NBA ဘက်စကတ်ဘောစတားကြီး LeBron James ဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ အဓိက ရှယ်ယာရှင်တွေထဲက တစ်ဦးပါ။ သူဟာ လီဗာပူးအမာခံပရိသတ်ဖြစ်သလို FSG ထံက ရာခိုင်နှုန်းအနည်းငယ်ကို ခွဲဝေ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

၂၀၁၁ မှာတုန်းက လီဗာပူးအသင်းရဲ့ ရှယ်ယာ ၂% ကို ဒေါ်လာ ၆.၅ သန်းဖြင့် LeBron James ဝယ်ယူခဲ့တယ်။ ၂၀၂၀ မှာတော့ သူပိုင်ဆိုင်တဲ့ ရှယ်ယာ ၂% အတွက် တန်ကြေးက ဒေါ်လာ ၄၃.၆ သန်းထိ မြင့်တက် ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာကျော် ဘက်စကတ်ဘော သမားကြီးက လီဗာပူးရဲ့ ဂျာစီသစ်ကို ဝတ်ဆင်ထားတဲ့ ပုံရိပ်ကို မြင်တွေ့လာရပြီး သူဟာ အနီရောင်တို့ရဲ့ ဂျာစီသစ်ကို ဝတ်ဆင်တဲ့ ပထမဆုံးသော ဆယ်လီကြီးလည်း ဖြစ်လာပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ လီဗာပူးအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။

LeBron James လီဗာပူးဂျာစီဝတ်ကာ အသင်းထံ လာရောက်ပူးပေါင်းတာကို Los Angeles Lakers အသင်း ကိုယ်တိုင်က ‘Feeling Premier’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၎င်းတို့ရဲ့ ဖော်လိုဝါ ၉ သန်းရှိတဲ့ တွစ်တာကနေ ဖော်ပြခဲ့တယ်။ အမေရိကန်ဈေးကွက်ဟာ လီဗာပူးအသင်း နေရာဝင်ယူဖို့ ကြိုးစားနေတဲ့ ဈေးကွက်ကြီး ၂ ခုထဲက တစ်ခုဖြစ်လို့ ဒီနွေမှာ ရာသီကြို မသွားရပေမယ့် LeBron James နဲ့ ပရိုးမိုးရှင်းဆင်းမှု ဖြစ်လာပါမယ်။

LeBron James ကိုယ်တိုင်က လီဗာပူးပရိသတ်ဖြစ်သလို သူဟာ Nike က စပွန်ဆာပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်တယ်။ Nike ဟာ NBA တစ်ခုလုံးကို စပွန်ဆာပေးထားတဲ့ အားကစားကုမ္ပဏီဖြစ်တာကြောင့် အမေရိကန် ဘက်စကတ်ဘော ပရိသတ်တွေအတွက် လီဗာပူးအမှတ်တံဆိပ်ဟာ New Balance နဲ့ လက်တွဲစဉ်ကထက် ပိုမို အာရုံကျလွယ်တဲ့ brand တစ်ခု ဖြစ်လာမှာဖြစ်တယ်။

လီဗာပူးနဲ့ Nike ကြား လက်တွဲမှုဟာ အမေရိကန် အားကစားလောကမှာ ကုန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းကထက် ပိုမို အကျိုးဖြစ်တဲ့ နာမည်ကြေညာမှု တစ်ခုဖြစ်လာမှာဖြစ်တယ်။ ထိုနည်းတူပဲ လီဗာပူးအမှတ်တံဆိပ်နဲ့ Nike အမှတ်တံဆိပ် လက်တွဲမှုဟာ ဈေးကွက်ထိုးဖောက်မှုမှာ ပိုမြင့်တဲ့ အရှိန်တစ်ခုကို ရစေပါတယ်။

ပြဿနာတစ်ခုကတော့ လီဗာပူးပရိသတ်တွေဟာ Nike ရဲ့ ဂျာစီသစ်ကို သိပ်သဘောမကျပါဘူး။ ဒါပေမယ့် ဂျာစီဝယ်လိုအားကတော့ တက်နေဆဲဖြစ်ပြီး ဒီရာသီ ဆုဖလားအနိုင်ရမယ်ဆိုရင် Nike ရဲ့ ပထမဆုံး ဂျာစီဒီဇိုင်းအပေါ် အပြစ်မြင်မှုတွေ လျော့ကျသွားနိုင်မယ် မျှော်လင့်ရပါတယ်။

ZAWGYI

NBA ဘက္စကတ္ေဘာစတားၾကီး LeBron James ဟာ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းရဲ႕ အဓိက ရွယ္ယာရွင္ေတြထဲက တစ္ဦးပါ။ သူဟာ လီဗာပူးအမာခံပရိသတ္ျဖစ္သလို FSG ထံက ရာခိုင္ႏႈန္းအနည္းငယ္ကို ခြဲေဝ ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

