လီဗာပူးအသင်းဟာ လိုဗရန်နေရာ အစားထိုးဖို ဗဟိုခံစစ်မှူးသစ်အဖြစ် လာလီဂါကလပ် ရီးရဲလ်ဘက်တစ် အသင်းမှ အစ်ဆာ မန်ဒီကို စိတ်င်စားနေကြောင်း သတင်းတွေကို ဗြိတိန်အားကစားလောကက နာမည်ကြီး သတင်းဌာနတွေ အများအပြားက ဖော်ပြလာပါတယ်။ ဒီတော့ မန်ဒီဆိုတာက ဘယ်လို ကစားသမားလဲ?

လီဗာပူးအသင်းဟာ အသက် ၃၁ နှစ်အရွယ် ခရိုအေးရှား ခံစစ်မှူး လိုဗရန်ကို ရုရှားကလပ် ဇင်းနစ်ထံ ပေါင် ၁၁ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအဝတ်လဲခန်းက ခေါင်းဆောင်တစ်ဦးကို လက်လွတ်ခဲ့ရတာဖြစ်ပေမယ့် လိုဗရန်ဟာ မနှစ်က လီဗာပူးအတွက် ပွဲ ၁၅ ပွဲပဲ ကစားပေးခဲ့တာဖြစ်လို့ သူ့ကို ဆုံးရံှူးတာက ကြီးမားတဲ့ ထိခိုက်မှု ဖြစ်လာမှာ မဟုတ်ပါဘူး။

ဗဟိုခံစစ်မှူးတွေအဖြစ် ဗန်ဒိုက် အမာခံ ရှိနေမှာဖြစ်ပြီး သူ့ရဲ့တွဲဘက်အဖြစ် ဂိုးမက်စ်နဲ့ မာတစ်တို့ အပြိုင်လုရပါမယ်။ ဒါပေမယ့်လည်း မာတစ်ဟာ ဒဏ်ရာပြဿနာ မကြာခဏ ရတတ်တဲ့ မှတ်တမ်းဆိုးရှိလို့ အားကစားဒါရိုက်တာ အတ်ဝပ်နဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့ဟာ နောက်ထပ် ခံစစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေးအဖြစ် သက်မှတ်လာခဲ့တာဖြစ်တယ်။ နွေအတွက် အစီအစဉ်တွေမှာ မန်ဒီဟာ လီဗာပူးက စိတ်ဝင်စားမှု အမြင့်ဆုံးသော ဗဟိုခံစစ်မှူး သုံးဦးထဲက တစ်ဦးအဖြစ် ပါဝင်လာပါတယ်။

မန်ဒီဆိုတာ ဘယ်သူလဲ

အယ်ဂျီးရီးယား မိဘတွေက ဆင်းသက်လာပြီး ပြင်သစ်မှာ မွေးဖွားတဲ့ မန်ဒီဟာ လက်ရွေးစင်အဖြစ် အယ်ဂျီးရီးယားကိုပဲ ရွေးချယ်ခဲ့တယ်။ အသက် ၂၈ နှစ်အရွယ်ဖြစ်ပြီး ပြင်သစ်နဲ့ စပိန်မှာ လိဂ်ပွဲ ၃၀၀ ကျော် ကစားထားလို့ ဝါရင့် ကစားသမားလို့ ဆိုနိုင်ပါတယ်။

ဘက်တစ်မှာလည်း ဆက်တီယန်ရဲ့ ဦးစားပေးအဖြစ် နေရာရခဲ့ပြီး လက်ရှိ အချိန်ထိလည်း ဦးစားပေး ခံစစ်သမားဖြစ်ကာ အယ်ဂျီးရီးယားရဲ့ လက်ထောက် အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူဟာ အရွယ်ကောင်းမှာ ရှိနေသလို ဥရောပ လိဂ်ကြီး ၂ ခုမှာ အတွေ့အကြုံစုံလင်ထားတဲ့ ခံစစ်မှူးလည်းဖြစ်တယ်။

လီဗာပူးဘက်က ပေါင် ၉ သန်းဝန်းကျင်ဖြင့် ချိတ်ဆက်ပေမယ့် ဘက်တစ်က ပေါင် ၁၀.၈ သန်း တောင်းဆိုထားပါတယ်။

