လီဗာပူးတိုက်စစ်မှူး ဖာမင်နိုက ဇန်နဝါရီကမှ ဆဲလ်ဘတ်ကနေ ခေါ်ယူထားတဲ့ မီနာမီနိုရဲ့ အရည်အချင်းကို သဘောကျတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဖာမင်နို “ မီနာမီနိုက သိပ်ကောင်းတဲ့ လူပဲဗျ။ သူ့ရဲ့ အရည်အချင်းကော သူ့ရဲ့ ပုဂ္ဂိုလ်ရေး ပုံစံကိုကော ကျနော်တော့ သဘောတွေ့မိတယ်။ ကောင်းတာတစ်ခုက သူကော ကျနော်ပါ ဂျာမန်ာလို ကောင်းကောင်းပြောနိုင်ကြတာပါပဲ။ သူက ဂျာမာန်လို ကောင်းကောင်း ပြောနိုင်တယ်၊ ကျနော်လည်း ပြောနိုင်တယ်။ ဒီတော့ ကျနေ်ာတို့ ဂျာမာန်လို ပြောကြတယ်။

သူက အတော်လေးကောင်းတဲ့ ကစားသမားကောင်းပါ။ ကျနော်ထင်တယ် သူက လီဗာပူးအသင်းအတွက်ကော၊ ကျနေ်ာတို့လို အသင်းဖော်တွေအတွက်ပါ ကောင်းမွန်စေမယ့်သူလို့ ယူဆမိတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အန်ဖီးမှာတော့ မီနာမီနိုကို ကူညီပေးရမယ့်သူဟာ ဖာမင်နိုဖြစ်မှာ သေချာပါတယ်။ ဖာမင်နိုဟာ ကွင်းလယ်တိုက်စစ်ကနေ တိုက်စစ်မှူးနေရာကို တိုးတက်ကစားသူဖြစ်ပြီး မီနာမီနိုရဲ့ ကစားပေါက်ကလည်း ဖာမင်နိုနေရာနဲ့ အံဝင်တယ်လို့ သိထားရတာဖြစ်ပါတယ်။ သူတို နှစ်ဦးလုံးဟာ ဖိအားပေးမှုမှာ ကောင်းမွန်မှုရှိကြပုံချင်း တူညီပါတယ်။

မန်နေဂျာကလော့ပ်က ချိန်ဘာလိန်ကို ဘယ်တောင်ပံနေရာမှာပါ သုံးနိုင်ဖို့ ရည်ရွယ်ထားပြီး မီနာမီနိုကိုတော့ အထောင်တိုက်စစ်နေရာ သုံးနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဒီနွေမှာ အသင်းသားတွေကို နေရာစီမံမှုတွေ လုပ်ပေးမှာဖြစ်ပြီး ကီတာကိုတော့ သူပိုင်နိုင်တဲ့ ကွင်းလယ်နဲ့ ကွင်းလယ်ဖန်တီးရှင်နေရာကို ပိုမို အံဝင်စေဖို့ လုပ်ပေးမယ်လို့ သိထားရပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴး ဖာမင္ႏိုက ဇန္နဝါရီကမွ ဆဲလ္ဘတ္ကေန ေခၚယူထားတဲ့ မီနာမီႏိုရဲ႕ အရည္အခ်င္းကို သေဘာက်တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဖာမင္ႏို “ မီနာမီႏိုက သိပ္ေကာင္းတဲ့ လူပဲဗ်။ သူ႔ရဲ႕ အရည္အခ်င္းေကာ သူ႔ရဲ႕ ပုဂၢိဳလ္ေရး ပံုစံကိုေကာ က်ေနာ္ေတာ့ သေဘာေတြ႔မိတယ္။ ေကာင္းတာတစ္ခုက သူေကာ က်ေနာ္ပါ ဂ်ာမန္ာလို ေကာင္းေကာင္းေျပာႏုိင္ၾကတာပါပဲ။ သူက ဂ်ာမာန္လို ေကာင္းေကာင္း ေျပာႏုိင္တယ္၊ က်ေနာ္လည္း ေျပာႏုိင္တယ္။ ဒီေတာ့ က်ေန္ာတို႔ ဂ်ာမာန္လို ေျပာၾကတယ္။

သူက အေတာ္ေလးေကာင္းတဲ့ ကစားသမားေကာင္းပါ။ က်ေနာ္ထင္တယ္ သူက လီဗာပူးအသင္းအတြက္ေကာ၊ က်ေန္ာတို႔လို အသင္းေဖာ္ေတြအတြက္ပါ ေကာင္းမြန္ေစမယ့္သူလို႔ ယူဆမိတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အန္ဖီးမွာေတာ့ မီနာမီႏိုကို ကူညီေပးရမယ့္သူဟာ ဖာမင္ႏိုျဖစ္မွာ ေသခ်ာပါတယ္။ ဖာမင္ႏိုဟာ ကြင္းလယ္တိုက္စစ္ကေန တိုက္စစ္မွဴးေနရာကို တိုးတက္ကစားသူျဖစ္ျပီး မီနာမီႏိုရဲ႕ ကစားေပါက္ကလည္း ဖာမင္ႏိုေနရာနဲ႔ အံဝင္တယ္လို႔ သိထားရတာျဖစ္ပါတယ္။ သူတို ႏွစ္ဦးလံုးဟာ ဖိအားေပးမႈမွာ ေကာင္းမြန္မႈရွိၾကပံုခ်င္း တူညီပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ခ်ိန္ဘာလိန္ကို ဘယ္ေတာင္ပံေနရာမွာပါ သံုးႏုိင္ဖို႔ ရည္ရြယ္ထားျပီး မီနာမီႏိုကိုေတာ့ အေထာင္တိုက္စစ္ေနရာ သံုးႏုိင္ဖို႔ ရည္ရြယ္ထားတယ္။ ဒီေႏြမွာ အသင္းသားေတြကို ေနရာစီမံမႈေတြ လုပ္ေပးမွာျဖစ္ျပီး ကီတာကိုေတာ့ သူပိုင္ႏုိင္တဲ့ ကြင္းလယ္နဲ႔ ကြင္းလယ္ဖန္တီးရွင္ေနရာကို ပိုမို အံဝင္ေစဖို႔ လုပ္ေပးမယ္လို႔ သိထားရပါတယ္။