လီဗာပူးပိုင်ရှင်ဖြစ်တဲ့ ဂျွန်ဟင်နရီက ကလပ် ဆုဖလားတွေ အောင်မြင်လာမှုနဲ့အတူ အနာဂတ်မှာ ဘယ်လို အောင်မြင်မှုတွေ ထပ်ရအောင် လုပ်မလဲဆိုတာကို နေ့စဉ်တိုင်းမှာ စဉ်းစားပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ အင်္ဂလန်ကလပ်တွေထဲ အအောင်မြင်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားမှတ်တမ်းကို နောက်တစ်ကြိမ် ထပ်တိုးနိုင်ခဲ့သလို ကလပ်သမိုင်းမှာ ပထမဆုံးဖြစ်တဲ့ ကလပ်များ ကမ္ဘာဖလားကိုလည်း အောင်မြင်ခဲ့တယ်။ ဒါ့အပြင် နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေရတဲ့ အမှတ်ပေးဖလားကိုလည်း တစ်ကျော့ပြန် အောင်မြင်ခဲ့ပါတယ်။

လီဗာပူးပိုင်ရှင်အဖွဲ့ FSG ရဲ့ ဥက္ကဌဖြစ်သူ ဂျွန်ဟင်နရီက “ အောင်မြင်မှုတွေနဲ့ ယှဉ်တွဲပြီး ပါဝင်လာတာက အနာဂတ်အတွက် စကားပြောမှုတွေပါပဲ။ ကျနေ်ာတို့က အမြဲတမ်း မနက်ဖြန်ရဲ့ ကိစ္စတွေကို အခြေခံပါတယ်။ မနက်ဖြန်အကြောင်းတွေကို အမြဲတမ်း စဉ်းစားပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျနေ်ာတို့က အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်ပြီး ဒီအကြောင်းပဲ စဉ်းစားမိပါတယ် ” လို့ ဆိုပါတယ်။

ဗြိတိန်ကနေ လီဗာပူးအသင်းကို အလုံးစုံ ချုပ်ကိုင်မှုတွေအတွက် အုပ်ချုပ်ရေးအဖွဲ့က သီးသန့် ရှိပါတယ်။ ဒီအဖွဲ့တွေက ကလော့ပ်၊ အတ်ဝတ်လို ပုဂ္ဂိုလ်တွေနဲ့ တွဲဘက် လုပ်ကိုင်နေရတာပါ။

ဂျွန်ဟင်နရီက ” ယာဂင်ကလော့ပ်က ကြီးမားတဲ့ နှလုံးသားကောင်း ရှိသူပါ။ သူ့ရဲ့ စိတ်အားသက်ကြွမှုက ကျနေ်ာတို့အပေါ် နေ့စဉ်တိုင်းမှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက နေ့တိုင်းမှာ သူ ဘယ်လို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်မလဲဖြစ်ပါတယ်။ ကွင်းထဲမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်မလဲနဲ့ ကလပ် ရှင်သန်ကြီးထွားလာစေဖို့တွေကို သူ ဆုံးဖြတ်ပေးတယ်။

သူက နေ့တိုင်းမှာ မိုက် ဂေါ်ဒန်၊ မိုင်ကယ် အတ်ဝတ်တို့နဲ့ ဆွေးနွေးပြီး အလုပ်တွေ လုပ်နေတယ်။ ဒီလူနှစ်ဦးက ကျနော် မြင်ဖူးသမျှတွေထဲမှာ ကျင့်ဝတ်အကောင်းဆုံး ပုဂ္ဂိုလ်နှစ်ဦးလည်း ဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့ ဒီလို ပုဂ္ဂိုလ်တွေနဲ့ နေ့ရက်တိုင်းမှာ အတူတကွ လုပ်ဆောင်မှုတွေအတွင်း ပါဝင်ရတာက အံ့မခန်းပါပဲ။