ကစားဟန်

စိတ်ဝင်စားစရာက သူဟာ အစွန်လူအဖြစ်ကနေ စတင်ခဲ့ပြီး ညာအစွန်လူအဖြစ် မခံယူခင်မှာ အစွန် နှစ်ဘက်လုံးကနေ ကစားခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာ အရပ် ၆ ပေ ၁ လက်မမြင့်တဲ့ မန်ဒီဟာ အဓိက ခံစစ်မှူးကို ကာဗာပေးရတဲ့ ခံစစ်သမား ပုံစံ ပြောင်းလဲ ကစားခဲ့ပါတယ်။

သူက လျှင်မြန်ပြီး တိုက်စစ်ကို ဖြတ်တေက်ရာမှာ ထူးချွန်တယ်၊ စလိုက်ထိုး ဖျက်လုမှုတွေက သူ့ရဲ့ ထူးချွန်တဲ့ အမှတ်လက္ခဏာဖြစ်တယ်။ အမြင့်ဘော အားကောင်းပြီး လီဗာပူးအသင်းက ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ထက်တော့ အမြင့်ဘေား အောင်နိုင်မှု အားနည်းပါတယ်။

ခံစစ်ကနေ ဘောလုံးသယ်ထုတ်ရာမှာ သက်သောင့်သက်သာရှိတယ်။ အဝေးဘောတွေ ပေးရတာမျိုးကို နှစ်သက်တယ်။ ဗဟိုခံစစ်မှူးနေရာကနေ ဘေးတွေကို ထွက်ပြီး အစွန်သမားတွေကို ကာဗာပေးရာမှာ ထူးချွန်တယ်။ သူ့ရဲ့ ဘောလုံးပေးမှု တိကျနှုန်းက ဗန်ဒိုက်၊ ဂိုးမက်စ်တို့ထက် သာလွန်သလို၊ အဝေးဘောပေးမှုမှာလည်း ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ထက် သာလွန်တာက အဓိက အားသာချက်ဖြစ်ပါတယ်။

ယေဘုယျကြည့်မယ်ဆိုရင် သူဟာ အမြင့်ဘောမှာ ဂိုးမက်စ်နဲ့ မတိမ်းမယိမ်းဖြစ်ပြီး ဘောလုံးပေးမှု တိကျမှုနဲ့ အဝေးဘော တိကျမှုမှာ ဂိုးမက်စ်ထက် ပိုကောင်းနေပါတယ်။ မတူညီတဲ့ လိဂ်နှစ်ခုက ကစားသမားတွေကို ချိန်ထိုးရတာဖြစ်လို့ ကွဲလွဲမှုတွေတော့ ရှိနေပါမယ်။

လီဗာပူးရဲ့ ဘယ်နေရာမှာ အံဝင်မလဲ

သူ့ရဲ့ နောက ဗန်ဒိုက်နဲ့ တွဲကစားရမယ့် ညာခြမ်း ဗဟိုခံစစ်မှူးနေရာပါ။ သူကိုယ်က ညာသန်ဖြစ်ပြီး ဘက်တစ်မှာတော့ ဘယ်ခြေသန် ဘယ်ခြမ်း ခံစစ်မှူး ဘာတာနဲ့ တွဲကစားသူဖြစ်တယ်။ သူက သုံးယောက်တန်း ခံစစ်မှာလည်း ညာအစွန်ဆုံးနေရာက ကစားသူဖြစ်တယ်။

မန်ဒီဟာ ကိုယ်ရဲ့ ဧရိယာထဲမှာ ကစားမှုကလည်း မြင့်ပြီး ဒါဟာ ခံစစ်လိုင်းကို မြင့်မြင့်ထား ကစားတတ်တဲ့ လီဗာပူးအတွက်တော့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ လီဗာပူးက ညာခြမ်း ခံစစ်မှူးနေရာကိုပဲ အဓိက အားဖြည့်ဖို့လိုအပ်တာဖြစ်လို့ မန်ဒီဟာ ဗန်ဒိုက်နေရာအတွက်ထက် ဂိုးမက်စ်နဲ့ မာတစ်ကို ဖိအားပေးမယ့် ကစားသမားနေရာအတွက်ပဲ အဓိက ဖြစ်နိုင်ပါတယ်။

မန်ဒီရဲ့ အဓိက အားသာချက်တစ်ခုက သူဟာ ခံစစ်လိုင်း တစ်ခုလုံးကို ကာဗာ အပြည့်ပေးတတ်သူဖြစ်လိုပါပဲ။ အကယ်လို့ ထရန့်နဲ့ ရော်ဘတ်ဆန် တိုက်စစ်လိုက်ပြီး ဗန်ဒိုက်ကပါ တိုက်စစ်လိုက်ပါသွားရင် ခံစစ်လိုင်းကို ဦးဆောင်ပေးဖို့ မန်ဒီကို မျှော်လင့်လို့ ရပါတယ်။ ဒါဟာ အတိတ်က ကလာဗန် ကစားတဲ့ ပုံစံဖြစ်ပါတယ်။

