင့် ဆွာရက်စ်ဟာ လီဗာပူးမှာ တစ်နှစ် ဆက်နေခဲ့တာဖြစ်တယ်။ အဲ့တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို စတီဗင်က ပြောပါသေးတယ်။

စတီဗင်ကပဲ ” ကျနော်တားလို့ ဆွာရက်စ် ဆက်နေသလားဆိုရင် မဟုတ်ပါဘူး။ အဲ့လိုတော့ မထင်ပါဘူး။ ဒါပေမယ့် ကျနော် ဝင်ပြီး ညိနှိုင်းမှုတွေ လုပ်ခဲ့ရသလို တစ်ဦးချင်း ဆွေးနွေးမှုကို လူးဝစ်နဲ့ လုပ်ခဲ့ရတယ်။

‘ ဒီမှာ လူးဝစ် လီဗာပူး အခြေမနေ မကောင်းတုန်း မင်းမသွားလိုက်နဲ့ လုပ်စရာရှိတာလုပ် ဒါပေမယ့် နောက်နှစ်လောက်မှလုပ်။ ငါတို့ အသင်းအတွက် တစ်ခုခု အနိုင်ရအောင် ကြိုးစားပေး။ ပြီးတော့ အခြေအနေကောင်းမှ မင်းထွက်သွား။ ဘာလို့လည်းဆိုတော့ ပရိသတ်တွေထံက အမုန်းတရားတွေ ရဖို့က မင်းနဲ့ မထိုက်တန်ဘူး။

ပရိသတ်တွေအတွက်လည်း ဒါက မကောင်းဘူး။ မင်းက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပဲကွာ။ မင်းအကောင်းဆုံး ဆက်လုပ်နေရင် ဘာစီလိုနာက သေချာပေါက် ကမ်းလှမ်းလာမှာပါ။ မင်းအတွက် စားပွဲထိုင်မှာပါ။ ဒီတော့ ဘာလို့ အမုန်းတရားတွေနဲ့ ရှုပ်ထွေးစေမှာလဲ?'” ဆိုပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လီဗာပူးဟာ အဓိက ကစားသမားတွေကို စတင် ထိန်းသိမ်းနိုင်တဲ့ အဆင့်ကို ရောက်လာနေခဲ့ပါပြီ။ ဒီအခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ရပြီး ၂၀၁၈ ခုနှစ်မှာ ကော်တင်ညိုကို လက်လွတ်ရပြီးနောက် ဘယ်လို အဓိက ကစားသမားကိုမှ ဆုံးရံှူးရခြင်း မရှိတော့တာဖြစ်ပါတယ်။

ZAWGYI

၂၀၁၃-၂၀၁၄ ေဘာလံုးရာသီ အစမွာေတာ့ ဆြာရက္စ္ဟာ အာဆင္နယ္ကို ေျပာင္းလိုတာေၾကာင့္ လီဗာပူးအသင္းကို ဆန္႔က်င္မႈေတြ လုပ္ခဲ့ပါတယ္။

ထိုစဥ္တုန္းကေတာ့ အာဆင္နယ္ဟာ ကစားသမားေကာင္းေတြ စတင္ေခၚယူေနျပီး ဆုဖလားေတြကို စိန္ေခၚႏုိင္တဲ့ အသင္းတစ္သင္း ျဖစ္ေနတာပါ။ လီဗာပူးကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ကာလရွည္ ေဝးကြာလာမႈေၾကာင့္ အင္အားေလ်ာ့နည္းလာခဲ့တာျဖစ္တယ္။

ဆြာရက္စ္ကို ေပါင္ သန္း ၄၀ ကိုမွ ေနာက္ထပ္ ၁ ေပါင္ ပိုေပးျပီး အာဆင္နယ္ဘက္က ကမ္းလွမ္းမႈက လီဗာပူးပိုင္ရွင္ ဂၽြန္ဟင္နရီကို ေဒါသထြက္ေစခဲ့တယ္။ ဆြာရက္စ္ကို လံုးဝ မေရာင္းဘူးလို႔ ေၾကညာခဲ့ျပီး ခ်န္ပီယံလိဂ္ ကစားလိုတဲ့ ဆြာရက္စ္ကလည္း အသင္းေျပာင္းလိုတာေၾကာင့္ ေနာက္ဆံုးမွာ ဆြာရက္စ္ကို တစ္ဦးထဲ ေလ့က်င့္ေရးဆင္းဖို႔ ထိုစဥ္ လီဗာပူးမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာက အမိန္႔ထုတ္ခဲ့ပါတယ္။

ဂ်ရတ္က ” ဒီကိစၥမွာ ေနာက္ကြယ္က အမွန္တရားေတြ ရွိတာေပါ့။ ရႈပ္ေထြးမႈေတြလည္း ရွိခဲ့တာေပါ့။ လူးဝစ္က ကတိခံမႈေတြ ရခဲ့တာေတြရွိတယ္။ အကယ္လို႔ ခ်န္ပီယံလိဂ္ ဝင္ခြင့္မရရင္ (သို႔) မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြ ရမယ္ဆိုရင္ အျခား အသင္းေတြနဲ႔ စကားေျပာခြင့္ ရမယ္ဆိုတဲ့ အခ်က္ေတြ ပါဝင္တာေပါ့။

