နာမည်ကျော် အားကစားသတင်းထောက် Fabrizio Romano က အယ်ကန်တာရာက လီဗာပူးထံ ပြောင်းလိုပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

သူကပဲ ကစားသမားက ဒီအပြောင်းအရွှေ့ ဖြစ်လိုပေမယ့် ချန်ပီယံလိဂ် မပြီးသေးတာကြောင့် တရားဝင် ချိတ်ဆက်မှုတွေ ရှိလာဦးမယ် မထင်ဘူးလို့ဆိုတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဥရောပပြိုင်ပွဲမှာ ကစားသမား ဒဏ်ရာရခဲ့ရင် သူ့အသက်အရွယ်အရ အသင်းပြောင်းဖို့ဟာ ထိခိုက်မှု ကြီးနိုင်ပါတယ်။

ဒါပေမယ့်လို့ အယ်ကန်တာရာကို စိတ်ဝင်စားနေတဲ့ အသင်းက အခုချိန်ထိ လီဗာပူးတစ်သင်းပဲ ရှိပါတယ်လို့ သူက အခိုင်အမာ ပြောပါတယ်။

Romano က ” ဒီအခြေအနေမှာတော့ ကစားသမားက လီဗာပူးကို ပြောင်းရတာကို သဘောကျပါလိမ့်မယ်။ ဒါတော့ သေချာပါတယ် ” ဆိုပြီး အယ်ကန်တာရာ လီဗာပူးကို ပြောင်းလိုစိတ်ရှိမယ့်အကြောင်း ထုတ်ပြောခဲ့တယ်။

သူကပဲ ” အယ်ကန်တာရာက တစ်စုံတစ်ခုသော အပြောင်းအလဲကို လိုချင်နေပါတယ်၊ သူ ပရီးမီးယားလိဂ်ကို သွားလိုတယ်။ ဘိုင်ယန်ရဲ့ စာချုပ်သစ်ကို ငြင်းဆန်ခဲ့ပြီး သူက ပရီးမီးယားလိဂ် ကလပ်တစ်သင်းကို ပြောင်းလိုတယ်။

ဒီအခြေအနေမှာ ယူနိုက်တက်နဲ့ အခြားသော အသင်းတွေက သူ့ကို ချိတ်ဆက်နေကြောင်း ဘာသတင်းမှ ကျနော် မကြားထားဘူး၊ ကြားထားတဲ့ တစ်သင်းတည်းသော ကလပ်က လီဗာပူးပါပဲ။ အယ်ကန်တာရာက လီဗာပူးကို ပြောင်းရတာကို နှစ်သက်လိမ့်မယ်၊ သူက ယာဂင်ကလော့ပ် လက်အောက်မှာ ကစားရတာကို နှစ်သက်ပါလိမ့်မယ်။

ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ကိုလည်း သူ မျှော်လင့်နေတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ ဘိုင်ယန်နဲ့ တရားဝင် စကားပြောတဲ့ ကလပ်ရယ်လို့ မရှိသေးပါဘူး။ သီယေဂိုအတွက် ဘယ်လို ကမ်းလှမ်းမှုမှ မရသေးပါဘူး။ ဒါကလည်း ပုံမှန်အခြေအနေပါ။ အခုမှ သြဂတ်လပဲ ရှိပါသေးတယ်။ ချန်ပီယံလိဂ်ကလည်း ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာကြောင့်ပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

နာမည္ေက်ာ္ အားကစားသတင္းေထာက္ Fabrizio Romano က အယ္ကန္တာရာက လီဗာပူးထံ ေျပာင္းလိုျပီး အေျပာင္းအေရႊ႔ ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဆိုပါတယ္။

သူကပဲ ကစားသမားက ဒီအေျပာင္းအေရႊ႔ ျဖစ္လိုေပမယ့္ ခ်န္ပီယံလိဂ္ မျပီးေသးတာေၾကာင့္ တရားဝင္ ခ်ိတ္ဆက္မႈေတြ ရွိလာဦးမယ္ မထင္ဘူးလို႔ဆိုတယ္။ ျပိဳင္ဆုိင္မႈ ျပင္းထန္တဲ့ ဥေရာပျပိဳင္ပြဲမွာ ကစားသမား ဒဏ္ရာရခဲ့ရင္ သူ႔အသက္အရြယ္အရ အသင္းေျပာင္းဖို႔ဟာ ထိခိုက္မႈ ၾကီးႏုိင္ပါတယ္။

ဒါေပမယ့္လို႔ အယ္ကန္တာရာကို စိတ္ဝင္စားေနတဲ့ အသင္းက အခုခ်ိန္ထိ လီဗာပူးတစ္သင္းပဲ ရွိပါတယ္လို႔ သူက အခိုင္အမာ ေျပာပါတယ္။

Romano က ” ဒီအေျခအေနမွာေတာ့ ကစားသမားက လီဗာပူးကို ေျပာင္းရတာကို သေဘာက်ပါလိမ့္မယ္။ ဒါေတာ့ ေသခ်ာပါတယ္ ” ဆိုျပီး အယ္ကန္တာရာ လီဗာပူးကို ေျပာင္းလိုစိတ္ရွိမယ့္အေၾကာင္း ထုတ္ေျပာခဲ့တယ္။

သူကပဲ ” အယ္ကန္တာရာက တစ္စံုတစ္ခုေသာ အေျပာင္းအလဲကို လိုခ်င္ေနပါတယ္၊ သူ ပရီးမီးယားလိဂ္ကို သြားလိုတယ္။ ဘိုင္ယန္ရဲ႕ စာခ်ဳပ္သစ္ကို ျငင္းဆန္ခဲ့ျပီး သူက ပရီးမီးယားလိဂ္ ကလပ္တစ္သင္းကို ေျပာင္းလိုတယ္။

ဒီအေျခအေနမွာ ယူႏုိုက္တက္နဲ႔ အျခားေသာ အသင္းေတြက သူ႔ကို ခ်ိတ္ဆက္ေနေၾကာင္း ဘာသတင္းမွ က်ေနာ္ မၾကားထားဘူး၊ ၾကားထားတဲ့ တစ္သင္းတည္းေသာ ကလပ္က လီဗာပူးပါပဲ။ အယ္ကန္တာရာက လီဗာပူးကို ေျပာင္းရတာကို ႏွစ္သက္လိမ့္မယ္၊ သူက ယာဂင္ကေလာ့ပ္ လက္ေအာက္မွာ ကစားရတာကို ႏွစ္သက္ပါလိမ့္မယ္။

ဒီအေျပာင္းအေရႊ႔ ျဖစ္လာဖို႔ကိုလည္း သူ ေမွ်ာ္လင့္ေနတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာ ဘိုင္ယန္နဲ႔ တရားဝင္ စကားေျပာတဲ့ ကလပ္ရယ္လို႔ မရွိေသးပါဘူး။ သီေယဂိုအတြက္ ဘယ္လို ကမ္းလွမ္းမႈမွ မရေသးပါဘူး။ ဒါကလည္း ပံုမွန္အေျခအေနပါ။ အခုမွ ၾသဂတ္လပဲ ရွိပါေသးတယ္။ ခ်န္ပီယံလိဂ္ကလည္း ယွဥ္ျပိဳင္ရဖို႔ ရွိေနေသးတာေၾကာင့္ပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။