အပြောင်းအရွှေ့က ဖြစ်နိုင်လား

ပထမဦးဆုံး သိထားဖို့ လိုအပ်တာက မန်ဒီက ဘက်တစ်နဲ့ ၁ နှစ်ပဲ စာချုပ်ကျန်တဲ့ အချက်ကို လီဗာပူးက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ စာချုပ်ပါ အချက်မှာတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၃၀ ဖြစ်တယ်။

လီဗာပူးအခြေစိုက် သတင်းထောက်ဖြစ်သူ Paul Gorst ” ဘက်တစ်က မန်ဒီရဲ့ သတင်းတွေဟာ ကောလဟာလအဖြစ် မခံစားရဘဲ အခြားသော ကိစ္စတွေထက် ပိုပြီး ဖြစ်နိုင်ချေ ရှိနေပါတယ်။ ဈေးနှုန်းနဲ့ အသက်အရွယ်ကလည်း လီဗာပူး လိုအပ်ချက်နဲ့ ကိုက်ညီတယ် စောင့်ကြည့်ရမယ့်သူပါ။ ” လို့ ပြောထားပါတယ်။

မန်ဒီဟာ လီဗာပူးစိတ်ဝင်စားနေတဲ့ ခံစစ်သမား သုံးဦးထဲက တစ်ဦးဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စ ရှေ့ဆက်တိုးလာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လိုဗရန္ေနရာ အစားထိုးဖို ဗဟိုခံစစ္မွဴးသစ္အျဖစ္ လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္ အသင္းမွ အစ္ဆာ မန္ဒီကို စိတ္င္စားေနေၾကာင္း သတင္းေတြကို ျဗိတိန္အားကစားေလာကက နာမည္ၾကီး သတင္းဌာနေတြ အမ်ားအျပားက ေဖာ္ျပလာပါတယ္။ ဒီေတာ့ မန္ဒီဆိုတာက ဘယ္လို ကစားသမားလဲ?

လီဗာပူးအသင္းဟာ အသက္ ၃၁ ႏွစ္အရြယ္ ခရိုေအးရွား ခံစစ္မွဴး လိုဗရန္ကို ရုရွားကလပ္ ဇင္းနစ္ထံ ေပါင္ ၁၁ သန္းျဖင့္ ေရာင္းထုတ္ခဲ့ျပီျဖစ္ပါတယ္။ လီဗာပူးအဝတ္လဲခန္းက ေခါင္းေဆာင္တစ္ဦးကို လက္လြတ္ခဲ့ရတာျဖစ္ေပမယ့္ လိုဗရန္ဟာ မႏွစ္က လီဗာပူးအတြက္ ပြဲ ၁၅ ပြဲပဲ ကစားေပးခဲ့တာျဖစ္လို႔ သူ႔ကို ဆံုးရံွဴးတာက ၾကီးမားတဲ့ ထိခိုက္မႈ ျဖစ္လာမွာ မဟုတ္ပါဘူး။

ဗဟိုခံစစ္မွဴးေတြအျဖစ္ ဗန္ဒိုက္ အမာခံ ရွိေနမွာျဖစ္ျပီး သူ႔ရဲ႕တြဲဘက္အျဖစ္ ဂိုးမက္စ္နဲ႔ မာတစ္တုိ႔ အျပိဳင္လုရပါမယ္။ ဒါေပမယ့္လည္း မာတစ္ဟာ ဒဏ္ရာျပႆနာ မၾကာခဏ ရတတ္တဲ့ မွတ္တမ္းဆိုးရွိလို႔ အားကစားဒါရိုက္တာ အတ္ဝပ္နဲ႔ ကစားသမား ေခၚယူေရးအဖြဲ႔ဟာ ေနာက္ထပ္ ခံစစ္မွဴးသစ္ ေခၚယူေရးကို ဦးစားေပးအျဖစ္ သက္မွတ္လာခဲ့တာျဖစ္တယ္။ ေႏြအတြက္ အစီအစဥ္ေတြမွာ မန္ဒီဟာ လီဗာပူးက စိတ္ဝင္စားမႈ အျမင့္ဆံုးေသာ ဗဟိုခံစစ္မွဴး သံုးဦးထဲက တစ္ဦးအျဖစ္ ပါဝင္လာပါတယ္။