ဘရန္ဒန္ေရာ္ဂ်ာက သူ႔ကို တစ္ေယာက္ထဲ ေလ့က်င့္ေရးဆင္းဖို႔ အမိန္႔ေပးခဲ့တုန္းက သူ ခံစားခ့ရတယ္။ ဒီေတာ့ ဒီအေျခအေနအတြက္ က်ေနာ္က ၾကားဝင္ ေစ့စပ္ေပးမႈေတြ လုပ္ဖို႔ လိုတယ္လို႔ ထင္ခဲ့တာေပါ့။ က်ေနာ္က လီဗာပူးအတြက္ဆိုရင္ ဘာမဆို အေကာင္းဆံုး ျဖစ္ေစခ်င္တယ္ေလဗ်ာ။

ကမၻာအဆင့္ ကစားသမားတစ္ဦးက တစ္ေယာက္ထဲ ေလ့က်င့္ေနရတာကို က်ေနာ္ သေဘာမက်ဘူး။ ဒီေတာ့ ကလပ္ အသင္းေခါင္းေဆာင္အျဖစ္၊ အဝတ္လဲခန္းက ၾသဇာရွိ ကစားသမားတစ္ဦးအျဖစ္ က်ေနာ္ ပါဝင္ခဲ့ရတဲ့ ကိစၥ ရွိခဲ့တာေပါ့ ” လို႔ ရွင္းျပခဲ့တယ္။

အဲ့တုန္းက စတီဗင္ဂ်ရတ္နဲ႔ လူးဝစ္ဆြာရက္စ္တို႔ ႏွစ္ဦးတည္း သီးသန္႔ စကားေျပာခဲ့ၾကျပီး စတီဗင္ရဲ႕ ဆြဲေဆာင္မႈေၾကာင့္ ဆြာရက္စ္ဟာ လီဗာပူးမွာ တစ္ႏွစ္ ဆက္ေနခဲ့တာျဖစ္တယ္။ အဲ့တုန္းက ဘာေတြျဖစ္ခဲ့လဲဆိုတာကို စတီဗင္က ေျပာပါေသးတယ္။

စတီဗင္ကပဲ ” က်ေနာ္တားလို႔ ဆြာရက္စ္ ဆက္ေနသလားဆိုရင္ မဟုတ္ပါဘူး။ အဲ့လိုေတာ့ မထင္ပါဘူး။ ဒါေပမယ့္ က်ေနာ္ ဝင္ျပီး ညိႏိႈင္းမႈေတြ လုပ္ခဲ့ရသလို တစ္ဦးခ်င္း ေဆြးေႏြးမႈကို လူးဝစ္နဲ႔ လုပ္ခဲ့ရတယ္။

‘ ဒီမွာ လူးဝစ္ လီဗာပူး အေျခမေန မေကာင္းတုန္း မင္းမသြားလိုက္နဲ႔ လုပ္စရာရွိတာလုပ္ ဒါေပမယ့္ ေနာက္ႏွစ္ေလာက္မွလုပ္။ ငါတို႔ အသင္းအတြက္ တစ္ခုခု အႏုိင္ရေအာင္ ၾကိဳးစားေပး။ ျပီးေတာ့ အေျခအေနေကာင္းမွ မင္းထြက္သြား။ ဘာလို႔လည္းဆိုေတာ့ ပရိသတ္ေတြထံက အမုန္းတရားေတြ ရဖို႔က မင္းနဲ႔ မထိုက္တန္ဘူး။

ပရိသတ္ေတြအတြက္လည္း ဒါက မေကာင္းဘူး။ မင္းက သိပ္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ပဲကြာ။ မင္းအေကာင္းဆံုး ဆက္လုပ္ေနရင္ ဘာစီလိုနာက ေသခ်ာေပါက္ ကမ္းလွမ္းလာမွာပါ။ မင္းအတြက္ စားပြဲထိုင္မွာပါ။ ဒီေတာ့ ဘာလို႔ အမုန္းတရားေတြနဲ႔ ရႈပ္ေထြးေစမွာလဲ?'” ဆိုျပီး တားျမစ္ခဲ့တာျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ လီဗာပူးဟာ အဓိက ကစားသမားေတြကို စတင္ ထိန္းသိမ္းႏုိင္တဲ့ အဆင့္ကို ေရာက္လာေနခဲ့ပါျပီ။ ဒီအေျခအေနကို ဆက္ထိန္းထားႏုိင္ဖို႔ ေမွ်ာ္လင့္ရျပီး ၂၀၁၈ ခုႏွစ္မွာ ေကာ္တင္ညိဳကို လက္လြတ္ရျပီးေနာက္ ဘယ္လို အဓိက ကစားသမားကိုမွ ဆံုးရံွဴးရျခင္း မရွိေတာ့တာျဖစ္ပါတယ္။