ယာဂင်ကလော့ပ်၊ မိုက်၊ မိုင်ကယ်၊ တွမ်တို့လို ပုဂ္ဂိုလ်တွေလို အံ့မခန်းတဲ့ အစုအဖွဲ့နဲ့အတူ အလုပ်လုပ်ရတာကလည်း သိပ်ကောင်းမွန်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပိုင္ရွင္ျဖစ္တဲ့ ဂၽြန္ဟင္နရီက ကလပ္ ဆုဖလားေတြ ေအာင္ျမင္လာမႈနဲ႔အတူ အနာဂတ္မွာ ဘယ္လို ေအာင္ျမင္မႈေတြ ထပ္ရေအာင္ လုပ္မလဲဆိုတာကို ေန႔စဥ္တိုင္းမွာ စဥ္းစားပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းဟာ အဂၤလန္ကလပ္ေတြထဲ အေအာင္ျမင္ဆံုးျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားမွတ္တမ္းကို ေနာက္တစ္ၾကိမ္ ထပ္တိုးႏုိင္ခဲ့သလို ကလပ္သမိုင္းမွာ ပထမဆံုးျဖစ္တဲ့ ကလပ္မ်ား ကမၻာဖလားကိုလည္း ေအာင္ျမင္ခဲ့တယ္။ ဒါ့အျပင္ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနရတဲ့ အမွတ္ေပးဖလားကိုလည္း တစ္ေက်ာ့ျပန္ ေအာင္ျမင္ခဲ့ပါတယ္။

လီဗာပူးပိုင္ရွင္အဖြဲ႔ FSG ရဲ႕ ဥကၠဌျဖစ္သူ ဂၽြန္ဟင္နရီက “ ေအာင္ျမင္မႈေတြနဲ႔ ယွဥ္တြဲျပီး ပါဝင္လာတာက အနာဂတ္အတြက္ စကားေျပာမႈေတြပါပဲ။ က်ေန္ာတို႔က အျမဲတမ္း မနက္ျဖန္ရဲ႕ ကိစၥေတြကို အေျခခံပါတယ္။ မနက္ျဖန္အေၾကာင္းေတြကို အျမဲတမ္း စဥ္းစားပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ က်ေန္ာတို႔က အဂၤလန္ရဲ႕ ခ်န္ပီယံျဖစ္ျပီး ဒီအေၾကာင္းပဲ စဥ္းစားမိပါတယ္ ” လို႔ ဆိုပါတယ္။

ျဗိတိန္ကေန လီဗာပူးအသင္းကို အလံုးစံု ခ်ဳပ္ကိုင္မႈေတြအတြက္ အုပ္ခ်ဳပ္ေရးအဖြဲ႔က သီးသန္႔ ရွိပါတယ္။ ဒီအဖြဲ႔ေတြက ကေလာ့ပ္၊ အတ္ဝတ္လို ပုဂၢိဳလ္ေတြနဲ႔ တြဲဘက္ လုပ္ကိုင္ေနရတာပါ။

ဂၽြန္ဟင္နရီက ” ယာဂင္ကေလာ့ပ္က ၾကီးမားတဲ့ ႏွလံုးသားေကာင္း ရွိသူပါ။ သူ႔ရဲ႕ စိတ္အားသက္ၾကြမႈက က်ေန္ာတို႔အေပၚ ေန႔စဥ္တိုင္းမွာ သက္ေရာက္မႈ ရွိေနပါတယ္။ ဒါေပမယ့္ အေရးၾကီးဆံုးက ေန႔တိုင္းမွာ သူ ဘယ္လို မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ခ်မွတ္မလဲျဖစ္ပါတယ္။ ကြင္းထဲမွာ ဘယ္လိုရလဒ္ေတြ ထြက္ေပၚမလဲနဲ႔ ကလပ္ ရွင္သန္ၾကီးထြားလာေစဖို႔ေတြကို သူ ဆံုးျဖတ္ေပးတယ္။

သူက ေန႔တိုင္းမွာ မိုက္ ေဂၚဒန္၊ မိုင္ကယ္ အတ္ဝတ္တို႔နဲ႔ ေဆြးေႏြးျပီး အလုပ္ေတြ လုပ္ေနတယ္။ ဒီလူႏွစ္ဦးက က်ေနာ္ ျမင္ဖူးသမွ်ေတြထဲမွာ က်င့္ဝတ္အေကာင္းဆံုး ပုဂၢိဳလ္ႏွစ္ဦးလည္း ျဖစ္ပါတယ္။ အရည္အခ်င္းရွိတဲ့ ဒီလို ပုဂၢိဳလ္ေတြနဲ႔ ေန႔ရက္တိုင္းမွာ အတူတကြ လုပ္ေဆာင္မႈေတြအတြင္း ပါဝင္ရတာက အံ့မခန္းပါပဲ။

ယာဂင္ကေလာ့ပ္၊ မိုက္၊ မိုင္ကယ္၊ တြမ္တို႔လို ပုဂၢိဳလ္ေတြလို အံ့မခန္းတဲ့ အစုအဖြဲ႔နဲ႔အတူ အလုပ္လုပ္ရတာကလည္း သိပ္ေကာင္းမြန္ပါတယ္ ” လို႔ ဆိုခ့ဲတာျဖစ္ပါတယ္။