မန္ဒီဆိုတာ ဘယ္သူလဲ

အယ္ဂ်ီးရီးယား မိဘေတြက ဆင္းသက္လာျပီး ျပင္သစ္မွာ ေမြးဖြားတဲ့ မန္ဒီဟာ လက္ေရြးစင္အျဖစ္ အယ္ဂ်ီးရီးယားကိုပဲ ေရြးခ်ယ္ခဲ့တယ္။ အသက္ ၂၈ ႏွစ္အရြယ္ျဖစ္ျပီး ျပင္သစ္နဲ႔ စပိန္မွာ လိဂ္ပြဲ ၃၀၀ ေက်ာ္ ကစားထားလို႔ ဝါရင့္ ကစားသမားလို႔ ဆိုႏုိင္ပါတယ္။

ဘက္တစ္မွာလည္း ဆက္တီယန္ရဲ႕ ဦးစားေပးအျဖစ္ ေနရာရခဲ့ျပီး လက္ရွိ အခ်ိန္ထိလည္း ဦးစားေပး ခံစစ္သမားျဖစ္ကာ အယ္ဂ်ီးရီးယားရဲ႕ လက္ေထာက္ အသင္းေခါင္းေဆာင္လည္း ျဖစ္ပါတယ္။ သူဟာ အရြယ္ေကာင္းမွာ ရွိေနသလို ဥေရာပ လိဂ္ၾကီး ၂ ခုမွာ အေတြ႔အၾကံဳစံုလင္ထားတဲ့ ခံစစ္မွဴးလည္းျဖစ္တယ္။

လီဗာပူးဘက္က ေပါင္ ၉ သန္းဝန္းက်င္ျဖင့္ ခ်ိတ္ဆက္ေပမယ့္ ဘက္တစ္က ေပါင္ ၁၀.၈ သန္း ေတာင္းဆိုထားပါတယ္။

ကစားဟန္

စိတ္ဝင္စားစရာက သူဟာ အစြန္လူအျဖစ္ကေန စတင္ခဲ့ျပီး ညာအစြန္လူအျဖစ္ မခံယူခင္မွာ အစြန္ ႏွစ္ဘက္လံုးကေန ကစားခဲ့သူျဖစ္တယ္။ ေနာက္ပိုင္းမွာ အရပ္ ၆ ေပ ၁ လက္မျမင့္တဲ့ မန္ဒီဟာ အဓိက ခံစစ္မွဴးကို ကာဗာေပးရတဲ့ ခံစစ္သမား ပံုစံ ေျပာင္းလဲ ကစားခဲ့ပါတယ္။

သူက လွ်င္ျမန္ျပီး တိုက္စစ္ကို ျဖတ္ေတက္ရာမွာ ထူးခၽြန္တယ္၊ စလိုက္ထိုး ဖ်က္လုမႈေတြက သူ႔ရဲ႕ ထူးခၽြန္တဲ့ အမွတ္လကၡဏာျဖစ္တယ္။ အျမင့္ေဘာ အားေကာင္းျပီး လီဗာပူးအသင္းက ဗန္ဒိုက္၊ မာတစ္၊ ဂိုးမက္စ္တို႔ထက္ေတာ့ အျမင့္ေဘား ေအာင္ႏုိင္မႈ အားနည္းပါတယ္။

ခံစစ္ကေန ေဘာလံုးသယ္ထုတ္ရာမွာ သက္ေသာင့္သက္သာရွိတယ္။ အေဝးေဘာေတြ ေပးရတာမ်ိဳးကို ႏွစ္သက္တယ္။ ဗဟိုခံစစ္မွဴးေနရာကေန ေဘးေတြကို ထြက္ျပီး အစြန္သမားေတြကို ကာဗာေပးရာမွာ ထူးခၽြန္တယ္။ သူ႔ရဲ႕ ေဘာလံုးေပးမႈ တိက်ႏႈန္းက ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ထက္ သာလြန္သလို၊ အေဝးေဘာေပးမႈမွာလည္း ဗန္ဒိုက္၊ မာတစ္၊ ဂိုးမက္စ္တို႔ထက္ သာလြန္တာက အဓိက အားသာခ်က္ျဖစ္ပါတယ္။

ေယဘုယ်ၾကည့္မယ္ဆိုရင္ သူဟာ အျမင့္ေဘာမွာ ဂိုးမက္စ္နဲ႔ မတိမ္းမယိမ္းျဖစ္ျပီး ေဘာလံုးေပးမႈ တိက်မႈနဲ႔ အေဝးေဘာ တိက်မႈမွာ ဂိုးမက္စ္ထက္ ပိုေကာင္းေနပါတယ္။ မတူညီတဲ့ လိဂ္ႏွစ္ခုက ကစားသမားေတြကို ခ်ိန္ထိုးရတာျဖစ္လို႔ ကြဲလြဲမႈေတြေတာ့ ရွိေနပါမယ္။