၂၀၁၁ မွာတုန္းက လီဗာပူးအသင္းရဲ႕ ရွယ္ယာ ၂% ကို ေဒၚလာ ၆.၅ သန္းျဖင့္ LeBron James ဝယ္ယူခဲ့တယ္။ ၂၀၂၀ မွာေတာ့ သူပိုင္ဆုိင္တဲ့ ရွယ္ယာ ၂% အတြက္ တန္ေၾကးက ေဒၚလာ ၄၃.၆ သန္းထိ ျမင့္တက္ ေရာက္ရွိသြားခဲ့ျပီျဖစ္ပါတယ္။

ကမၻာေက်ာ္ ဘက္စကတ္ေဘာ သမားၾကီးက လီဗာပူးရဲ႕ ဂ်ာစီသစ္ကို ဝတ္ဆင္ထားတဲ့ ပံုရိပ္ကို ျမင္ေတြ႔လာရျပီး သူဟာ အနီေရာင္တို႔ရဲ႕ ဂ်ာစီသစ္ကို ဝတ္ဆင္တဲ့ ပထမဆံုးေသာ ဆယ္လီၾကီးလည္း ျဖစ္လာပါတယ္။ ဒီလို လုပ္ေဆာင္မႈဟာ လီဗာပူးအတြက္ အမ်ားၾကီး အေထာက္အကူျဖစ္ပါတယ္။

LeBron James လီဗာပူးဂ်ာစီဝတ္ကာ အသင္းထံ လာေရာက္ပူးေပါင္းတာကို Los Angeles Lakers အသင္း ကိုယ္တုိင္က ‘Feeling Premier’ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ၄င္းတို႔ရဲ႕ ေဖာ္လိုဝါ ၉ သန္းရွိတဲ့ တြစ္တာကေန ေဖာ္ျပခဲ့တယ္။ အေမရိကန္ေစ်းကြက္ဟာ လီဗာပူးအသင္း ေနရာဝင္ယူဖို႔ ၾကိဳးစားေနတဲ့ ေစ်းကြက္ၾကီး ၂ ခုထဲက တစ္ခုျဖစ္လို႔ ဒီေႏြမွာ ရာသီၾကိဳ မသြားရေပမယ့္ LeBron James နဲ႔ ပရိုးမိုးရွင္းဆင္းမႈ ျဖစ္လာပါမယ္။

LeBron James ကိုယ္တိုင္က လီဗာပူးပရိသတ္ျဖစ္သလို သူဟာ Nike က စပြန္ဆာေပးထားတဲ့ ကစားသမားတစ္ဦးျဖစ္တယ္။ Nike ဟာ NBA တစ္ခုလံုးကို စပြန္ဆာေပးထားတဲ့ အားကစားကုမၸဏီျဖစ္တာေၾကာင့္ အေမရိကန္ ဘက္စကတ္ေဘာ ပရိသတ္ေတြအတြက္ လီဗာပူးအမွတ္တံဆိပ္ဟာ New Balance နဲ႔ လက္တြဲစဥ္ကထက္ ပိုမို အာရံုက်လြယ္တဲ့ brand တစ္ခု ျဖစ္လာမွာျဖစ္တယ္။

လီဗာပူးနဲ႔ Nike ၾကား လက္တြဲမႈဟာ အေမရိကန္ အားကစားေလာကမွာ ကုန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ အတြင္းကထက္ ပိုမို အက်ိဳးျဖစ္တဲ့ နာမည္ေၾကညာမႈ တစ္ခုျဖစ္လာမွာျဖစ္တယ္။ ထိုနည္းတူပဲ လီဗာပူးအမွတ္တံဆိပ္နဲ႔ Nike အမွတ္တံဆိပ္ လက္တြဲမႈဟာ ေစ်းကြက္ထိုးေဖာက္မႈမွာ ပိုျမင့္တဲ့ အရွိန္တစ္ခုကို ရေစပါတယ္။

ျပႆနာတစ္ခုကေတာ့ လီဗာပူးပရိသတ္ေတြဟာ Nike ရဲ႕ ဂ်ာစီသစ္ကို သိပ္သေဘာမက်ပါဘူး။ ဒါေပမယ့္ ဂ်ာစီဝယ္လိုအားကေတာ့ တက္ေနဆဲျဖစ္ျပီး ဒီရာသီ ဆုဖလားအႏုိင္ရမယ္ဆိုရင္ Nike ရဲ႕ ပထမဆံုး ဂ်ာစီဒီဇိုင္းအေပၚ အျပစ္ျမင္မႈေတြ ေလ်ာ့က်သြားႏုိင္မယ္ ေမွ်ာ္လင့္ရပါတယ္။