လီဗာပူးရဲ႕ ဘယ္ေနရာမွာ အံဝင္မလဲ

သူ႔ရဲ႕ ေနာက ဗန္ဒိုက္နဲ႔ တြဲကစားရမယ့္ ညာျခမ္း ဗဟိုခံစစ္မွဴးေနရာပါ။ သူကိုယ္က ညာသန္ျဖစ္ျပီး ဘက္တစ္မွာေတာ့ ဘယ္ေျခသန္ ဘယ္ျခမ္း ခံစစ္မွဴး ဘာတာနဲ႔ တြဲကစားသူျဖစ္တယ္။ သူက သံုးေယာက္တန္း ခံစစ္မွာလည္း ညာအစြန္ဆံုးေနရာက ကစားသူျဖစ္တယ္။

မန္ဒီဟာ ကိုယ္ရဲ႕ ဧရိယာထဲမွာ ကစားမႈကလည္း ျမင့္ျပီး ဒါဟာ ခံစစ္လိုင္းကို ျမင့္ျမင့္ထား ကစားတတ္တဲ့ လီဗာပူးအတြက္ေတာ့ စိန္ေခၚမႈ တစ္ခုျဖစ္ပါတယ္။ လီဗာပူးက ညာျခမ္း ခံစစ္မွဴးေနရာကိုပဲ အဓိက အားျဖည့္ဖို႔လိုအပ္တာျဖစ္လို႔ မန္ဒီဟာ ဗန္ဒိုက္ေနရာအတြက္ထက္ ဂိုးမက္စ္နဲ႔ မာတစ္ကို ဖိအားေပးမယ့္ ကစားသမားေနရာအတြက္ပဲ အဓိက ျဖစ္ႏုိင္ပါတယ္။

မန္ဒီရဲ႕ အဓိက အားသာခ်က္တစ္ခုက သူဟာ ခံစစ္လုိင္း တစ္ခုလံုးကို ကာဗာ အျပည့္ေပးတတ္သူျဖစ္လိုပါပဲ။ အကယ္လို႔ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္ တိုက္စစ္လိုက္ျပီး ဗန္ဒိုက္ကပါ တိုက္စစ္လိုက္ပါသြားရင္ ခံစစ္လိုင္းကို ဦးေဆာင္ေပးဖို႔ မန္ဒီကို ေမွ်ာ္လင့္လို႔ ရပါတယ္။ ဒါဟာ အတိတ္က ကလာဗန္ ကစားတဲ့ ပံုစံျဖစ္ပါတယ္။

အေျပာင္းအေရႊ႔က ျဖစ္ႏုိင္လား

ပထမဦးဆံုး သိထားဖို႔ လိုအပ္တာက မန္ဒီက ဘက္တစ္နဲ႔ ၁ ႏွစ္ပဲ စာခ်ဳပ္က်န္တဲ့ အခ်က္ကို လီဗာပူးက ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ စာခ်ဳပ္ပါ အခ်က္မွာေတာ့ သူ႔ရဲ႕ ေျပာင္းေရႊ႔ေၾကးက ယူရို သန္း ၃၀ ျဖစ္တယ္။

လီဗာပူးအေျခစိုက္ သတင္းေထာက္ျဖစ္သူ Paul Gorst ” ဘက္တစ္က မန္ဒီရဲ႕ သတင္းေတြဟာ ေကာလဟာလအျဖစ္ မခံစားရဘဲ အျခားေသာ ကိစၥေတြထက္ ပိုျပီး ျဖစ္ႏုိင္ေခ် ရွိေနပါတယ္။ ေစ်းႏႈန္းနဲ႔ အသက္အရြယ္ကလည္း လီဗာပူး လိုအပ္ခ်က္နဲ႔ ကိုက္ညီတယ္ ေစာင့္ၾကည့္ရမယ့္သူပါ။ ” လို႔ ေျပာထားပါတယ္။

မန္ဒီဟာ လီဗာပူးစိတ္ဝင္စားေနတဲ့ ခံစစ္သမား သံုးဦးထဲက တစ္ဦးျဖစ္ျပီး အေျပာင္းအေရႊ႔ကိစၥ ေရွ႔ဆက္တိုးလာမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။